၁။ ကချင်ပြည်နယ်တွင် ၂ဝ၁၁ခုနှစ် ဇွန်လမှစ၍ လက်နက်ကိုင်ပဋိပက္ခကြောင့် ရပ်ရွာ စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအား ကချင်ပြည်နယ်အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် လူမှုရေးထောက်ပံ့ကူညီပေးထားသော စခန်းများနှင့် နယ်မြေအခြေအနေကို သိရှိ နိုင်ရန်နှင့် အကူအညီပေးရန် လိုအပ်မှုအခြေအနေ သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် လေးဦးသည် (၈-၁၂-၂ဝ၁၁) မှ ( ၁ဝ- ၁၂- ၂ဝ၁၁)အထိ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပါသည်။
၂။ ယင်းအဖွဲ့သည် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်မြို့နယ်များသို့ သွားရောက်ကာ သက်ဆိုင် ရာတာဝန်ရှိသူများအပြင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း များနှင့် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ သက်ဆိုင်ရာကာယကံရှင်များနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။ ရပ်ရွာစွန့်ခွာတိမ်းရှောင်လာသူ (၁၄၁၁၃)ဦးအား ကချင်ပြည်နယ်တွင်းရှိ မြို့နယ် (၁၁)မြို့နယ်၏ စခန်းပေါင်း(၅၉)ခု၌ ပြည်နယ်အစိုးရ၏အစီအစဉ် ဖြင့်စောင့်ရှောက်ထားကြောင်း သိရှိရပါသည်။ မြို့နယ် (၁ဝ)ခုမှာ ကျောင်းသားပေါင်း(၇၈၇၂)ဦး ပညာသင်ကြားနေသည့်စာသင််ကျောင်းပေါင်း (၅၁)ကျောင်းကို ပိတ်ထားခဲ့ရရာ ယင်းကျောင်း သားများအနက် စခန်းများသို့ရောက်လာကြသော ကျောင်းသူကျောင်းသားမှန်သမျှကို ပညာ ဆက်လက်သင်ယူနိုင်ရန် ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်ပေးနေကြောင်း တွေ့ရှိရပါသည်။ ပညာသင်ယူနေသူ ကျောင်းသူကျောင်းသားဦးရေမှာ (၃၁၅၁)ဦးဖြစ်ပါသည်။
၃။ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စနစ်တကျညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် အစိုးရဌာနများ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများအပါအဝင်၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ လူမှု ရေးအထောက်အပံ့ပစ္စည်းများကို ခွဲဝေပေးနိုင်သဖြင့် စခန်းရှိပြည်သူများ၏ နိစ္စဓူဝအခြေခံလိုအပ် ချက်များဖြည့်ဆည်းနိုင်သည်ကို တွေ့ရသော်လည်း ဆောင်းရာသီရောက်လာသဖြင့် အအေးဒဏ် ကာကွယ်နိုင်ရန်စောင်နှင့်အနွေးထည်များ လိုအပ်မှုရှိနေသေးသည်ကိုတွေ့ရပါသည်။ ယာယီတဲ တန်းလျားများတွင် အိမ်ထောင်စုများအတူ ရြွောပမ်းနေထိုင်ရသဖြင့် အထူးသဖြင့် ကလေးငယ်ရှိ သော မိသားစုများအခက်အခဲကြုံတွေ့လျက်ရှိနေကြပါသည်။ တစ်ဦးချင်းမေးမြန်းချက်အရ သိရှိရ သည်မှာ အားလုံးလိုလို မိမိတို့အရပ်ဒေသသို့ပြန်လိုကြသည်ကိုတွေ့ရှိပါသည်။ အထူးသဖြင့် ကလေးများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရရှိကြပြီး သက်ကြီးပိုင်းတွင်လည်း မိမိကိုယ်ကိုမိမိယုံကြည် မှုလျော့နည်းလာပြီး လုံခြုံမှုမရှိသည့်ခံစားချက်များ ရှိနေကြကြောင်းကို သိရှိရပါသည်။
၄။ ထို့အပြင် လိုင်ဇာဘက်ခြမ်းတွင်ရောက်ရှိနေသော ရပ်ရွာစွန့်ခွာတိမ်းရှောင်နေသူများ အတွက် ကချင်ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် လူမှုရေးအသင်း အဖွဲ့များမှလှူဒါန်းသော လူမှုအထောက်အထားပစ္စည်းများ ဗန်းမော်မြို့မှလိုင်ဇာဘက်သို့ပို့ နိုင်ရေးအတွက် ကော်မရှင်မှသက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူမှုရေးအကူအညီများ ပေးအပ်ရေးကိစ္စ တွင် အလားတူတစ်တပ်တစ်အား ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
၅။ ကော်မရှင်မှ အောက်ပါအတိုင်းသုံးသပ်အကြံပြုအပ်ပါသည်-
(က) ကချင်ပြည်နယ်အစိုးရအနေဖြင့် ရပ်ရွာစွန့်ခွာတိမ်းရှောင်လာသော ပြည်သူများ အနက် လက်လှမ်းမီသောဒေသများရှိ ပြည်သူ(၁၄ဝဝဝ)ကျော်၏ အခြေခံလို အပ်ချက်များရရှိအောင် ကောင်းစွာကူညီစောင့်ရှောက်ထားခြင်းအားဖြင့် ကော်မရှင်ကအသိအမှတ်ပြုပါသည်။
(ခ) ပြည်နယ်အစိုးရသည် အစိုးရဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပရဟိတအဖွဲ့အစည်းများ၏ ကူ ညီထောက်ပံ့မှုများကို စနစ်တကျစီမံခန့်ခွဲ၍ ထိရောက်မှုရှိရေး၊ လေလွင့်ဆုံးရှုံးမှု မရှိရေးတို့အား အလေးအနက်တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လည်း ကော်မရှင်အနေဖြင့် နှစ်ထောင်းအားရဖြစ်မိပါသည်။
(ဂ) တိမ်းရှောင်ရောက်ရှိလာသော မိသားစုဝင်များ၏ အခြေခံပညာသင်ယူနေ သည့်ကလေးငယ်များအားလုံး ၎င်းတို့သင်ယူနေဆဲ အခြေခံပညာအတန်းများ တွင် ပညာဆက်လက်သင်ယူနိုင်ရန် ဆောင်ရွက်ပေးမှုကိုလည်း လေ့လာသိရှိ ခွင့်ရရှိခဲ့ပြီး ကြည်နူးဝမ်းမြောက်စွာခံစားမိပါသည်။
(ဃ) ယင်းသို့ ရောက်ရှိလာသောမိသားစုများ၏ အခြေခံကျန်းမာရေးကို စောင့် ရှောက်ပေးရုံသာမက ဆေးရုံတက်ရောက်ကုသနေသော မကျန်းမာသူများ၊ မြေမြှုပ်မိုင်းထိမှန်သူအပါအဝင် ဒဏ်ရာရသူများ၊ စုစုပေါင်း (၁၇၇)ယောက် အား အသေအပျောက်မရှိ အခမဲ့စောင့်ရှောက်ကုသပေးနိုင်ခဲ့ခြင်းကို အသိ အမှတ်ပြုမှတ်တမ်းတင်အပ်ပါသည်။ အပြစ်မဲ့ပြည်သူများကို ထိခိုက်အနာတရ ဖြစ်စေသော မြေမြှုပ်မိုင်းအသုံးပြုမှုကို ရှောင်ရှားကြရန်လည်း တိုက်တွန်းအပ် ပါသည်။
(င) ၎င်းဒေသအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားသော ဇွန်လ(၉)ရက်နေ့မှ ဒီဇင်ဘာ လ(၉)ရက်နေ့အထိ ရပ်ရွာစွန့်ခွာတိမ်းရှောင်လာသူ မိသားစုများအတွက် ၄။ ထို့အပြင် လိုင်ဇာဘက်ခြမ်းတွင်ရောက်ရှိနေသော ရပ်ရွာစွန့်ခွာတိမ်းရှောင်နေသူများ အတွက် ကချင်ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် လူမှုရေးအသင်း အဖွဲ့များမှလှူဒါန်းသော လူမှုအထောက်အထားပစ္စည်းများ ဗန်းမော်မြို့မှလိုင်ဇာဘက်သို့ပို့ နိုင်ရေးအတွက် ကော်မရှင်မှသက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူမှုရေးအကူအညီများ ပေးအပ်ရေးကိစ္စ တွင် အလားတူတစ်တပ်တစ်အား ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

(င) ၎င်းဒေသအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားသော ဇွန်လ(၉)ရက်နေ့မှ ဒီဇင်ဘာ လ(၉)ရက်နေ့အထိ ရပ်ရွာစွန့်ခွာတိမ်းရှောင်လာသူ မိသားစုများအတွက် ဒေသဆိုင်ရာဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များမှ လှူဒါန်း သည့်ပစ္စည်းများအပြင် အစိုးရဌာနများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပရဟိတအဖွဲ့အစည်းများမှ လှူဒါန်းငွေပစ္စည်းတန်ဖိုး ကျပ် (၁၄ဝ၇.၈၇)သန်းကျော်ရှိပါသည်။ ကော်မရှင်မှ ၎င်းအဖွဲ့အစည်းများ၏လှူ ဒါန်းကူညီမှုအား အသိအမှတ်ပြုပါသည်။ လှူဒါန်းမှုမပြုရသေးသည့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကြီးများမှလည်း ပါဝင်လှူဒါန်းသင့်ကြောင်း တိုက်တွန်းပါ သည်။
(စ) အထက်ဖော်ပြပါ ရပ်ရွာစွန့်ခွာတိမ်းရှောင်လာသော ပြည်သူ(၁၄ဝဝဝ)ကျော် နှင့် လိုင်ဇာနှင့်တရုတ်-မြန်မာ နယ်စပ်အနီးရှိ မိုင်ဂျန်ယန်ရွာတို့တွင်လည်း ရပ်ရွာ စွန့်ခွာတိမ်းရှောင်သူများ၊ မိမိတို့ရပ်ရွာ၊ အိုးအိမ်၊ လယ်ယာမြေစိုက်ခင်းများ၊ ကျွဲ၊ နွားတိရိစ္ဆာန်များ၊ အခြားပိုင်ဆိုင်မှုများကို စွန့်ခွာခဲ့ကြရသည်ဖြစ်၍ ၎င်းတို့ တွင် လူမှုရေး၊ စီးပွားရေး၊ စိတ်ဓာတ်ရေးရာများစွာ ထိခိုက်ခံစားနေကြရမည်ဟု ယုံကြည်ပါသည်။ သို့ပါ၍ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဒေသတွင်းလုံခြုံ မှု ပြန်လည်ရရှိရေးကြိုးပမ်းပေးကြပါရန် ကော်မရှင်အနေဖြင့် မေတ္တာရပ်ခံတိုက် တွန်းပါသည်။
(ဆ) ကော််မရှင်အဖွဲ့ဝင်များသည် (၉-၁၂-၂ဝ၁၁)ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား အကျဉ်းထောင်သို့သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ အကျဉ်းထောင် အတွင်းရှိ အဆောင်တိုင်းသို့သွားရောက်၍ အကျဉ်းသားများနှင့်တွေ့ဆုံခဲ့ကြပါ သည်။ အကျဉ်းသားများ၏ကျန်းမာရေး၊ စားသောက်ရေးနှင့် အကျဉ်းထောင် သန့်ရှင်းရေးအခြေအနေများကောင်းမွန်သည်ဟု ယူဆရပါသည်။ နေ့စဉ်ရုပ်မြင် သံကြားကြည့်ရှုခွင့်ရရှိပြီး စာကြည့်တိုက်မှစာပေဖတ်ရှုခွင့်ရရှိနေကြောင်းတွေ့ ရှိရပါသည်။ တစ်ဖက်တွင်လည်း အကျဉ်းထောင်တွင် သတ်မှတ်ထားသော အကျဉ်းသားအရေအတွက်ထက် အကျဉ်းသားဦးရေများပြားလျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ပါ၍ ယခုကိစ္စကို အတတ်နိုင်ဆုံးဆောလျင်စွာဖြေရှင်းသင့် ပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်နေသော ဘာသာရေးအစီအစဉ်အပြင် ဘာသာတိုင်းအတွက် ဘာသာတရားဟောပွဲများပြုလုပ်ပေးသင့်ကြောင်း ကော်မရှင်မှအကြံပြုအပ်ပါသည်။
(ဇ) ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးရရှိရေးအတွက် နှစ်ဦးနှစ်ဘက်ကြိုးပမ်းမှုများ၊ ကြိုးပမ်းနေဆဲလုပ်ငန်းများကိုလည်း သိရှိခွင့်ရရှိခဲ့ပါသည်။ လက်နက်ကိုင်တိုက်ခိုက်မှုများရပ်တန့်၍ ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ရန်အတွက် ကော်မရှင်က အလေးအနက်ထားအကြံပြုတိုက်တွန်းအပ်ပါသည်။ လတ်တလောကြားသိရ သောသတင်းများအရ နိုင်ငံတော်သမ္မတမှ တပ်မတော်အား ကချင်ပြည်နယ် တွင်ရှိသော မိမိတပ်များအနေဖြင့် ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ှုုဗတပ်စခန်းများအား ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများမပြုလုပ်ရန် ညွှန်ကြားကြောင်းသိရှိရပါသဖြင့် ကော်မရှင်မှ လှိုက်လှဲစွာထောက်ခံကြိုဆိုအပ် ပါသည်။ တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများမှလည်း အလားတူလိုက်နာ ဆောင်ရွက်ရန် အလေးအနက်တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာ (၁၃)ရက်