ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (မြန်မာဘာသာပြန်) ထုတ်ဝေဖြန့်ချိသည့် အခမ်းအနားကျင်းပ

DSC01425

2013-06-19 11.42.24-1

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေး နှင့် ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့ ကုသမဂ္ဂမှထုတ်ဝေသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထားသော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights ) ကို မြန်မာဘာသာသို့ပြန်ဆိုပြီး အဆိုပါကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (အင်္ဂလိပ်/ မြန်မာ) နှစ်ဘာသာကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် စတင်ဖြန့်ချိသည့် မိတ်ဆက်ပွဲ အခမ်းအနားကို (၁၈-၆-၂၀၁၃) ရက်နေ့ နံနက်(၁၀)နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၌ ကျင်းပ သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြက အမှာစကား ပြောကြားပြီး တက်ရောက် လာသူများအား (Universal Declaration of Human Rights) (မြန်မာဘာသာပြန်) စာအုပ်များဖြန့်ဝေပေးအပ်သည်။

အဆိုပါဘာသာပြန်ထားသော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ဝန်ကြီးဌာနများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းအစိုးရ အဖွဲ့များ သို့လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေ ထားသည်။

အခမ်းအနားသို့သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှကိုယ်စားလှယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ စုံစုံလင်လင် တက်ရောက်ခဲ့ ကြသည်။

MNHRC မှ မန္တလေး ဗဟိုအကျဉ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

–         ကမ္ဘာ့ကုလသမဂ္ဂပြဌာန်းချက်များနှင့် နိုင်ငံတကာစံနှုန်းများအရ နိုင်ငံအသီးသီးရှိ လူ့အခွင့်အရေးဆိုင်ရာကော်မရှင်များသည် အကျဉ်းထောင်နှင့် အကျဉ်းစခန်းများရှိ လူ့အခွင့်အရေး အခြေအနေ များအား ကြည့်ရှုစစ်ဆေးရန်နှင့် အကြံပြုတိုက်တွန်းရန် တာဝန်ရှိပါသည်။

–      MNHRC မှ အတွင်းရေးမှူး ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်နှင့် လူ့အခွင့် အရေးအရာရှိ (၁) ဦးပါ အဖွဲ့သည် မန္တလေး ဗဟိုအကျဉ်းထောင်အား (၃-၄-၂၀၁၃) ရက်နေ့တွင် လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ် ထုံးဘိုရွာအနီး (မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး) ရှိ အကျဉ်း ဦးစီးဌာန ကျောက်ထုတ်လုပ်ရေးစခန်း(၃) ခုအား (၄-၄-၂၀၁၃) ရက်နေ့တွင် လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

–         အကျဉ်းထောင်နှင့်ကျောက်ထုတ်လုပ်ရေးစခန်းများမှ တာဝန်ရှိသူများက အကျဉ်းသားအရေ အတွက်နှင့်အခြေအနေ၊ နေထိုင်ရေး၊ စားသောက်ရေး အခြေအနေ၊ ကျန်းမာရေးနှင့် သက်မွေး ပညာသင်တန်းပြုလုပ်မှု အခြေအနေ၊ ကျောက်ထုတ်လုပ်မှု အခြေအနေ၊ ရဲဘက်များ လုပ်အားခရရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

–         စစ်ဆေးလေ့လာတွေ့ရှိချက်များအရ အဆောင်နှင့်အကျဉ်းသားအရေအတွက် မျှတမှုရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်နိုင်သမျှဆောင်ရွက်ပေးလျှက်ရှိသည်။ ထမင်းမှာ အဝစားစနစ် ဖြစ်သည်။ သောက်ရေသန့် အလုံအလောက်ရရှိသည်။ အကျဉ်းသားများအပေါ် အကျဉ်းဦးစီး ဝန်ထမ်းများမှ ကောင်းမွန်စွာဆက်ဆံမှုရှိကြောင်း သီးခြားတွေ့ဆုံသော အကျဉ်းသားများ၏ ပြောပြချက်အရ သိရှိရသည်။

–         အကျဉ်းဦးစီးတာဝန်ရှိသူများအားအောက်ပါ အချက်များ အကြံပြုတိုက်တွန်းခဲ့ပါသည်။

–     အမျိုးသမီးဆောင်လေဝင်လေထွက်ကောင်းစေရန်၊

–     ထောင်ဝတ်စုံများယခုထက်ပိုမိုဖြန့်ဝေပေးရန်၊

–      ဘာသာအသီးသီးအလိုက် ဝတ်ပြုဆုတောင်းရန်နေရာများ သတ်သတ်မှတ်မှတ် စီစဉ်ပေးရန်၊

–      အကျဉ်းသူအမျိုးသမီးများနှင့် အတူပါလာသောကလေးငယ်များအတွက် မူကြိုပညာရေး

လေ့လာသင်ယူမှုများဆောင်ရွက်ပေးမှုအား အသိအမှတ်ပြုသည်။

–         ကျောက်ထုတ်လုပ်အားခများအပြည့်အဝရရှိကြောင်း သီးခြားတွေ့ဆုံမေးမြန်းသော ရဲဘက်များ၏ ထွက်ဆိုချက်အရ သိရပါသည်။ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး အစီအစဉ်များ ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။

–         အကျဉ်းထောင်အတွင်းစည်းကမ်းများ၊ ဘာသာရေးဆောင်ရွက်ချက်များ၊ အားကစားလှုပ်ရှားမှုများ၊ သင်တန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပြစ်ဒဏ် ပေးမှုများ စသည်တို့သည် အကျင့်စာရိတ္တနှင့် စိတ်ဓါတ်ရေးရာပြုပြင်သည့် အနှစ်သာရဖြစ်သင့်ကြောင်း အကြံပြုခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးညွန့်ဆွေ ဗန်ကောက်မြို့၌ ကျင်းပသည့် လူ့အခွင့်အရေး အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်ခြင်း

   အာဆီယံလူ့အခွင့်အရေးယန္တရားဆိုင်ရာလုပ်ငန်းအဖွဲ့၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်မှ ၁၁ရက် အထိကျင်းပခဲ့သည့် “ အာဆီယံလူ့အခွင့် အရေးယန္တရားအတွက် စိန်ခေါ်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ” အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးညွန့်ဆွေ ပါဝင် တက်ရောက်ခဲ့သည်။

         အဆိုပါအလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လက်ရှိ အာဆီယံလူ့အခွင့် အရေးယန္တရား တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြန်လည်သုံးသပ်ရာတွင် အခြေခံလုပ်ငန်းများ ကြိုတင်ပြင်ဆင်ရေးအတွက် ဆွေးနွေးရန်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ လူ့အခွင့်အရေးနှင့် စပ်လျှဉ်းသည့် အာဆီယံ အစိုးရချင်း ဆိုင်ရာကော်မရှင်ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့်ကလေး သူငယ်များ အခွင့်အရေး မြှင့်တင်ကာကွယ်ရေးဆိုင်ရာအာဆီယံကော်မရှင် ကိုယ်စားလှယ်များ၊ ရွှေ့ပြောင်း လုပ်သားဆိုင်ရာအာဆီယံကော်မတီမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာနှင့်အမျိုးသားဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြသည်။

   အလုပ်ရုံဆွေးနွေးပွဲကို ဆွေးနွေးပွဲခေါင်းစဉ်(၆) ရပ် ခွဲ၍ကျင်းပခဲ့ရာ ဆွေးနွေးပွဲအမှတ်စဉ်(၂) “အာဆီယံအတွက်အရေးကြီးသော လူ့အခွင့်အရေးကိစ္စရပ်များ”တွင်  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးညွန့်ဆွေဆွေးနွေးပွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

MNHRC မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပသည့် People to People Dialogue သို့ တက်ရောက်ခြင်း

လက်ဝဲမှလက်ယာသို့ - ကောင်စစ်ဝန်ချုပ်ဦးမြင့်ထွန်း၊ ဦးစစ်မြိုင် (အတွင်းရေးမှူး)၊ သံရုံးဝန်ထမ်း ဦးထွန်ဖေ
လက်ဝဲမှလက်ယာသို့ – ကောင်စစ်ဝန်ချုပ်ဦးမြင့်ထွန်း၊ ဦးစစ်မြိုင် (အတွင်းရေးမှူး)၊ သံရုံးဝန်ထမ်း ဦးထွန်းဖေ

အဆိုပါ အစည်းအဝေးမှာ  “ China-Southeast Asia High Level People to People Dialogue” ဖြစ်သည်။ နန်နင်းမြို့ (Naning) တွင် ဇွန်လ(၂) ရက်နေ့မှ (၄) ရက်နေ့အထိကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲ၏ ဦးတည်ချက်မှာ – “Peace for Development and Cooperation for Win – Win Common Dream and Aspiration of the Peoples” ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ပြည်သူလူထု အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှု မှတစ်ဆင့် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ တည်ဆောက်ရန်ဖြစ်သည်။ ၎င်းဆွေးနွေးပွဲသို့ ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် တက်ရောက်ခဲ့ပြီး ကော်မရှင်ဖွဲ့စည်းမှုနှင့် ဆောင်ရွက်ချက်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆွေးနွေးပွဲအား “ China NGOs Network for International Exchanges” (CNIE) မှ တာဝန်ယူကျင်းပပြုလုပ်ပါသည်။ အရှေ့တောင်အာရှ (၆)နိုင်ငံမှ (၁၆)ဦး တက်ရောက်ပြီး အခြား ပြည်တွင်း၊ ပြည်ပ ဖိတ်ကြားသူ(၅၀၀) ခန့်တက်ရောက်ကြပါသည်။