မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဧရာဝတီတိုင်းဒေသကြီး ခရီးစဉ်အတွင်း လူ့အခွင့်အရေးဆိုင်ရာ ရှင်းလင်းဆွေးနွေး ပွဲများ ပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့တစ်ဖွဲ့သည် (၆-၁-၂၀၁၄) ရက်နေ့မှ (၈-၁-၂၀၁၄) ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နှင့် ကျောင်းကုန်းမြို့၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နှင့် မအူပင်ခရိုင် ပန်းတနော်မြို့များတွင် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မြို့ဖများ၊ အဖွဲ့အစည်းအသီးသီး မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဖွဲ့ဝင်များအဖြစ် ဦးစစ်မြိုင် အတွင်းရေးမှူးက အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် အဖွဲ့ဝင် ဦးတင်ညိုတို့မှ အဖွဲ့ဝင်များအဖြစ်လည်းကောင်း လိုက်ပါခဲ့ပါသည်။

အဆိုပါလူ့အခွင့်အရေးဆိုင်ရာ ရှင်းလင်းပွဲများတွင် ကော်မရှင်အဖွဲ့ဝင်များက အောက်ပါ အကြောင်းအရင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်-

(က)   လူ့အခွင့်အရေးဆိုင်ရာ အခြေခံအနှစ်သာရများ              ဦးစစ်မြိုင်( အတွင်းရေးမှူး)

(ခ)    ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပေါ်ပေါက်        ဦးခင်မောင်လေး(အဖွဲ့ဝင်)

          လာပုံနှင့် ကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များ

(ဂ)    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်            ဦးတင်ညို(အဖွဲ့ဝင်)

ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

လူ့အခွင့်အရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲများကို ၆-၁-၂၀၁၄ရက်နေ့ (၁၄:၀၀-၁၅:၃၀) နာရီက ပုသိမ်မြို့ မြို့တော်ခန်းမတွင်ကျင်းပခဲ့ပြီး ဆွေးနွေးပွဲကို ရပ်မိရပ်ဖ (၃၀၅) ဦး တက်ရောက်ခဲ့ကြပါသည်။ အလားတူ ၇-၁-၂၀၁၄ရက်နေ့ (၀၈:၃၀-၁၀:၀၀)နာရီတွင် မြောင်းမြမြို့ မြရွှေဝါခန်းမတွင် ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ရပ်မိရပ်ဖ (၂၄၆)ဦး တက်ရောက် ခဲ့ပါသည်။ ၇-၁-၂၀၁၄ရက်နေ့ (၁၄:၀၀-၁၆:၃၀)နာရီတွင် ကျောင်းကုန်းမြို့ မြို့နယ်ထွေအုပ် ခန်းမတွင် ကျင်းပခဲ့သောဆွေးနွေးပွဲသို့ ရပ်မိရပ်ဖ (၂၀၆)ဦး တက်ရောက်ခဲ့ကြပြီး နောက်ဆုံး ရက်ဖြစ်သော ၈-၁-၂၀၁၄ ရက်နေ့ (၀၈:၁၅-၁၀:၁၅)အချိန်က ပန်းတနော်မြို့ မြို့နယ်ထွေအုပ် ခန်းမတွင် ကျင်းပခဲ့ရာ ရပ်မိရပ်ဖ (၂၆၂)ဦး တက်ရောက်ခဲ့ပါသည်။

မြို့နယ်များရှိ ရပ်မိရပ်ဖများ၏ မေးမြန်းဆွေးနွေးချက်များကို အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့သည် (၈-၁-၂၀၁၄) ရက်နေ့ (၁၀:၃၀)အချိန်တွင် ပန်းတနော်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

လူ့အခွင့်အရေးဟောပြောပွဲ ကျင်းပခြင်း

DSC02756

လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် ဟောပြောပွဲကို မွန်ပြည်နယ်ရှိ သထုံမြို့၊ မော်လမြိုင်မြို့ နှင့် ကျိုက်မရောမြို့တို့တွင် လည်းကောင်း၊ ကရင်ပြည်နယ်ရှိ ဖားအံမြို့ တွင် လည်းကောင်း ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ဖြစ်သည့် ဦးညွှန့်ဆွေ၊ ဒေါက်တာဉာဏ်ဇော်နှင့် ဦးခွထီးယိုးတို့က ဟောပြောပို့ချကြပါသည်။

ဟောပြောပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များ၊ အစိုးရပိုင်းမှ ပုဂ္ဂိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် များ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ဟောပြောပွဲတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က တိုင်တန်းချက်များအပေါ် ကိုင်တွယ်ဆောင် ရွက်ပုံတို့နှင့် စပ်လျဉ်း၍ ဟောပြောကြပါသည်။

လူငယ်နှီးနှောဖလှယ်ပွဲတွင် လူ့အခွင့်အရေး အကြောင်း ဟောပြောဆွေးနွေးခြင်း

ဦးခွထီးယိုးမှ လူ့အခွင့်အရေးဘာသာ ရပနှင့်ပတ်သက်၍ဆွေးနွေးစဉ်
ဦးခွထီးယိုးမှ လူ့အခွင့်အရေးဘာသာ ရပ်နှင့်ပတ်သက်၍ဆွေးနွေးစဉ်

 

နှီးနှောဖလှယ်ပွဲသို့တက်ရောက်သည့်ဖလမ်းနွယ်ဖွား ချင်းလူငယ်ကိုယ်စားလှယ်များ
နှီးနှောဖလှယ်ပွဲသို့တက်ရောက်သည့်ဖလမ်းနွယ်ဖွား ချင်းလူငယ်ကိုယ်စားလှယ်များ

 

     ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် (၂၈-၁၂-၂၀၁၃) ရက်နေ့မှ  (၂-၁-၂၀၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်သော ပထမအကြိမ် ဖလမ်းလူငယ်နှီးနှောဖလှယ်ပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးခွထီးယိုး မှ လူ့အခွင့်အရေးဘာသာ ရပ်နှင့်ပတ်သက်၍ (၁) ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း၊ (၂) အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များ၊ (၃) မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းနှင့် ကော်မရှင်၏ ဆောင်ရွက်ချက်များကို (၃၁-၁၂-၂၀၁၃)ရက်နေ့တွင် ဟောပြော ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မြန်မာဘာသာသို့ ပြန်ဆို ပုံနှိပ်ထားသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းစာအုပ်နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ပုံနှိပ်ထုတ်ဝေသည့် စာအုပ်စာတမ်းများကိုလည်း ဖြန့်ဝေနိုင် ခဲ့ပါသည်။ အဆိုပါလူငယ်နှီးနှောဖလှယ်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဖလမ်းနွယ်ဖွား ချင်းလူငယ်ကိုယ်စားလှယ် (၃၀၀)ကျော်တက်ရောက်ခဲ့ပါသည်။

 

 

လူ့အခွင့်အရေးဆိုင်ရာအသိပေး ဆွေးနွေးခြင်းကို မွန်ပြည်နယ် လွှတ်တော်ရုံးတွင်ဆောင်ရွက်ခြင်း

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မွန်ပြည်နယ် လွှတ်တော်ရုံး လွှတ်တော် အစည်းအဝေးခန်းမ၌ လူ့အခွင့်အရေးဆိုင်ရာ အသိပေးဆွေးနွေးပွဲ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော် က တက်ရောက်ဦးဆောင် ဆွေးနွေးပြီး မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေ နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ မော်လမြိုင် တက္ကသိုလ်မှဆရာ၊ ဆရာမများ၊ သတင်း သမားများ တက်ရောက်ဆွေးနွေးကြပါသည်။