နေပြည်တော် အမရာဟိုတယ်တွင် (၂၆-၈-၂၀၁၄ ) ရက်နေ့မှ (၂၇-၈-၂၀၁၄) ရက်နေ့အထိ Training Workshop on the International Convention on the Elimination of all forms of Racial Discrimination ကျင်းပပြီးစီးခြင်း

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wellenberg Institute (RWI) တို့ပူးပေါင်း၍ Training Workshop on the International Convention on the Elimination of all forms of Racial Discrimination (CERD) ကိုနေပြည်တော် အမရာဟိုတယ်၌ (၂၆-၈-၂၀၁၄ မှ ၂၇-၈-၂၀၁၄) ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပ ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် RWI မှ resource persons ဖြစ်သူ Professor Mr. Chris Maina Peter (Former Committee member of CERD, current member of the International Law Commission (ILC)နှင့် Mr. Peter Hosking (Former Proceedings Commissioner at the New Zealand Human Rights Commissions တို့မှ  ဦးဆောင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲ သို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်(၇)ဦး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်မှ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်၊ Myanmar Peace Center ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် လူမျိုးရေးခွဲခြားမှု ပုံသဏ္ဍာန် အားလုံး ပပျောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် CERD နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ CERDနှင့် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပါ အချက်အလက်များ နှိုင်းယှဉ်သုံးသပ်ခြင်း၊ CERD ၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ CERD လက်မှတ်ရေးထိုးရေးတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ စသည့်အကြောင်းအရာများကို အလေးထားဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံသင်တန်းကျင်းပ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကယားပြည်နယ်အစိုးရတို့ ပူးပေါင်း၍ ဆွီဒင်နိုင်ငံ Raoul Wallenberg Institute of Human Rights and Humanitarian Law (RWI) ၏ပံ့ပိုးမှုဖြင့် ကျင်းပသော “ကယားပြည်နယ်ရှိ အစိုးရ ဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံသင်တန်း” ဖွင့်ပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီတွင် လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝ န်ကြီးချုပ်ကိုယ်စား ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးဇော်မျိုးထင် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးညွန့်ဆွေ၊  ဦးခွထီးယိုနှင့် ဒေါက်တာဉာဏ်ဇော်တို့က လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေး အယူအဆနှင့် သမိုင်းကြောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်လာပုံနှင့် ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ တိုင်တန်းချက် လုပ်ထုံးလုပ်နည်းများနှင့် မြန်မာနိုင်ငံက အတည်ပြုချုပ်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်စာတမ်းများဖြစ်သော CRC, CEDAW, CRPD တို့တွင် ပြဋ္ဌာန်းပါရှိသည့် လူ့အခွင့်အရေးများ စသည့်ဘာသာရပ်များကို ပို့ချခဲ့ကြပြီး ကယားပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အစိုးရဌာနများမှ ဌာနဆိုင်ရာ အရာထမ်း စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကို သြဂုတ်လ (၁၈) ရက်နေ့မှ(၂၀) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။