အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်၊ ၁၃၂၅ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

(နေပြည်တော်၊ စက်တင်ဘာ၂၅)

          မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော UN Women တို့ ပူးတွဲ၍ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်၊ ၁၃၂၅ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hotel Amara ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ ဌနှင့် အဖွဲ့ဝင်များ၊ UN Women မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ လွှတ်တော်၊ ဝန်ကြီး ဌာနများနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) တို့မှ ဖိတ်ကြားထားသော တာဝန်ရှိသူများ စုစုပေါင်း(၃၈)ဦး တက်ရောက်ကြပါသည်။

          အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက အဖွင့်မိန့်ခွန်းပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကား ပြောကြားပါသည်။ ယင်းနောက် UN Women မှ Head of UN Women, Myanmar ဖြစ်သူ Dr Jean D Cunha က အမှာစကား ပြောကြားပါသည်။

        အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် မှ ၂၄ ရက် အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ကြေညာချက် (Outcome Statement) တစ်ရပ် ထုတ်ပြန်နိုင်ခဲ့ ပါသည်။

သတ္တုတွင်းဝန်ကြီးဌာနတွင် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်း

သတ္တုတွင်း ဝန်ကြီးဌာန

  • ကျင်းပသည့် နေ့ရက်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ရက်၊
  • ကျင်းပသည့်အချိန်။ ၁၃:၃၀ နာရီ မှ ၁၆:၀၀ နာရီ အထိ၊

ဆွေးနွေးဟောပြောသည့်ပုဂ္ဂိုလ်များ

  • ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်
  • ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်

ဆွေးနွေးဟောပြောသည့် ဘာသာရပ်များ

  • လူ့အခွင့်အရေးသမိုင်းကြောင်းနှင့် အခြေခံသဘောတရားများ၊
  • မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊
  • မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ၊

တက်ရောက်သည့် ပုဂ္ဂိုလ်များ

  • သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်အောင်နှင့်အဆင့်မြင့် အရာရှိကြီးများ အပါအဝင် အရာထမ်း၊ အမှုထမ်း (၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်း နယ်စပ်ရေးရာဝန်ကြီးဌာန

  • ကျင်းပသည့် နေ့ရက်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ရက်၊
  • ကျင်းပသည့်အချိန်။ ၀၉:၃၀ နာရီ မှ ၁၂:၀၀ နာရီ အထိ၊

ဆွေးနွေးဟောပြောသည့်ပုဂ္ဂိုလ်များ

  • ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်
  • ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်

ဆွေးနွေးဟောပြောသည့် ဘာသာရပ်များ

  • လူ့အခွင့်အရေးသမိုင်းကြောင်းနှင့် အခြေခံသဘောတရားများ၊
  • မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊
  • မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ၊

တက်ရောက်သည့် ပုဂ္ဂိုလ်များ

  • နယ်စပ်ရေးရာဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ အပါအဝင် အရာထမ်း၊ အမှုထမ်း (၂၀၀) ဦး၊

 

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေစာချုပ်များ ဖြစ်ပေါ်တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တက်ရောက်ခြင်း

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ဥပဒေစာချုပ်များ ဖြစ်ပေါ်တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ( AICHR Workshop on the Development of ASEAN Legal Instruments on Human Rights) ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပ ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာ ဒေါ်သန်းနွဲ့ နှင့် ဦးစိုးဘုန်းမြင့်တို့ တက်ရောက်ခဲ့ကြပါသည်။

          ယင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ရန် အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်၏ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားလှယ်က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ AICHR ကိုယ်စားလှယ်များနှင့် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ဗီယက်နမ်နိုင်ငံ နှင့် လာအိုနိုင်ငံတို့၏ တရားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ စင်္ကာပူနိုင်ငံ တရားရေးဝန်ကြီး ဌာနနှင့် ရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးအဖွဲ့မှ ကိုယ်စားလှယ်၊ ကုလသမဂ္ဂ၏ လူနည်းစု အခွင့်အရေးများဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ( UN Special Rapporteur on the Rights of Indigenous People) ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံး၏ ဥပဒေရေးရာဌာနမှ ကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံ အမျိုးသမီးနှင့် ကလေးများအား ကာကွယ်ရေး အာဆီယံကော်မတီမှ ကိုယ်စားလှယ်၊ အမေရိကန်နိုင်ငံ စတင်းဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ၊ ထိုင်းနိုင်ငံ နိုင်ငံတော် ကောင်စီရုံးမှ ကိုယ်စားလှယ်၊ အမေရိကန်နိုင်ငံ Inter-American Commission on Human Rights မှ ကိုယ်စားလှယ်နှင့် ကျွမ်းကျင်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးကြပါသည်။

          ယင်းအလုပ်ရုံ ဆွေးနွေးပွဲသည် အာဆီယံဒေသအတွင်း အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ဥပဒေစာချုပ်များ ဖြစ်ပေါ်တိုးတက်ရေး ( Development of ASEAN Legal Instruments on Human Rights) အတွက် ရည်ရွယ်ပြီး၊ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံဒေသတွင်း လူ့အခွင့် အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းမူဘောင်ဆိုင်ရာများ၊ အာဆီယံအဖွဲ့အစည်းများနှင့် ကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အတွေ့ အကြုံများ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ အကောင်းဆုံးကျင့်စဉ်များ၊ စိန်ခေါ်မှုများနှင့် ထောက်ခံ တင်ပြချက်များအပြင် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေစာချုပ်များ ဖြစ်ပေါ်တိုးတက်ရေးကိစ္စရပ်များ၊ အာဆီယံဒေသအတွင်း လူ့အခွင့်အရေးဥပဒေစာချုပ်များ ဖြစ်ပေါ်တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးကြပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတွင် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်း

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

  • ကျင်းပသည့် နေ့ရက်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်၊
  • ကျင်းပသည့်အချိန်။ ၁၃:၃၀ နာရီ မှ ၁၆:၀၀ နာရီ အထိ၊

ဆွေးနွေးဟောပြောသည့်ပုဂ္ဂိုလ်များ

  • ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်
  • ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်

ဆွေးနွေးဟောပြောသည့် ဘာသာရပ်များ

  • လူ့အခွင့်အရေးသမိုင်းကြောင်းနှင့် အခြေခံသဘောတရားများ၊
  • မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊
  • မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ၊

တက်ရောက်သည့် ပုဂ္ဂိုလ်များ

  • လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ဒုတိယဝန်ကြီး ၂ ဦး တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား ခဲ့ပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ အပါအဝင် အရာထမ်း၊ အမှုထမ်း (၂၀၀) ဦး တက်ရောက်ခဲ့ပါသည်။

သမဝါယမ ဝန်ကြီးဌာနတွင် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်း

သမဝါယမ ဝန်ကြီးဌာန

  • ကျင်းပသည့် နေ့ရက်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်၊
  • ကျင်းပသည့်အချိန်။ ၀၉:၃၀ နာရီ မှ ၁၂:၀၀ နာရီ အထိ၊

ဆွေးနွေးဟောပြောသည့်ပုဂ္ဂိုလ်များ

  • ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်
  • ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်

ဆွေးနွေးဟောပြောသည့် ဘာသာရပ်များ

  • လူ့အခွင့်အရေးသမိုင်းကြောင်းနှင့် အခြေခံသဘောတရားများ၊
  • မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊
  • မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ၊

တက်ရောက်သည့် ပုဂ္ဂိုလ်များ

  • သမဝါယမ ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ အပါအဝင် အရာထမ်း၊ အမှုထမ်း (၂၀၀) ဦး၊

ဘဏ္ဍာရေးဝန်ကြီးဌာနတွင် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ များ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်း

  • ကျင်းပသည့် ဝန်ကြီးဌာန။ ဘဏ္ဍာရေးဝန်ကြီးဌာန
  • ကျင်းပသည့် နေ့ရက်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊
  • ကျင်းပသည့်အချိန်။ ၁၃:၃၀ နာရီ မှ ၁၆:၀၀ နာရီ အထိ၊

ဆွေးနွေးဟောပြောသည့်ပုဂ္ဂိုလ်များ

  • ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်
  • ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်

ဆွေးနွေးဟောပြောသည့် ဘာသာရပ်များ

  • လူ့အခွင့်အရေးသမိုင်းကြောင်းနှင့် အခြေခံသဘောတရားများ၊
  • မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များ၊
  • မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ၊

တက်ရောက်သည့် ပုဂ္ဂိုလ်များ

  • ဘဏ္ဍာရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ အပါအဝင် အရာထမ်း၊ အမှုထမ်း (၂၀၀) ဦး၊

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် နေပြည်တော်ရှိ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများတွင် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေး ဟောပြောပွဲများကို ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြဦးစီးအဖွဲ့၊ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးစီးအဖွဲ့နှင့် ကော်မရှင် အဖွဲ့ဝင်ဦးယုလွင်အောင် ဦးစီးအဖွဲ့တို့ဖြင့် အဖွဲ့သုံးဖွဲ့ခွဲ၍ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ အလှည့်ကျ ဆွေးနွေးဟောပြောလျက်ရှိရာ ဝန်ကြီးဌာန/ အဖွဲ့အစည်း (၁၃) ခုတွင် ဟောပြော ဆွေးနွေးပြီး ဖြစ်ပါသည်။ ယခုဘဏ္ဍာရေးဝန်ကြီးဌာနသည် (၁၄) ခုမြောက် ဟောပြောဆွေးနွေးသည့်ဝန်ကြီးဌာနဖြစ်ပြီး ဆက်လက်၍ သမဝါယမဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သတ္တုတွင်း ဝန်ကြီးဌာန တို့တွင် ရှင်းလင်း ဆွေးနွေးပွဲများ ကိုပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။

နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးဌာန များတွင် လူ့အခွင့်အရေး ဆိုင်ရာ အသိပညာပြန့်ပွားရေး ဆွေးနွေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြနှင့် အဖွဲ့ဝင်ဦးခင်မောင်လေး တို့ပါဝင်သောအဖွဲ့သည် ၇−၉−၂၀၁၅ ရက်နေ့မှ ၁၀−၉−၂၀၁၅ ရက်နေ့အထိ နေပြည်တော်ရှိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် ဝန်ကြီးဌာန (၇)ခုသို့ သွားရောက်၍ လူ့အခွင့်အရေးဆိုင်ရာ အသိ ပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်−
(၁) ၇−၉−၂၀၁၅ နေ့ − ပြည်ထောင်စုရာထူးဝန်အဖွဲ့ နှင့် ပြည်ထဲရေးဝန်ကြီးဌာန

(၂) ၈−၉−၂၀၁၅ နေ့ − နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ပြန်ကြားရေးဝန်ကြီးဌာန

(၃) ၉−၉−၂၀၁၅ နေ့ − စွမ်းအင်ဝန်ကြီးဌာန နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

(၄) ၁၀−၉−၂၀၁၅ နေ့ – ပို့ဆောင်ရေးဝန်ကြီးဌာန

ဆွေးနွေးဟောပြောပွဲများတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြက လူ့အခွင့်အရေး၏ အနှစ်သာရများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များ၊ အဖွဲ့ဝင် ဦးခင်မောင်လေးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ စသည့် အကြောင်းအရာများကို ဆွေးနွေး ဟောပြောခဲ့ပါသည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲများသို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာန အသီးသီးမှ အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများစသည့် အဆင့်မြင့်အရာရှိကြီးများအပါအဝင် အရာထမ်းအမှုထမ်းများ တက်ရောက် ခဲ့ကြသည်။ ဆွေးနွေးဟောပြောပွဲများအပြီးတွင် တက်ရောက်လာကြသော အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း အမှုထမ်းများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ယင်းကဲ့သို့သော လူ့အခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများကို ကျန်ရှိနေသေးသော ပြည်ထောင်စု အဆင့်အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများတွင်လည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပ ပြုလုပ်ခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institute ၏ရန်ပုံငွေထောက်ပံ့မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများ အတွက် အလုပ်ရုံသင်တန်း ဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံ (ကျိုက်ဝိုင်း) တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေတက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားပါသည်။

၂။     အဆိုပါအလုပ်ရုံသင်တန်းသည် (၂) ရက်တာ သင်တန်းအစီအစဉ်ဖြစ်ပြီး သင်တန်းကာလ အတွင်း လူ့အခွင့်အ​ရေးဆိုင်ရာ သိကောင်းစရာများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ကော်မရှင် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့က ရှင်းလင်း ဆွေးနွေးပို့ချခဲ့ကြသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်းများကို ၂၀၁၄ ခုနှစ် အတွင်း ပြည်နယ် နှင့် တိုင်း ဒေသကြီး (၇) ခုနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် ဖွင့်လှစ် ပို့ချလျှက်ရှိရာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ အထိ (၁၂) ခုဆောင်ရွက်ခဲ့ပြီး (ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း)တို့သာ ကျန်ရှိပါသည်။ ယင်းလူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းများတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ နှင့်ကော်မရှင် အဖွဲ့ဝင်များမှ အလှည့်ကျ ဖွဲ့စည်း တာဝန် ပေးအပ်၍ ရှင်းလင်း ဆွေးနွေးပွဲများ ပို့ချလျှက် ရှိပါသည်။