လူ့အခွင့်အရေး ကလေးကဗျာ ပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

၁။      ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့လူ့အခွင့်အရေးနေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသော ကလေးသူငယ်များ ဖြစ်ပေါ်လာစေရေးကို ရည်ရွယ်လျက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သော ကလေးကဗျာပြိုင်ပွဲတစ်ရပ် ပြုလုပ်သွားမည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ ဆုရရှိသူများကို နိုဝင်ဘာ လ ၂၀ ရက်နေ့တွင် ကြေညာမည်ဖြစ်ပြီး ကမ္ဘာ့လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ထိုက်တန်စွာ ဂုဏ်ပြုသွားမည် ဖြစ် ပါသည်။

၂။      ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို ကြေညက်စွာဖတ်ရှု၍ အောက်ပါစည်းကမ်းချက်နှင့်အညီ ပေးပို့ယှဉ်ပြိုင်နိုင်ပါသည်-

(က)    မည်သည့် စာရွက်နှင့်မဆို ရေးသားနိုင်ပြီး စာမျက်နှာတစ်ဖက်တည်းတွင်သာ ရေးသား ရပါမည်။

(ခ)     ပြင်ရာ၊ ဖျက်ရာ ကင်းရှင်းသော လက်ရေး သို့မဟုတ် ကွန်ပျူတာစာစီဖြစ်ရမည်။

(ဂ)     စာကြောင်းရေ အများဆုံး ၁၅ ကြောင်းအထိရေးသားနိုင်ပါသည်။

(ဃ)    ကလေးကဗျာ ပုံစံကျနရမည်။

(င)     ပင်ကိုယ်ရေးဖြစ်ပြီး ကိုယ်တိုင်ရေး ဖြစ်ကြောင်း ဝန်ခံချက်နှင့်အတူ ကလောင် အမည်၊ အမည်ရင်း၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ မိဘအမည်၊ ပညာအရည် အချင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံစွာ ဖော်ပြပေးရမည်။

(စ)     စာမူများကို ၃၁-၁၀-၂၀၁၆ ရက်နေ့၊ ညနေ ၄:၃၀  နာရီ နောက်ဆုံးထား၍ အောက်ပါလိပ်စာသို့  ပေးပို့နိုင်ပါသည်။

(ဆ)    အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

အမှတ် (၂၇) ၊ ၆မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း ၀၁-၆၅၄၆၇၃၊ ၀၁-၆၅၄၆၇၀။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ ဖျာပုံမြို့၊ ကျိုက်လတ်မြို့နှင့် ဒေးဒရဲမြို့များတွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာရှင်းလင်းဆွေးနွေးပွဲများကျင်းပ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးအကြောင်း သိကောင်း စရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၁၂ရက်နေ့ နံနက်ပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ တိုးရွှေဝါခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ နှင့် ပြည်သူလူထုများ အင်အား (၈၅) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ အလားတူ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၁၃ရက်နေ့ နံနက်ပိုင်းတွင် ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမတွင် ကျင်းပခဲ့ရာ အင်အား (၃၆၀) ဦးတက်ရောက်ခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၁၃ရက်နေ့ နေ့လယ်ပိုင်း တွင် ကျိုက်လတ်မြို့၊ ရွှေဝါလတ်ခန်းမတွင် ကျင်းပပြုလုပ်ရာအင်အား (၂၁၀) ဦး တက်ရောက်ခဲ့ကြ ပါသည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေးဒရဲမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံးခန်းမတွင် ကျင်းပခဲ့ရာအင်အား (၂၆၀) ဦးတက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားများတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်က လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကိုလည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက် ချက်များနှင့် တိုင်တန်းချက် လုပ်ထုံးလုပ်နည်းများအကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်။

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နှင့် တံတားဦးမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေတို့က လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့၊ နံနက် ၀၉:၃၀ အချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မြင်စိုင်းခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၃၅၁) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ အလားတူ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် တံတားဦးမြို့ အင်းဝခန်းမ၌ ကျင်းပခဲ့ရာ စုစုပေါင်းအင်အား (၃၉၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုင်တန်းချက်လုပ်ထုံးလုပ်နည်းများအကြောင်း တို့ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေက လူ့အခွင့်အရေးဆိုင်ရာ အခြေခံအနှစ်သာရများနှင့် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းတို့ကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ ကြပါသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် မုဒုံမြို့နယ်များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ဘုရင့်နောင်ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ အင်အား(၂၃၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည် ။ အလားတူ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရေးမြို့ အထွေထွေအုပ်ချုပ်ရေးဌာနခန်းမတွင် ကျင်းပခဲ့ရာ အင်အား (၂၂၀) ဦး တက်ရောက်ခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် မုဒုံမြို့၊ ရွှေဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ရာ အင်အား (၃၀၀) ဦး တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါ အခမ်းအနားများတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေး ဆိုင်ရာ အနှစ်သာရနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် တိုင်တန်းချက် လုပ်ထုံးလုပ်နည်းများအကြောင်းကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြံပေးအလုပ်ရုံဆွေးနွေးပွဲ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ASEAN-CSR Network နှင့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) တို့ ပူးပေါင်း၍ Sweden နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ “လူမှု အကျိုးစီးပွား တာဝန်ယူမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမူများ အကောင် အထည်ဖော်ခြင်း” ခေါင်းစဉ်ဖြင့် အကြံပေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် နေ့တွင် Park Royal Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။      အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ် (၂၄) ဦး၊ လွှတ်တော် ကိုယ်စားလှယ် (၉) ဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ကိုယ်စားလှယ် (၁) ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ် (၁) ဦးနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၂) ဦး၊ စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Mr. Thomas Thomas (Chief Executive Officer, ASEAN-CSR Network)၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့နှင့် ဒေါ်ခိုင်ခိုင်နွယ် (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း) တို့က အဖွင့်အမှာ စကား ပြောကြားခဲ့ကြပါသည်။

၃။      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ၊ စီးပွားရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ဖွံ့ဖြိုးတိုးတက်မှု၊ ပါဝင် ပတ်သက်သူများ၏ အသေးစိတ် လုပ်ငန်းအစီအစဉ်နှင့် မလေးရှားနိုင်ငံ၏ အမျိုးသားအဆင့် လုပ်ငန်း စီမံချက် အတွေ့ အကြုံတို့ကို Mr. Thomas Thomas (CEO, ASEAN-CSR Network)၊ Mr. Ray Paolo Santiago (Secretary General, Working Group for an ASEAN Human Rights Mechanism)၊ Mr. Livio Sarandrea (Crisis Prevention and Rule of Law Specialist, Governance and Peace building Team, UNDP) နှင့် Mr. Mohamad Azizi Azmi (Head of Policy Division, SUHAKAM) တို့က ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အလွှာစုံမှ ပါဝင်ပတ်သက်သူများ၏ ဖိုရမ် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ASEAN-CSR Network နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) တို့ ပူးပေါင်း၍ Sweden နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ “လူမှုအကျိုး စီးပွား တာဝန်ယူမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမှုများ အကောင်အထည် ဖော်ခြင်း” ခေါင်းစဉ်ဖြင့် အလွှာပေါင်းစုံမှ ပါဝင်ပတ်သက်သူများ၏ ဖိုရမ်တစ်ရပ်ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ Summit Parkview Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် Mr. Thomas Thomas (Chief Executive Officer, ASEAN-CSR Network)၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့နှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် (UMFCCI) တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်း နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဇော်အေးမောင်နှင့် UN Global Compact Myanmar Network ဥက္ကဋ္ဌ၊ ဒေါက်တာအောင်ထွန်းသက်တို့က အမှာစကား​ပြောကြားကြပါသည်။

၂။      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ပါဝင်ဆက်စပ်သူ ကိုယ်စားလှယ် (၇၅) ဦး တက်ရောက် ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် ဆောင်ရွက်မှု စီမံကိန်းအကြောင်း၊ အမျိုးသားအဆင့် ဆောင်ရွက်မှုစီမံကိန်းကို မလေးရှားနိုင်ငံ နှင့် မိုဇံဘိနိုင်ငံတို့မှ အတွေ့အကြုံများကို ရှင်းလင်းတင်ပြသွားကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းစီမံချက်၊ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမူများ၊ မြန်မာနိုင်ငံ အတွက် အခွင့် အလမ်းများနှင့် စိန်ခေါ်မှုများအကြောင်းတို့ကို Mr. Thomas Thomas ၊ ဒေါက်တာ အောင်ထွန်းသက်၊ Ms. Bobbie Sta. Maria ၊ Mr. Livio Sarandrea ၊ Mr. Mohamad Azizi Bin Azmi ၊ ဒေါက်တာ ဒေါ်စုလှဟန် (Deputy Managing Director, Medi Myanmar Group) နှင့် Ms. Vicky Bowman (Director, Myanmar Centre for Responsible Business) တို့က ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်သူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ပါဝင် ဆွေးနွေးခြင်းများ ပြုလုပ်ကြပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် Workshop on Teaching of Human Rights Law at University လူ့အခွင့်အရေးဆိုင်ရာ ဥပဒေဘာသာရပ်ကို တက္ကသိုလ်တွင် သင်ကြားရေး အလုပ်ရုံဆွေးနွေးပွဲ ၂၅-၂၇ ရက် ဇူလိုင်လ ၂၀၁၆ ခုနှစ်

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ Strengthening Human Rights and Peace Education in ASEAN/ Southeast Asia (SHAPE- SEA)၊ Institute of Human Rights and Peace Studies (IHPP), Mahidol University တို့ ပူးပေါင်း၍ Norwegian Centre for Human Rights ၏ ပံ့ပိုးကူညီမှုဖြင့် “လူ့အခွင့်အရေးဆိုင်ရာ ဥပဒေဘာသာရပ်ကို တက္ကသိုလ်တွင် သင်ကြားရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် Summit Parkview Hotel, Ballroom ၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့က အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး၊ Dr.Sriprapra Petcharamesree, Chair of (SHAPE- SEA) က အမှာစကားဆက်လက်ပြောကြားခဲ့ပါသည်။

၂။      အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ ဥပဒေပညာဌာနများရှိသော တက္ကသိုလ် (၁၈) ခုမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် လူ့အခွင့်အရေးသဘောတရား၊ ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် စပ်လျဉ်းသည့် နောက်ခံသမိုင်းကြောင်း၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးရာ အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ အခြေခံသဘော တရားနှင့် နောက်ခံသမိုင်းကြောင်း၊ လူ့အခွင့်အရေးဘာသာရပ် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေး ဆိုင်ရာ လုပ်ဆောင်ချက်များ၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည် ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ အခြေခံသဘောတရားနှင့် နောက်ခံသမိုင်းကြောင်း၊ မသန်စွမ်းသူ များ အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်၏ အခြေခံသဘောတရားနှင့် နောက် ခံသမိုင်းကြောင်း၊ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အမျိုးသမီးများ အား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၏ အခြေခံသဘောတရားနှင့် စာချုပ်ပါအခွင့်အရေးများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘော တူစာချုပ်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘော တူစာချုပ်ပါ အခွင့်အရေးနှင့် အခြေခံသဘောတရား၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ခြင်း၊ ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပြည်တွင်း လူ့အခွင့် အရေးကာကွယ် စောင့်ရှောက်ခြင်းအကြောင်းတို့ကို ဆွေးနွေးပို့ချခဲ့ပါသည်။