ရှမ်းပြည်နယ် ကျောက်မဲခရိုင် သီပေါမြို့၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့မှ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ သီပေါမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ရာ သီပေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ် များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၂၁၅) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါ သည်။ ကော်မရှင်အဖွဲ့သည် ထိုနေ့မွန်းလွဲပိုင်းတွင် ကျောက်မဲမြို့သို့ ဆက်လက်ထွက်ခွာပြီး လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကို မြို့ကျက်သရေဆောင် ခန်းမ၌ ကျင်းပခဲ့ရာ ကျောက်မဲခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ် များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၂၆၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ အလားတူ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် နောင်ချိုမြို၌ ကျင်းပခဲ့ရာ ပြည်သူလူထုစုစုပေါင်းအင်အား (၂၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားများတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအနှစ်သာရများနှင့်သိကောင်းစရာများကိုလည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအကြောင်း ကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသူများ ၏ သိရှိလိုသည့် မေးမြန်းချက်များ အပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြပါသည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ်လုပ်ငန်းအစီအစဉ် အရ လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ဗဟုသုတများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင် လျက်ရှိသော ရဲအရာရှိများမှတစ်ဆင့် ပြန့်ပွားစေရန်နှင့် ရဲလုပ်ငန်းများဆောင်ရွက်ရာတွင် လူ့အခွင့် အရေးများကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အထောက်အကူ ပြုစေရန် ရည်ရွယ်၍ ပြုလုပ်သော ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကွပ်ကဲမှုအောက် ရဲအရာရှိများ အတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အေင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြော ကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အလုပ်ရုံသင်တန်းနှင့်စပ်လျဉ်း၍ အမှာ စကားပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက အမှာစကားဆက်လက်ပြောကြား ခဲ့သည်။

၂။      အဆိုပါ အလုပ်ရုံသင်တန်းကို ၂ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကချင်ပြည်နယ် အတွင်းရှိ ရဲအရာရှိပေါင်း (၅၀) ဦး တက်ရောက်ကြပါသည်။ အလုပ်ရုံ သင်တန်းအတွင်း လူ့အခွင့် အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ မြန်မာနိုင်ငံက ပါဝင်ချုပ် ဆို ထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များ၊ ဖွဲ့စည်းပုံ အခြခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းတို့ကို ဆွေးနွေးပို့ချသွား မည် ဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အောင်မြင် (တောကျွဲအင်း) မြို့သို့ သွားရောက်၍ လူ့အခွင့်အရေး အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခြင်း

၁။      တောကျွဲအင်းမြို့ရှိ ဒေသခံများ၏ ဖိတ်ကြားချက်အရ ပြည်သူလူထုအတွင်း လူ့အခွင့်အရေး ဆိုင်ရာ  အသိပညာပြန့်ပွားစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင်သည် ၁၈-၃-၂၀၁၇ ရက်နေ့ နံနက် ၁၀:၀၀နာရီချိန်မှ ၁၁:၂၅ နာရီချိန်ထိ အောင်မြင်မြို့ (တောကျွဲအင်း) ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဟောပြောပို့ချခဲ့ရာ အောက်ပါ ပြည်သူလူထုများ တက်ရောက်ကြပါသည်-

(က)    အောင်မြင်(တောကျွဲအင်း)        ၁၀၅ ဦး

(ခ)     ဖြူးစုကျေးရွာ                               ၅၄ ဦး

(ဂ)     သပြေကုန်း                                 ၅၃ ဦး

(ဃ)    တိုက်ကြီးစု                                ၂၁ ဦး

(င)     ကင်ပွန်းအင်း                            ၃၅ ဦး

(စ)     ကျီးအင်းကျေးရွာ                     ၂၄ ဦး

(ဆ)    ခင်အင်းကြီး                             ၆၁ ဦး

(ဇ)     ပုဂံကွဲကျေးရွာ                         ၂၄ ဦး

(စျ)     ကြို့ကုန်း                                   ၁၀  ဦး

(ည)    ဌာနဆိုင်ရာ                            ၆၀ ဦး

          စုစုပေါင်း                              ၄၄၇ ဦး    တက်ရောက်ကြပါသည်။

၂။      အဆိုပါ ဒေသခံများထဲတွင် ပအို့ဝ်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား များသည် ရိုးရာဝတ်စုံများဝတ်ဆင်၍ တက်ရောက်ကြပါသည်။ နိုင်ငံရေးပါတီအချို့မှ ပါတီဝင်များ နှင့် တိုက်နယ်ဆေးရုံအုပ်ကြီး၊ မြို့နယ်တရားသူကြီးတို့လည်း တက်ရောက်ကြပါသည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်မှ ကမ္ဘာလူ့အခွင့်အရေး ကြေညာချက်အနှစ်ချုပ်ကို ဖော်ပြထား သည့် ဗလာစာအုပ် ၁၀၀၀ အုပ်အား လူမှုကူညီရေးပရဟိတအသင်း (တောကျွဲအင်း) ခေါင်းဆောင် မှတစ်ဆင့် ကျေးလက်စာသင်ကျောင်းများသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

                                                မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၀ ရက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်တွင် ခရိုင်အဆင့်အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်လေ့ကျင့် ပညာပေးဆိုင်ရာလုပ်ငန်းအစီအစဉ်အရ လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြန့်ပွား စေရန်ရည်ရွယ်၍ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်တွင် ခရိုင်အဆင့် အစိုးရဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နံနက်  ၉ : ၀၀ နာရီ က ရှမ်းပြည်နယ်မြောက်ပိုင်း၊  လားရှိုးမြို့၊ ကမ္ဘောဇခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ရှမ်းပြည်နယ်၊ ဒုတိယ ပြည်နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်သန်းတို့ တက်ရောက်အဖွင့် အမှာစကား ပြောကြားခဲ့ကြသည်။

အလုပ်ရုံသင်တန်းတွင်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က လူ့အခွင့် အရေး အခြေခံအယူအဆများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့် အရေးဆိုင်ရာ သဘောတူစာချုပ်၊ တိုင်တန်းချက်များနှင့် နယ်မြေအတွင်း လူ့အခွင့်အရေးဖြစ်စဉ် များအား ဆွေးနွေးခြင်း၊ လူ့အခွင့်အရေးကြေညာစာတမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်း ချက်ပါနိုင်ငံသားများ၏ မူလအခွင့်အရေး နှင့်တာဝန်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များစသည့် သင်ခန်းစာများကို ပို့ချပြီး အဖွဲ့လိုက် ဆွေးနွေးခြင်း ဆောင်ရွက်ကြပါသည်။ အလုပ်ရုံသင်တန်းသို့ ခရိုင်အဆင့်အစိုးရအရာထမ်း(၅၀) ဦး တက်ရောက်ကြ သည်။ သင်တန်းကို   မတ်လ ၂၁ ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ဂျီနီဗာမြို့တွင် အစည်းအဝေး တက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင် ဦးညွန့်ဆွေ တို့ သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပသော အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions – GANHRI) ၏နှစ်ပတ်လည်အစည်းအဝေး-၂၀၁၇ သို့ တက်ရောက် ခဲ့သည်။

ကုလသမဂ္ဂက ကမကထပြု၍ ဖွဲ့စည်းထားသည့် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးတွင် အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း (၁၁၁) ဖွဲ့ရှိရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် အဖွဲ့ဝင်အဖြစ် လက်ခံ ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် ဂျီနီဗာမြို့၌ ရှိစဉ် တွင် အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် အစည်းအဝေးသို့ လည်းကောင်း၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်း၍ “၂၀၃၀ ခုနှစ် အာဂျင်ဒါ အကောင်အထည်ဖော်ရေးအတွက် ကလေးသူငယ်များ၏ အခွင့်အရေးမြှင့်တင် ကာကွယ်ရေး တွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲသို့ လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တွင် ခရိုင်အဆင့်အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်လေ့ကျင့် ပညာပေးရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တွင် ခရိုင် အတွင်းရှိ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြန့်ပွားစေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ၂၀၁၇ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက်    ၉ : ၀၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးသစ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် တို့ကတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။

အလုပ်ရုံသင်တန်းတွင် လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာသဘောတူစာချုပ်၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ တိုင်တန်းချက်များ နှင့် နယ်မြေအတွင်း လူ့အခွင့်အရေးဖြစ်စဉ်များအား ဆွေးနွေးခြင်း ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့်ဆောင်ရွက်ချက်များ စသည့် သင်ခန်းစာများကိုပို့ချပြီး အဖွဲ့လိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အလုပ်ရုံသင်တန်းသို့ ခရိုင်အတွင်းမှ အစိုးရအရာထမ်း (၅၁) ဦးတက်ရောက်ကြပြီး သင်တန်းကို  မတ်လ ၈ ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။