ASEAN CSR Network Ltd မှ Chief Executive Officer ဖြစ်သူ Mr. Thomas Thomas နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ Joint Secretary General ဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်တို့သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ (၁၃:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ လာရောက်ကာ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး နှင့်စပ်လျဉ်း၍ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ကိုယ်စားလှယ်များအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ဦးခင်မောင်လေးတို့က လက်ခံတွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြုလုပ်ရန်အတွက် နှစ်ဘက်ပူးပေါင်းညှိနှိုင်းမှုများပြုလုပ်ဆောင်ရွက် သွားရန် ဆွေးနွေးခဲ့ပါသည်။