ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ဟိုပင်မြို့နှင့် မိုးညှင်းမြို့နယ်များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြင့်ကြည်နှင့် ဦးခင်မောင်လေး တို့ ပါဝင်သည့် ကော်မရှင်အဖွဲ့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဟိုပင်မြို့၌ လည်းကောင်း၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မိုးညှင်းမြို့နယ်၌ လည်းကောင်း၊ လူ့အခွင့်ရေး ဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ များကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားများသို့ သက်ဆိုင်ရာ မြို့နယ် အသီးသီးမှ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်ရေး သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲများကို နိုင်ငံ တစ်နံတစ်လျားရှိ မြို့နယ်ပေါင်း ၉၈ မြို့နယ်တွင် ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရန်ကုန်မြို့

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်း အောက်ဖော်ပြပါ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က)    ကော်မရှင်ရုံးခွဲ တည်ဆောက်ခြင်း ပေ (၄၄ × ၆၄ × ၁၂) နှစ်ထပ် သွင်းမိုး၊ သံကူ ကွန်ကရစ်နှင့် ပေ (၁၆ × ၁၆) ဆင်ဝင်ပါ အဆောက်အဦ

(ခ)     အရာရှိနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း ပေ (၆၆ ×၄၁× ၁၀) နှစ်ထပ် သွပ်မိုး၊ သံကူကွန်ကရစ်နှင့် ပေ (၁၆ × ၁၆ ) ဆင်ဝင်ပါ အဆောက်အဦ

၂။      အိတ်ဖွင့်တင်ဒါများကို အောက်ပါအစီအစဉ်အတိုင်း တင်သွင်းရန် ဖြစ်ပါသည်။

          (က)    တင်ဒါ ရောင်းချမည့် ရက်နှင့် အချိန်  –       ၁၈-၁၂-၂၀၁၇ ရက်၊ ၉:၀၀ နာရီမှ၂၀-၁၂-၂၀၁၇ ရက်၊ ၁၆:၀၀ နာရီထိ

          (ခ)     တင်ဒါ ပိတ်မည့် ရက်နှင့် အချိန်         –        ၂၆-၁၂-၂၀၁၇ ရက်၊ ၁၆:၀၀ နာရီ

          (ဂ)     တင်ဒါ ဖွင့်မည့်ရက်                               –        ၁၈-၁-၂၀၁၈ ရက်၊ ၁၀:၀၀ နာရီ

(ဃ)    တင်ဒါ ရောင်းချမည့်နေရာ                             –        မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ အမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊

၃။      သတ်မှတ်ကာလ ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ် အချက်အလက်များကို ဖုန်း ၀၁- ၆၅၄၆၇၀၊ ၀၁- ၆၅၄၆၇၇ သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်း နိုင်ပါသည်။

တင်ဒါစိစစ်ရေးကော်မတီ

တောင်- တောင် (ပိုင်းနိုင်ငံများ) လူ့အခွင့်အရေးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တက်ရောက်ခြင်း

       ပထမအကြိမ် တောင်- တောင် (ပိုင်းနိုင်ငံများ) လူ့အခွင့်အရေးဆွေးနွေးပွဲ (South- South Human Rights Forum) ကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့မှ (၈) ရက်နေ့အထိကျင်းပခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်တို့ တက်ရောက်ခဲ့ကြပါသည်။

       ဘေဂျင်းမြို့တွင် ပထမအကြိမ်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲကိုတရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာနတို့မှ ပူးတွဲကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံ (၇၀) တို့မှ ကိုယ်စားလှယ်ပေါင်း (၃၀၀) ဦးတက်ရောက်ပါဝင်ဆွေးနွေးကြပါသည်။

          ယင်းဆွေးနွေးပွဲတွင် တင်ပြဆွေး​နွေးမှုများအနက် အလွှာပေါင်းစုံ ပါဝင်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်- တောင်ပိုင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအရ လူ့အခွင့်အရေးများ ရရှိခံစားခြင်း (Realization of Inclusive Development and Human Rights under South- South Cooperation)၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုမြှင့်တင်ရေးနှင့် အခြေခံလူ့အခွင့်အရေးများဖွံ့ဖြိုးတိုးတက်ခြင်း၊ တရုတ်နိုင်ငံနှင့် တောင်- တောင်ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆက်စပ်၍ ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးဖွံ့ဖြိုးမှုမြှင့်တင်ရန် အခန်းကဏ္ဍ အရေးကြီးပုံ၊ ကမ္ဘာနှင့်အဝှမ်းတွင် လူ့အခွင့်အရေးဆိုင်ရာတိုးတက်မှုအသစ် ဖြစ်ပေါ်စေရေးကို ရှေးရှု၍ လူ့ဘောင်လောက အတွက် အတူတကွမျှဝေခံစားသည့် အနာဂတ်လူ့အဖွဲ့အစည်း တည်ဆောက်ခြင်း (Building a Community with a Shared Future for Mankind to Drive New Progress in the Global Governance of Human Rights) စသည့် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိုဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်မှ “Inclusive Development and Realization of South- South Human Rights” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေနှင့်အညီ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက် ချက်များနှင့် မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုသင့်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ် စာတမ်းများနှင့် စပ်လျဉ်း၍ ကော်မရှင်၏ အကြံပြုချက်များစသည်တို့ကိုဆွေးနွေးခဲ့ပါသည်။

          ပထမအကြိမ်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲနောက်ဆုံးနေ့တွင် ဘေဂျင်းကြေညာ ချက် (The Beijing Declaration) ကိုတစ်ညီတစ်ညွတ်တည်း သဘောတူဆန္ဒဖြင့် ထုတ် ပြန်ကြေညာခဲ့ပါသည်။