မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှမ်းပြည်နယ်ရှိ မြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူအခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွား စေရန်နှင့် လူ့အခွင့်အရေးကို မှန်မှန်ကန်ကန်သိရှိပြီး လေးစား လိုက်နာ၍ မှန်မှန်ကန်ကန် ကျင့်သုံးလာနိုင်စေရန် ရည်ရွယ်လျက် ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့သည် ၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်နှင် လွိုင်လင်ခရိုင်တို့အတွင်းရှိ ညောင်ရွှေ၊ တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင်နှင့် ပင်လုံမြို့သို့ သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့သည် ၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်း တိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင် အပါအဝင် သက်ဆိုင်ရာမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ စုစုပေါင်းအင်အား (၂၀၇) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။

   အလားတူ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို တောင်ကြီး ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုဝေးခန်းမ၌ ယင်းနေ့မွန်းလွဲ ၁၄:၃၀ နာရီအချိန် တွင်  ကျင်းပပြုလုပ်ခဲ့ရာ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူ လူထုများ စုစုပေါင်း အင်အား (၁၈၈) ဦး တက်ရောက်ခဲ့ကြပါသည်။

    ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့သည် မတ်လ ၂၁ ရက်နေ့တွင် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့သို့ ဆက်လက်သွားရောက်ပြီး နံနက် ၀၉:၀၀ နာရီအချိန်တွင် ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ မြို့နယ်လွှတ်တော် ကိုယ်စားလှယ် အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူ လူထုများ စုစုပေါင်း အင်အား (၂၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးတို့သည် မတ်လ ၂၂ ရက်နေ့တွင် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် လူ့အခွင့်အရေး အကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ လွိုင်လင်မြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူလူထုများ စုစုပေါင်း အင်အား (၁၉၃) ဦး တက်ရောက်ခဲ့ကြပါသည်။

 အလားတူ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ပင်လုံမြို့ရှိ ပြည်မတောင်တန်း ပူးပေါင်းရေး စာချုပ်ကျောက်တိုင် (ပင်လုံကျောက်တိုင်) ကွင်းအနီးရှိ သာသနာ့ ဗိမာန်ဓမ္မာရုံကြီးအတွင်း၌ ယင်းနေ့မွန်းလွဲ ၁၄:၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပင်လုံမြို့ရှိ ဌာနဆိုင်ရာများ၊  နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ စုစုပေါင်း အင်အား (၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

  အဆိုပါအခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက် ရောက် လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို  ပြန်လည်ရှင်းလင်း ဆွေးနွေး ဖြေကြားခဲ့ကြပါသည်။

  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးတို့သည် တောင်ကြီးမြို့သို့ ရောက်ရှိစဉ်ကာလအတွင်း မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၄:၀၀ နာရီအချိန်၌ နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ အတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

​           မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကော်မရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ခရိုင်အဆင့် အစိုးရ အရာထမ်း များအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ပြင်ဦးလွင်မြို့နယ်၊  မြို့တော်ခန်းမတွင် ၂ ရက်ကြာ ကျင်းပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံသင်တန်းသို့ ခရိုင်အဆင့် အစိုးရ အရာထမ်း ၄၅ ဦး တက်ရောက်ခဲ့ပါသည်။

          အလားတူ မတ်လ ၈ ရက်နေ့တွင် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ကျင်းပပြုလုပ် ခဲ့ပြီး ခရိုင်၊ မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ၂၅ ဦး တက်ရောက် ခဲ့ကြပါသည်။

          ဆက်လက်ပြီး မတ်လ ၉ ရက်နေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များ အတွက် လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အား ကျင်းပခဲ့ရာ ပြင်ဦးလွင်အတွင်းရှိ NGO များ၊ CSO များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား ၄၅ ဦး တက်ရောက်ခဲ့ကြ ပါသည်။

          သင်တန်းများတွင် လူ့အခွင့်အရေး အခြေခံသဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းနှင့် နိုင်ငံတော်မှ ပါဝင်ချုပ်ဆိုထားပြီးဖြစ်သော လူ့အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် ကြီးများ၊ လူ့အခွင့်အရေး ကော်မရှင်အကြောင်းနှင့် တိုင်တန်း နိုင်သည့် ယန္တရားများ စသည့် ဘာသာ ရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။

          သင်တန်းများအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ် ဥပဒေဆိုင်ရာ အကြောင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ဖြစ်သော NCRWG မှလည်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ၊ ပြည်သူ့တာဝန်များ အကြောင်းတို့ကိုလည်း ပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွင်းတွင် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး အသိပညာပေးရေး လုပ်ငန်းစဉ် အရ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊ ကလေးသူငယ် အခွင့် အရေးဆိုင်ရာ အလုပ်ရုံ သင်တန်း နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းဝင်များအတွက်  လူ့အခွင့် အရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပ ပြုလုပ် သွား မည်ဖြစ်ပါသည်။

UPR အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်မှု နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) ဒုတိယအကျော့သုံးသပ်မှုခံယူစဉ်က မြန်မာနိုင်ငံက လက်ခံခဲ့သော အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြသည်။

          ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေက UPR အကြောင်း အကျဉ်းချုပ်နှင့် မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ ဆွေးနွေးပွဲ တက်ရောက်သည့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကပြန်လည်ဆွေးနွေးပြောကြား ခဲ့ကြသည်။