မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ အတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

​           မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကော်မရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ခရိုင်အဆင့် အစိုးရ အရာထမ်း များအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ပြင်ဦးလွင်မြို့နယ်၊  မြို့တော်ခန်းမတွင် ၂ ရက်ကြာ ကျင်းပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံသင်တန်းသို့ ခရိုင်အဆင့် အစိုးရ အရာထမ်း ၄၅ ဦး တက်ရောက်ခဲ့ပါသည်။

          အလားတူ မတ်လ ၈ ရက်နေ့တွင် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ကျင်းပပြုလုပ် ခဲ့ပြီး ခရိုင်၊ မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ၂၅ ဦး တက်ရောက် ခဲ့ကြပါသည်။

          ဆက်လက်ပြီး မတ်လ ၉ ရက်နေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များ အတွက် လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အား ကျင်းပခဲ့ရာ ပြင်ဦးလွင်အတွင်းရှိ NGO များ၊ CSO များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား ၄၅ ဦး တက်ရောက်ခဲ့ကြ ပါသည်။

          သင်တန်းများတွင် လူ့အခွင့်အရေး အခြေခံသဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းနှင့် နိုင်ငံတော်မှ ပါဝင်ချုပ်ဆိုထားပြီးဖြစ်သော လူ့အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ် ကြီးများ၊ လူ့အခွင့်အရေး ကော်မရှင်အကြောင်းနှင့် တိုင်တန်း နိုင်သည့် ယန္တရားများ စသည့် ဘာသာ ရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။

          သင်တန်းများအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ် ဥပဒေဆိုင်ရာ အကြောင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ဖြစ်သော NCRWG မှလည်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ၊ ပြည်သူ့တာဝန်များ အကြောင်းတို့ကိုလည်း ပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွင်းတွင် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး အသိပညာပေးရေး လုပ်ငန်းစဉ် အရ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊ ကလေးသူငယ် အခွင့် အရေးဆိုင်ရာ အလုပ်ရုံ သင်တန်း နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းဝင်များအတွက်  လူ့အခွင့် အရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပ ပြုလုပ် သွား မည်ဖြစ်ပါသည်။