မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် လူ့အခွင့်အရေးအခြေခံသင်တန်းသင်တန်းသားခေါ်ယူခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူများအတွင်း လူ့အခွင့် အရေး အသိပညာ တိုးပွားစေရေးအတွက် ရည်ရွယ်၍ လူ့အခွင့်အရေးအခြေခံ သင်တန်း အမှတ်စဉ် (၂) ကို မတ်လအတွင်း အောက်ပါ အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်-

(က)    သင်တန်းကာလ။         ၂၅-၃-၂၀၁၉ ရက်နေ့မှ ၈-၄-၂၀၁၉ ရက်နေ့အထိ (ရုံးဖွင့်ရက်များသာ)၊

(ခ)     သင်တန်းချိန်။               နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ၊

(ဂ)     သင်တန်းသား အရေအတွက်။       (၅၀) ဦး။

၂။      သင်တန်းမှာ အခမဲ့ဖြစ်ပြီး သင်တန်းအထောက်အကူပြု စာရွက်စာတမ်းများအတွက် ကုန်ကျမှု ကို သင်တန်းသားမှ ကျခံရမည်ဖြစ်ပါသည်။ တက်ရောက်လိုသူ များအနေဖြင့် ကော်မရှင်ရုံးသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ Online မှ လျှောက်ထားလိုသူများအနေဖြင့် website; www.mnhrc.org.mm နှင့် Facebook Page www.facebook.com/myanmarnhrc မှသော်လည်းကောင်း ၄-၃-၂၀၁၉ ရက်နေ့မှ ၈-၃-၂၀၁၉ ရက်နေ့အထိ လျှောက်ထားနိုင်ပြီး အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး လူ့အခွင့် အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာန၊ အမှတ် (၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၆၅၄၆၇၃၊ ၀၁-၆၅၄၆၈၁ (လိုင်းခွဲ ၈၃၁၊ ၈၄၈) တို့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်းနှင့် ရွေးချယ်သော သင်တန်းသားများအား  (၁၅-၃-၂၀၁၉) ရက်နေ့ Website နှင့် Facebook မှ  ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

၃။     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ လူ့အခွင့်အရေး အခြေခံသင်တန်း အမှတ်စဉ် (၂) သို့ အောက်ပါ link မှဝင်ရောက် လျှောက်ထားနိုင်ပါသည်-

https://docs.google.com/forms/d/1xSELHFmt5pSPpDv7HO31RRkew0b1jMvtFLFA7YNIRpA/edit