မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် Democracy Reporting International (DRI) တို့ ပူးပေါင်း၍ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဌာန တာဝန်ခံ အရာရှိများ၊ DRI အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Professor Xavier Philippe က ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူ စာချုပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းရာ Professor Xavier Philippe က ပြန်လည်ဆွေးနွေးဖြေကြားမှု များ ပြုလုပ်ခဲ့သည်။
