Workshop on MNHRC’s Capacity Assessment and Possible Legal Amendments ကျင်းပခြင်း

၂၃ မေလ ၂၀၁၉

Workshop on MNHRC’s Capacity Assessment and Possible Legal Amendments ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အာရှ − ပစိဖိတ်ဒေသတွင်းရှိ အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများ ဖိုရမ် (Asia Pacific Forum of National Human Rights Institutions – APF) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) တို့ ပူးပေါင်း ၍ ၂၀၁၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ Parkroyal Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၊ အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ ပြည်သူ့ လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အာရှပစိဖိတ်ဒေသတွင်းရှိ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (APF) မှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ကိုယ်စားလှယ်နှင့် ဝန်ထမ်းများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်း စုစုပေါင်း (၄၂) ဦး တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် APF မှ Mr. Greg Heesom က The relationship between National Human Rights Commissions and the Parliament Introducing the Belgrade Principles and the Paris Principles ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေက MNHRC Capacity Assessment ကို လည်းကောင်း၊ ​​ကော်မရှင်ဥက္ကဋ္ဌက Possible amendments to 2014 MNHRC Law ကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်ကြသည့် ကိုယ်စားလှယ်များက အပြန်အလှန်မေးမြန်းဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြသည်။

02 03

 

 

 

 

လူ့အခွင့်အရေးအဆင့်မြင့်သင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိနားလည်လာပြီး လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအပေါ် လေးစားလိုက်နာ ကျင့်သုံး လာနိုင်စေရန်၊ နိုင်ငံသားတိုင်း လူ့အခွင့်အရေးများကို လေးစားလိုက်နာကျင့်သုံးခြင်းဖြင့် လူ့အခွင့်အရေး စံနှုန်းများမြင့်မားသော လူ့ဘောင်ပေါ်ထွန်းလာစေရန်နှင့် လူ့အခွင့်အရေး အသိပညာပြန့်ပွားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ လူ့အခွင့် အရေး အဆင့်မြင့် သင်တန်းအမှတ်စဉ် (၁) ကို ကော်မရှင်ရုံး တည်ရှိရာ အမှတ် (၂၇)၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ၂၇-၅-၂၀၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါ သည်။ ဖွင့်ပွဲအခမ်းအနားတွင်  ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားပြီး  ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က အဆင့်မြင့်သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြား ခြင်းနှင့် သင်တန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းက သင်တန်းဆိုင်ရာ  သိသင့် သည့်အချက်များ ရှင်းလင်းပြောကြားကြပါသည်။ ဖွင့်ပွဲအခမ်းအနားပြီးနောက်တွင် ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် သင်တန်းသူ/သား အားလုံး စုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပါသည်။ သင်တန်း ကာလမှာ ၄ ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းချိန်မှာ နံနက် ၇:၀၀ နာရီမှ ၉:၀၀ နာရီ အထိ ဖြစ် ပါသည်။ အဆိုပါ သင်တန်းသို့ လူ့အခွင့်အရေး အခြေခံသင်တန်း တက်ရောက်ပြီးသည့်  အမှတ်စဉ် ၁ မှ (၁၁) ဦး၊ အမှတ်စဉ် ၂ မှ (၂၁) ဦးနှင့် အမှတ်စဉ် ၃ မှ (၂၄) ဦး၊ စုစုပေါင်း ၅၆ ဦးတို့သည် ၂၁-၆-၂၀၁၉ ရက်နေ့အထိ တက်ရောက် သွားမည်ဖြစ်ပါသည်။ သင်တန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ အခြေခံအခွင့် အရေးများအား UDHR နှင့် နှိုင်းယှဉ် လေ့လာခြင်း၊ ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့် အရေးများအား ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) နှင့် မြန်မာနိုင်ငံ၊ SDGs နှင့် လူ့အခွင့် အရေး စသည့် ဘာသာရပ်များ အပါအဝင် စုစုပေါင်း ဘာသာရပ် (၁၅) ခုကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ဘာသာရပ် ကျွမ်းကျင် သူများက ပို့ချသွားမည်ဖြစ်ပါသည်။ သင်တန်းတွင် Group Discussion နှင့် Field Trip အစီအစဉ်များ လည်း ပါဝင်မည်ဖြစ်ပြီး သင်တန်းကြေးမှာ အခမဲ့ဖြစ်ပါသည်။

2 3 4 5 6 7

 

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိ ခန္တီးမြို့၊ လဟယ်မြို့၊ ထမံသီဒေသ၊ လေရှီးမြို့နှင့် ဟုမ္မလင်း မြို့များတွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေး ဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိပြီး လေးစား လိုက်နာ ကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ များ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအတွင်းရှိ ခန္တီးမြို့၊ လဟယ်မြို့၊ ထမံသီ၊ လေရှီးမြို့နှင့် ဟုမ္မလင်းမြို့များသို့  သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့ သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း (ခန္တီး)၊ ကျန်စစ်သားခန်းမတွင် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခန္တီးခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သော ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားအရာရှိ/စစ်သည်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

          ထို့နည်းတူ ၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့၊ မာလာတောင်အားကစားခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော် သားအရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်  စိတ်ပါ ဝင်စားသူများ စုစုပေါင်း (၂၅၂) ဦး တက်ရောက်ခဲ့ပါသည်။ ရှင်းလင်း ဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ လှူဒါန်းသော ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၁၀) သိန်းကို ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပေးအပ်ရာ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

          ကော်မရှင်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီဒေသ၊ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် လူ့အခွင့်အရေး အကြောင်း သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင် သော ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့်  စိတ်ပါ ဝင်စားသူများ စုစုပေါင်း (၂၀၅) ဦး တက်ရောက်ခဲ့ပါသည်။

          အလားတူ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရိပ်သာ (၂) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၂၅) ဦး တက်ရောက်ခဲ့ပါသည်။ ရှင်းလင်းဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ လှူဒါန်းသော ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် (၆) သိန်းကို ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပေးအပ်ရာ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းလေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ ကော်မရှင်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ဟုမ္မလင်း လေတပ် စခန်း ဌာနချုပ်မှူး၊ ဒုတိယလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား အရာရှိ/ စစ်သည်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၁) ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး က လူ့အခွင့် အရေးဆိုင်ရာ အခြေခံအယူအဆများ အကြောင်းကိုလည်းကောင်း၊ Human Rights Educator ဦးကောင်းခန့်ဇင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်မှုများအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ ကြပါသည်။

          ဆွေးနွေးပွဲများအတွင်း တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခဲ့ကြရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားသော လူ့အခွင့်အရေး ချိုးဖောက်မှု နမူနာအချို့နှင့် တိုင်ကြားမှုများအပေါ် မည်သို့ အရေးယူ ဆောင်ရွက်သည်ကို သိရှိလိုကြောင်း၊ မိမိတို့ဒေသတွင် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များတွင် အလုပ်လုပ်ကိုင်နေရသော ကလေးများအပေါ် မတရား စေခိုင်းမှု များရှိကြောင်း၊ ယင်းတို့မှာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၄ ကို  လူ့အခွင့်အရေး ချိုးဖောက်မှု မြောက်/ မမြောက်သိရှိလိုကြောင်း၊  လူ့အခွင့်အရေး အပေါ် အမျိုးသားအကျိုးစီးပွားက လွှမ်းမိုးလေ့ရှိသည်ဆိုခြင်းနှင့် ပတ်သက်၍ အခြားနိုင်ငံ များတွင်လည်း ထိုကဲ့သို့ လွှမ်းမိုးမှု ရှိ /မရှိနှင့် ဗုဒ္ဓဘာသာ အဆိုအမိန့်များသည် လူ့အခွင့်အရေး အပေါ် လွှမ်းမိုးနိုင်သည်ဟူသည့်အချက်ကို  ဥပမာဖြင့် ရှင်းလင်းပြောကြားပေးပါရန် စသည်တို့ အပါအဝင် မေးခွန်းမေးမြန်းမှုများအပေါ် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် နာဂတောင်တန်းဒေသများမှာ ယခင်က ဝေးလံ သီခေါင် ဒေသများအဖြစ် ဖွံ့ဖြိုးမှုနောက်ကျသောဒေသများ ဖြစ်ခဲ့သော်လည်း ယခုအခါ နယ်မြေ အေးချမ်းလုံခြုံ မှုရှိသောကြောင့် ဒေသဖွံ့ဖြိုးလာပြီး လူနေမှုအဆင့်မြင့်မား တိုးတက်နေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ပြည်သူများအကြား လူ့အခွင့်အရေး ဗဟုသုတများ တိုးပွားလာစေရန်၊ လူ့အခွင့်အရေးကို လေးစားရန် နှင့် မှန်ကန်စွာ သိရှိနားလည်စေရန် ရည်ရွယ်၍ ဤဒေသကဲ့သို့ပင် နယ်စွန်နယ်ဖျားဒေသများ အပါအဝင် ဒေသအသီးသီး၌ လူ့အခွင့်အရေး ဆိုင်ရာ သိကောင်းစရာဆွေးနွေး ဟောပြောပွဲများကို ဆက်လက်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လူ့အခွင့်အရေးအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

         မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင် သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ မာလာတောင်အားကစားခန်းမတွင် လူ့အခွင့်အရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား အရာရှိ/စစ်သည်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၂) ဦး တက်ရောက်ခဲ့ ပါသည်။ ရှင်းလင်းဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ လှူဒါန်းသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၁၀) သိန်းကို ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပေးအပ်ရာ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

လူ့အခွင့်အရေးအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

      မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင် သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီဒေသ၊ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် လူ့အခွင့်အရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်း ရင်းသားပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၀၅) ဦး တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ကလေးသူငယ်ကွန်ရက်မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်း

       ကလေးသူငယ်များသည် နိုင်ငံ၏ အနာဂါတ်များ ဖြစ်ပါသည်။ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေး ဖြစ်သည့် အသက်ရှင်သန်ကျန်ရှိမှု အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေး၊ အကာအကွယ် ရရှိပိုင်ခွင့် အခွင့်အရေးနှင့် ပါဝင်ဆောင်ရွက်ခွင့်အခွင့်အရေးများကို ပြည့်ဝစွာအကောင်အထည်ဖော်ဆောင်ပေးရန် အရေးကြီးလှပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း ကော်မရှင ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ကလေးသူငယ်အခွင့်အရေး ကိစ္စရပ်များကို ဖော်ဆောင် လျက်ရှိ ပါသည်။ ထိုသို့ ဖော်ဆောင်ရာတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ဟောပြောခြင်း၊ ကလေးသူငယ် အခွင့်အရေး ထိပါးခံရမှုများနှင့် စပ်လျဉ်း၍ အကာအကွယ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အပြင် အခါအားလျော်စွာ ကလေးသူငယ်များနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိပါသည်။
၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ကလေးသူငယ် ကွန်ရက်အသီးသီးမှ ကိုယ်စားလှယ်များသည် ကော်မရှင်ရုံး သို့လာရောက်၍ တွေ့ဆုံဆွေးနွေးလေ့လာမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်လေး၊ ကော်မရှင်အဖွဲ့ဝင် ဉီးညွန့်တင်နှင့် ကော်မရှင်ရုံးဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဉီး စွာ ကော်မရှင် အဖွဲ့ဝင်များက နှုတ်ခွန်းဆက်စကား အသီးသီးပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်း သိကောင်းစရာ များကို ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူး ဉီးအာကာဟိန်းစိုး၊ Child Desk ကဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူး ဉီးသူရကျော်တို့က ကော်မရှင်၏ ကလေးသူငယ် အခွင့်အရေးမြှင့်တင်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဖြည့်စွက် ရှင်းလင်းခဲ့ပါသည်။ ယင်းနောက် ကလေးသူငယ် ကိုယ်စားလှယ်များက ဒေသအသီးသီးတွင် ကြုံတွေ့နေရသော ကလေးသူငယ် အခွင့် အရေးဆိုင်ရာ အခက်အခဲများ၊ ထိပါးချိုးဖောက်ခံနေရမှုများနှင့် ကော်မရှင်အကြောင်း သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားခဲ့ကြ ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ကလေးသူငယ်ကိုယ်စားလှယ်များသည် ကော်မရှင်ရုံးအတွင်း လုပ်ငန်း ဆောင်ရွက် မှုအခြေအနေများ၊ တိုင်တန်းစာများ စိစစ်မှု အခြေအနေများကို ကြည့်ရှု လေ့လာခဲ့ကြပါသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ တောင်တန်းသာသနပြု ဗဟိုကျောင်း၊ ဘုန်းတော်ကြီး သင် ပညာရေးအတွက် အလှူငွေလှူဒါန်း

          နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် အဖွဲ့ သည် ၁၅-၅-၂၀၁၉ ရက်နေ့တွင် တောင်တန်းသာသနပြု ဗဟိုကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ပြီး ဘုန်းတော်ကြီးသင် ပညာရေးအတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ငွေကျပ် ၄ သိန်းကို ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်မှ ဆရာတော်အား ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

လူ့အခွင့်အရေးအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင် သော အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခန္တီး)၊ ကျန်စစ်သား ခန်းမတွင် လူ့အခွင့်အရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခန္တီး ခရိုင်အုပ်ချုပ် ရေးမှူး ဦးဆောင်သော ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေတပ်ရင်း တပ်ဖွဲ့များ မှတပ်မတော်သားအရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဖက်အဖွဲ့အစည်း များ၊ ရပ်မိရပ်ဖများ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး အသိပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်ပြီး လူ့အခွင့်အရေး အခြေခံ သင်တန်း အမှတ်စဉ် (၃) ကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်း၏ သင်တန်းဆင်းပွဲကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး တည်ရှိရာ အမှတ်(၂၇)၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို၌ မေလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ သင်တန်း သို့ အနယ်နယ်အရပ်ရပ်မှ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ဘာသာရပ် (၁၆) ခု သင်ကြားပို့ချခဲ့ပါသည်။

၂။       သင်တန်းဆင်းပွဲမတိုင်ခင် မေးခွန်းများ မေးမြန်းခြင်း အပိုင်းတွင် သင်တန်းသားများက ယင်းတို့ သိရှိလိုသည့် လူ့အခွင့်အရေးဆိုင်ရာ မေးခွန်းများ ဆွေးနွေး မေးမြန်းခဲ့ပြီး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့က ပြန်လည်ဖြေကြားခဲ့ပါ သည်။ ယင်းနောက် သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးဖြစ်သူ ဦးကျော်မြင့်မှ ကျေးဇူးတင်စကား ပြောကြားရာတွင် သင်တန်းသားများအနေနှင့် ယခင်က လူ့အခွင့်အရေး ဗဟုသုတနှင့် စပ်လျဉ်းပြီး သိရှိထားမှု နည်းပါးခဲ့ပါကြောင်း၊ သို့သော်လည်း သင်တန်းတက် ရောက်ပြီး နောက်ပိုင်းလူ့အခွင့်အရေး ဗဟုသုတများစွာ တိုးတက်လာသည့်အတွက် အချိန်ပေးပြီး သင်တန်းဖွင့်လှစ်ပေးသည့် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်း တာဝန်ရှိသူများ အား သင်တန်းသူ/သားများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

၃။      ဆက်လက်၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က သင်တန်းအပြီး ဆန်းစစ်တွင် ဆုရရှိသူများအား လည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့က သင်တန်းသူ/သား (၅၁) ဦးတို့အားလည်းကောင်း သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းဆင်းပွဲ အခမ်းအနားအား နံနက် (၉)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လူ့အခွင့်အရေးအဆင့်မြင့်သင်တန်း အမှတ်စဉ် (၁) သင်တန်းသားခေါ်ယူခြင်း

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူများအတွင်း လူ့အခွင့်အရေး အသိပညာ တိုးပွားစေရေးအတွက် ရည်ရွယ်၍ လူ့အခွင့်အရေး အခြေခံ သင်တန်းများကို အမှတ်စဉ် (၃) အထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ သင်တန်းများသို့ တက်ရောက်ပြီးသူများ အနေဖြင့် အဆင့်မြင့် သင်တန်း ထပ်မံ တက်ရောက် နိုင်ရေးအတွက် လူ့အခွင့်အရေး အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁) ကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်-

          (က)    သင်တန်းကာလ။       ၂၇-၅-၂၀၁၉ ရက်နေ့မှ ၂၁-၆-၂၀၁၉ ရက်နေ့ အထိ

                                                        (ရုံးဖွင့် ရက်များသာ)၊

          (ခ)     သင်တန်းချိန်။           နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ၊

          (ဂ)     သင်တန်းသား အရေအတွက်။ (၅၀) ဦး။

၂။       သင်တန်းမှာ အခမဲ့ဖြစ်သော်လည်း သင်တန်းအထောက်အကူပြု စာရွက်စာတမ်းများအတွက် ကုန်ကျမှုကို သင်တန်းသားမှ ကျခံရမည်ဖြစ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် ကော်မရှင်ရုံးမှ ဖွင့်လှစ်သော လူ့အခွင့်အရေး အခြေခံသင်တန်း တက်ရောက်ပြီးသူများဖြစ်ရန်လိုအပ်ပြီး ကော်မရှင်ရုံး သို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ Online မှ လျှောက်ထားလိုသူများ အနေဖြင့် website: www.mnhrc.org.mm နှင့် Facebook Page www.facebook.com/myanmarnhrc မှသော်လည်းကောင်း ၁၀-၅-၂၀၁၉ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပြီး လိုင်စင်ဓာတ်ပုံ (၂) ပုံ၊ မှတ်ပုံတင်မိတ္တူနှင့် စာရွက်စာတမ်းကြေး ၂၅၀၀ဝိ/− ကျပ်တိတိတို့ကို လျှောက်ထားပြီးသည်နှင့် တစ် ပြိုင်နက် လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။  သတ်မှတ်လူဦးရေပြည့်သည့် အထိသာ လျှောက်လွှာ များကို လက်ခံသွားမည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာန၊ အမှတ် (၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၆၅၄၆၇၃၊ ၀၁-၆၅၄၆၈၁ (လိုင်းခွဲ ၈၃၁၊ ၈၄၈) တို့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။