မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး အလုပ်လျှောက်လွှာခေါ်ယူခြင်း ၁၃၈၁ ခုနှစ်၊ နယုန်လ္ဆုတ် ၅ ရက် (၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးချုပ်တွင် လစ်လပ်လျက်ရှိသော ဖော်ပြပါ ရာထူးနေရာအတွက် ယှဉ်တွဲပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

 (က)   ဦးစီးအရာရှိ –        လစာနှုန်း ကျပ် ၂၇၅၀၀ဝိ-၄၀၀ဝိ-၂၉၅၀၀ဝိ (၇) ဦး

        (၁)     အသက် (၄၀) နှစ်အောက် ဖြစ်ရမည်။

          (၂)     အစိုးရဌာနတွင် ဒုတိယဦးစီးမှူးအဆင့် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် နှင့် ပုဂ္ဂလိက ကုမ္ပဏီများတွင် လုပ်ကိုင်သူဖြစ်ပါက အစိုးရဌာနတွင် လုပ်ကိုင်ခဲ့သော ဒုတိယဦးစီးမှူး လုပ်သက်နှင့် ပုဂ္ဂလိက ကုမ္ပဏီတွင် လုပ်ကိုင်ခဲ့သော လုပ်ငန်းအတွေ့ အကြုံ စုစုပေါင်းအနည်းဆုံး (၅) နှစ် ရှိရမည်။

 (ခ)    အထက်ပါ ရာထူးနေရာများသို့ ဝင်ရောက်လျှောက်ထားလိုသူများသည်-

(၁)     အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ပြီး မဟာဘွဲ့နှင့်အထက် ရရှိသူ များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဖွင့်လှစ်သော အခြေခံနှင့် အဆင့်မြင့်လူ့အခွင့်အရေးသင်တန်း တက်ရောက်ပြီးဆုံးသူများ၊ အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြောနှင့် Computer ကျွမ်းကျင်သူများကို ဦးစားပေးမည်။

(၂)     ရွေးချယ်ခံရသူသည် တာဝန်ထမ်းဆောင်ဆဲဖြစ်ပါက မိမိတာဝန်ထမ်းဆောင်သည့် ဌာန/ အဖွဲ့အစည်းများမှ နုတ်ထွက်ရမည်။

          (၃)       ရွေးချယ်ခံရပါက ကော်မရှင်ကစေလွှတ်မည့်သင်တန်းများ တက်ရောက်နိုင်ရမည်ဖြစ်ပြီး ကော်မရှင်နှင့်အလုပ်ခန့်ထားခြင်းဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုနိုင်သူဖြစ်ရမည်။

(၄)     ရေးဖြေ၊ လူတွေ့စစ်ဆေးခြင်းနှင့် စိတ်ပညာစစ်ဆေးမှု ခံယူရပါမည်။

မှတ်ချက်။      (က)    အထက်ဖော်ပြပါ အရည်အချင်းများနှင့်ကိုက်ညီသူများသည် အောက်ဖော်ပြပါ အထောက်အထားများ ပြည့်စုံစွာဖြင့် (၂၂-၇-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး  ကော်မရှင်ရုံး၊ အမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ လူကိုယ်တိုင် ဖြစ်စေ၊ မှတ်ပုံတင်(အမြန်ချောပို့) စနစ်ဖြင့်ဖြစ်စေ ပေးပို့လျှောက်ထားရန် ဖြစ်ပါသည်။

  • ကိုယ်တိုင်ရေးလျှောက်လွှာ (Curriculum Vitae CV Form ပူးတွဲလျက်)
  • ဘွဲ့လက်မှတ်မိတ္တူ၊
  • နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
  • အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊
  • အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရဲစခန်း ထောက်ခံချက် နှင့် အစိုးရဌာနတွင် တာဝန်ထမ်းဆောင်ဆဲဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအမှူး၏ ခွင့်ပြုကြောင်းထောက်ခံချက်၊
  • သတ်မှတ်ချက်ပါလုပ်ငန်းအတွေ့အကြုံ လုပ်သက်အထောက်အထားများ နှင့် အခြားကျွမ်းကျင်မှုအထောက်အထားများ၊
  • ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ကြောင်း သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်တစ်ဦး၏ ထောက်ခံချက်၊

                   (ခ)     အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ် – ၀၁- ၆၅၄၆၈၁ မှ ၆၅၄၆၈၄ Ext:  ၈၀၁၊ ၈၃၆ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများအတွင်းရှိ ဆီဆိုင်မြို့နှင့် ပင်လောင်းမြို့များတွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဆီဆိုင်မြို့နှင့် ပင်လောင်းမြို့များသို့  သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင် သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် ၊ ဖယ်ခုံမြို့၊ မြို့နယ်ခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲကျင်းပပြုလုပ် ခဲ့ရာ ဖယ်ခုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားအရာရှိ / စစ်သည် များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

          ထို့နည်းတူ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ်ခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားအရာရှိ/စစ်သည် များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်း သား ပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၇၀) ဦး တက်ရောက်ခဲ့ပါသည်။

ကော်မရှင်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​​ဒေသရှိ ပင်လောင်းမြို့၊မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဦးစီးအဖွဲ့ဝင်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်ရင်းမှ တပ်မတော်သား အရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၂၁) ဦး တက်ရောက်ခဲ့ပါသည်။

          ဆွေးနွေးပွဲများအတွင်း တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ ကြရာ၌ကော်မရှင်အနေဖြင့် ရဲအချုပ်ခန်း၊ တရားရုံးအချုပ်ခန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိ/မရှိ စောင့်ကြည့်နေသည်ဟု သိရပါကြောင်း၊ တပ်မတော်တပ်ရင်းများနှင့် ရဲတပ် ရင်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် စောင့်ကြည့်ခြင်းရှိ/မရှိနှင့် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေသည် လူ့အခွင့်အရေးနှင့် ညီ/ မညီ ၊ သိမ်းဆည်းခံမြေများ စိစစ်၍ တောင်သူများသို့ ပြန်လည်ပေးအပ်မှု အခြေအနေ ၊ ကမ္ဘာပေါ်၌ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး လိုက်နာမှုအဆင့်၊ တိုင်းရင်းသားဒေသများမှ လူ့အခွင့်အရေးဆုံးရှုံးမှုနှင့် ပတ်သက်သည့် တိုင်စာ ပေးပို့တိုင်ကြားမှုအပေါ် ကော်မရှင်က ဆောင်ရွက်ပေးသည့် သာဓကအချို့နှင့် ကော်မရှင် အဖွဲ့ဝင်များ ရွေးချယ်ရာတွင် မည်သို့မည်ပုံရွေး ချယ်သည် စသည်တို့အပါအဝင် မေးခွန်းမေးမြန်းမှုများအပေါ် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြန်လည် ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ပါသည်။

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ပြည်သူများအကြား လူ့အခွင့်အရေးဗဟုသုတများတိုးပွားလာစေရန်၊ လူ့အခွင့်အရေးကို လေးစားရန်နှင့် မှန်ကန်စွာ သိရှိနားလည်စေရန် ရည်ရွယ်၍ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အပါအဝင် ဒေသအသီးသီး၌ လူ့အခွင့်အရေး ဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကို ဆက်လက်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့တွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်​လောင်းမြို့တွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ ၀၉:၀၀ နာရီ အချိန်တွင် ပင်လောင်းမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင် သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၂၁) ဦး တက်ရောက်ခဲ့ကြပါသည်။

ရှင်းလင်းဆွေးနွေးပွဲအတွင်း တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ ကြရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိပြီး လေးစား လိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့တွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့၊ မြို့တော်ခန်းမတွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော် အရာရှိ/စစ်သည်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၇၀) ဦး တက်ရောက်ခဲ့ပါသည်။ ရှင်းလင်းဆွေးနွေးပွဲအတွင်း တက်ရောက်လာကြသူများမှ သိရှိလို သည်များကို မေးမြန်းကြရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါ သည်။

ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဆီဆိုင်မြို့မှ ပြန်လည် ထွက်ခွာခဲ့ပြီး လမ်းခရီး၌ ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင် နာယကကြီး ဦးအောင်ခမ်းထီးအား တွေ့ဆုံဂါရဝပြု နှုတ်ဆက်ခဲ့ပါသည်။ ထို့မှတစ်ဆင့် ပင်လောင်းမြို့သို့ ဆက်လက်ထွက်ခွာ၍ ညအိပ် ရပ်နားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့တွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင် သောအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ၊ ဖယ်ခုံမြို့၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၂ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့၊ မြို့နယ်ခန်းမတွင် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင် သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားအရာရှိ/ စစ်သည် များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

      တက်ရောက်လာကြသည့်ပုဂ္ဂိုလ်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌမှ ပြန်လည် ဖြေကြားခဲ့ပါသည်။