မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင် သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် (၀၈:၃၀) နာရီမှ (၁၁:၃၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ အနောက်တောင်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံး အစည်းအဝေးခန်းမ ဆွေးနွေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံ ရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူ များ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ နေ့လယ် (၁၃:၃၀) နာရီမှ (၁၆:၃၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်ကျေးရွာ၊ စိုက်ပျိုးရေးအထွက်တိုးစခန်းတွင် ဆွေးနွေးဟောပြော ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူ အဆများကို လည်းကောင်း ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးအောင်ကောင်းမြတ်က ကလေးသူငယ်အခွင့်အရေးများကို လည်းကောင်း၊ Educator ဒေါ်စန္ဒာထူးက အမျိုးသမီးအခွင့်အရေးများကို လည်းကောင်း၊ ကော်မရှင် ရုံးမှ Educator ဒေါ်ဖြိုးသီရိဗိုလ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။

70908128_976698169328474_7679431577134170112_n70326276_499043097541688_8669575711008227328_n 70523482_1901233420022162_4739655599803858944_n 70540809_909471699427437_621173676842156032_n70704508_748549058890179_370084154936655872_n