မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၄) သင်တန်းသားခေါ်ယူခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူများအတွင်း လူ့အခွင့်အရေး အသိပညာ တိုးပွားစေရေး အတွက် ရည်ရွယ်၍ လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၄) ကို စက်တင်ဘာလမှစတင်၍ အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်-

          (က)    သင်တန်းကာလ။       ၂၇-၉-၂၀၁၉ ရက်နေ့မှ ၁၀-၁၀-၂၀၁၉ ရက်နေ့အထိ (ရုံးဖွင့်ရက်များသာ)၊

          (ခ)     သင်တန်းချိန်။           နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ၊

          (ဂ)     သင်တန်းသား အရေအတွက်။          (၅၀) ဦး။

၂။       သင်တန်းမှာ အခမဲ့ဖြစ်သော်လည်း သင်တန်းအထောက်အကူပြု စာရွက်စာတမ်းများအတွက် ကုန်ကျမှုကို သင်တန်းသား မှ ကျခံရမည်ဖြစ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် ကော်မရှင်ရုံးသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ Online မှ လျှောက်ထားလိုသူများအနေဖြင့် https://docs.google.com/forms/d/1xSELHFmt5pSPpDv7HO31RRkew0b1jMvtFLFA7YNIRpA/edit website: www.mnhrc.org.mm နှင့် Facebook Page www.facebook.com/ myanmarnhrc မှသော်လည်းကောင်း ၁၀-၉-၂၀၁၉ ရက်နေ့မှ စတင်၍လျှောက်ထားနိုင်ပြီး လိုင်စင်ဓာတ်ပုံ (၂) ပုံ၊ မှတ်ပုံတင် မိတ္တူနှင့် စာရွက်စာတမ်းကြေး တစ်သောင်းကျပ်တိတိတို့ကို လျှောက်ထားပြီးသည်နှင့် တစ် ပြိုင်နက် လာရောက်ပေးသွင်း ရန်ဖြစ်ပါသည်။  သတ်မှတ်လူဦးရေပြည့်သည့် အထိသာ လျှောက်လွှာ များကို လက်ခံသွားမည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာန၊ အမှတ် (၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၆၅၄၆၇၃၊ ၀၁-၆၅၄၆၈၁ (လိုင်းခွဲ ၈၃၁၊ ၈၄၈) တို့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။