မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင် အဖွဲ့ဝင်များမှ မန္တလေးဗဟိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်၊ ကုန်ထုတ်စခန်းများနှင့် ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း

၁။      နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၃/၂၀၂၀)ဖြင့် အသစ်ထပ်မံဖွဲ့စည်းပေးခဲ့သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးတင်အောင်၊ ဦးကျော်မြင့်၊ ဦးကျော်စိုးတို့ ဦးဆောင် သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၈-၁-၂၀၂၀ ရက်နေ့မှ ၃၁-၁-၂၀၂၀ ရက်နေ့အထိ မန္တလေးတိုင်း ဒေသကြီး အကျဉ်းဦးစီးဌာနလက်အောက်ရှိ မန္တလေးဗဟိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်၊ ကုန်ထုတ်စခန်းများဖြစ်သော ၂၄ မိုင်၊ ထုံးဘို (မ)၊ ထုံးဘို(ကျား ၁၊ ၂)နှင့် ဘုရားငါးဆူတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ခရီးစဉ်အတွင်း မိတ္ထီလာမြို့ရှိ ခရိုင်၊ မြို့နယ်တရားရုံးအချုပ်ခန်း၊ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီး အချုပ်ခန်း၊ မြို့မရဲစခန်း အချုပ်ခန်းနှင့် နယ်မြေရဲစခန်း အချုပ်ခန်းတို့ကိုလည်း အသီးသီး ကြည့်ရှုစစ်ဆေးခဲ့ကြ ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့ဝင်များသည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်း ထောင်၊ အကျဉ်းစခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်း တွေ့ဆုံလိုသော အကျဉ်းသား၊ အကျဉ်းသူများနှင့် တွေ့ဆုံကာ လူ့အခွင့်အရေးဖောက်ဖျက်မှု ခံရခြင်း ရှိ မရှိ၊ အကျဉ်းထောင်အတွင်း အခြေခံလူ့အခွင့်အရေးများ ရရှိမှု ရှိ မရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြပါ သည်။

၃။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလိုအရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုတိုက်တွန်းချက်များ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁   ရက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော ခရိုင်ရဲတပ်ဖွဲ့မှူးသင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး တို့သည် ၂၃-၁-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁၂း၃၀ မှ ၁၅း၄၀ အထိ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော ခရိုင်ရဲတပ်ဖွဲ့မှူးသင်တန်း အမှတ်စဉ် (၅/၂၀၁၉) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ချုပ် ဦးဘုန်းကြွယ်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေး မှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးအခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာ တမ်း အကြောင်းကိုလည်း အသီးသီး ရှင်းလင်းပို့ချခဲ့ပါသည်။ သင်တန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး (၅၀) ဦး တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာအသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကိုမှန်ကန်စွာသိရှိပြီး လေးစား လိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေး ပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင် ဦးဆောင်သောအဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ကွမ်းခြံကုန်းမြို့နှင့် ကော့မှူးမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ များ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင် ဦးဆောင် သောအဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၀၉:၀၀ နာရီမှ ၁၂:၀၀ နာရီ အထိ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့၊ ဇာတိမာန်ခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိ ကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေး အခြေခံအယူ အဆများအကြောင်းကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များ အကြောင်းကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များ နှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း အင်အား   ၂၇၃ ဦး တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲ တွင် တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲ ၁၃:၀၀ နာရီမှ ၁၆:၀၀ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ တွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် က လူ့အခွင့်အရေးအခြေခံအယူအဆများ အကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်က ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အကြောင်းကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း နှင့် ဆောင်ရွက်ချက်များ အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော  ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း အင်အား ၂၀၀ ဦး တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ သိရှိလို သည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြည်သူအများ လူ့အခွင့်အရေးကို မှန်ကုန်စွာသိရှိစေရန်၊ မှန်ကန်စွာ ကျင့်သုံးတတ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ကွမ်းခြံကုန်းမြို့နှင့် ကော့မှူးမြို့များတွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုကဲ့သို့သော ဆွေးနွေးဟောပြောပွဲများကို ဆက်လက် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။