မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ United Nation Development Programme – UNDP က ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် United Nation Development Programme – UNDP က Laptop Computer (၂၂) လုံးနှင့် Printer (၁၁) လုံးတို့ကို ကော်မရှင်ရုံးသို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့ များတွင် လာရောက်လှူဒါန်းခြင်းအခမ်းအနားများသို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် United Nation Development Programme – UNDP တို့ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် Strategic Plan 2020-2024 ၏ အစိတ်အပိုင်းအနေဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် တို့ကလက်ခံရယူခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အနှေးယာဉ်လုပ်သားမိသားစုများအား ထောက်ပံ့လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၂၈) ရပ်ကွက်၊ တာဝန်ရှိပုဂ္ဂိုလ် များနှင့်အတူ အမှတ် (၂၈) ရပ်ကွက်အတွင်းရှိ အနှေးယာဉ်လုပ်သား အိမ်ထောင်စု (၃၄) စုအား ဆန်၊ဆီ အပါအဝင် အခြေခံ စားကုန် (၆) မျိုးကို COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေအိမ်များအရောက် သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။
COVID-19 ရောဂါကျရောက်သည့် လက်ရှိကာလအတွင်း စားဝတ်နေရေး ကျပ်တည်းပြီး ဆင်းရဲနွမ်းပါးချို့တဲ့သော မိသားစုများကို ဆက်လက်ထောက်ပံ့ လှူဒါန်းနိုင်ရေး စီစဉ် ဆောင်ရွက်သွားရန် ရည်ရွယ် ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စားဝတ်နေရေးကျပ်တည်းသည့် ဆင်းရဲနွမ်းပါးချို့တဲ့သော မိသားစုဝင်များအား ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၂၈) ရပ်ကွက်၊ တာဝန်ရှိပုဂ္ဂိုလ် များနှင့်အတူ အမှတ် (၂၈) ရပ်ကွက်အတွင်းရှိ စားဝတ်နေရေး ကျပ်တည်းသည့် ဆင်းရဲနွမ်းပါး ချို့တဲ့သော မိသားစု (၂၈) စုအား ဆန်၊ဆီ အပါအဝင် အခြေခံ စားကုန် (၆) မျိုးကို COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေအိမ်များအရောက် သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။
COVID-19 ရောဂါကျရောက်သည့် လက်ရှိကာလအတွင်း စားဝတ်နေရေး ကျပ်တည်းပြီး ဆင်းရဲနွမ်းပါးချို့တဲ့သော မိသားစုများကို ဆက်လက်ထောက်ပံ့ လှူဒါန်းနိုင်ရေး စီစဉ် ဆောင်ရွက်သွားရန် ရည်ရွယ် ပါသည်။


 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် ပစ္စည်းများသွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများ စုပေါင်း၍ ရန်ကုန်မြို့ရှိ Coronavirus Disease 2019 (COVID– 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူ‌ငွေ ကျပ်သိန်း(၃၀)တန်ဖိုးရှိ ပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက် စွဲ၊ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်ကာကွယ်ရေးသင်တန်း၊ အမှတ်စဉ်(၁၉) အား Video Conferencing ဖြင့် သင်ခန်းစာပို့ချခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (နေပြည်တော်) တွင် ဖွင့်လှစ်လျက်ရှိသည့် နိုင်ငံတော်ကာကွယ်


ရေး သင်တန်းအမှတ်စဉ် (၁၉) အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီမှ ၁၁:၄၅ နာရီအထိ Video Conferencing ဖြင့် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ ပို့ချခဲ့ပါသည်။
သင်တန်းသို့ Human Rights and Role of Myanmar National Human Rights Commission ဘာသာရပ်ခေါင်းစဉ်ဖြင့် ပို့ချခဲ့ရာ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ထူထောင်မှု Establishment of NHRIs နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ Human Rights နှင့် In ternational Human Rights Convention တို့၏အကြောင်း ဆက်စပ် ဆွေးနွေးပို့ချခဲ့ပါသည်။
သင်ခန်းစာပို့ချပြီးနောက် တက်ရောက်လာကြသည့် သင်တန်းသားအရာရှိကြီးများက သိရှိလို သည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသား အရာရှိကြီး ၆၄ ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက် စွဲ ၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက် ။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မရမ်းကုန်းမြို့နယ်တွင် တည်ဆောက်လျက် ရှိသည့် COVID-19 ရောဂါကုသရေးဌာန ( မရမ်းကုန်း ) အင်းယားစင်တာအား သွားရောက်ကြည့်ရှု အားပေး

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့် နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့ပါဝင်သောအဖွဲ့သည် မရမ်းကုန်းမြို့နယ်တွင် ဆောက်လုပ် လျက်ရှိသည့် COVID-19 ရောဂါကုသရေးဌာန ( မရမ်းကုန်း ) အင်းယားစင်တာအား ၇-၁၀-၂၀၂၀ ရက်နေ့၊ နေ့လယ် ၁၂:၃၀ နာရီ အချိန်သွားရောက် ကြည့်ရှုခဲ့ပါသည်။ ဆောက်လုပ်ရေး စင်တာမှ တာဝန်ရှိသူများက ကြိုဆို နှုတ်ခွန်းဆက်ကြပြီး ဆေးရုံ Hospital Space Planner ဖြစ်သူ ဦးစိုးလှိုင်က ကုသရေးဌာနအတွင်း ကျား/မအဆောင်များ၊ အောက်ဆီဂျင်ခန်းတည်ဆောက် နေမှုများ၊ ကျန်းမာရေးဝန်ထမ်းများမှထိန်းချုပ်ကုသမည့် နေရာများ၊ လူနာထမင်းစားဆောင်အခန်း များအား လိုက်လံရှင်းလင်းပြသပါသည်။ ထို့နောက် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်မှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က COVID-19 ရောဂါပိုးတွေ့လူနာများ၏ အခြေခံလူ့အခွင့်အရေးများ အပြည့်အဝ ရရှိစေရေး ဆောင်ရွက်ပေးကြသည့် အလှူရှင်နှင့်တာဝန်ရှိပုဂ္ဂိုလ်များအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ကလည်း လိုအပ်သည်များကို တတ်အားသရွေ့ ကူညီပံ့ပိုးကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက် စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ အဆောင်နေဝန်ထမ်းများအား မီးဖိုချောင်သုံး ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း

ကိုဗစ်ကပ်ရောဂါကာလအတွင်း ရုံးလုပ်ငန်းများဆောင်ရွက်နေသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးရှိ အဆောင်နေဝန်ထမ်းများအတွက် ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ လှူဒါန်းသော မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့သည့်အခမ်းအနားကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတည်ရှိရာ အမှတ်၊ ၂၇ ပြည်လမ်း၊ ခြောက်မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ၅-၁၀-၂၀၂၀ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် အဆောင်နေဝန်ထမ်း (၂၂) ဦး အတွက် တစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာ၊ အာလူး(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ၊ ပဲနီလေး (၂) ဗူး၊ ငါးသေတ္တာဗူး(၃)ဗူး နှင့် ခေါက်ဆွဲခြောက်ထုပ် (၁)ထုပ်စီအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများအနက်မှ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက် စွဲ၊ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်

received_637455890491622received_771034556809112