မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (နေပြည်တော်) တွင် ဖွင့်လှစ်လျက်ရှိသည့် နိုင်ငံတော်ကာကွယ်
ရေး သင်တန်းအမှတ်စဉ် (၁၉) အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီမှ ၁၁:၄၅ နာရီအထိ Video Conferencing ဖြင့် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ ပို့ချခဲ့ပါသည်။
သင်တန်းသို့ Human Rights and Role of Myanmar National Human Rights Commission ဘာသာရပ်ခေါင်းစဉ်ဖြင့် ပို့ချခဲ့ရာ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ထူထောင်မှု Establishment of NHRIs နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ Human Rights နှင့် In ternational Human Rights Convention တို့၏အကြောင်း ဆက်စပ် ဆွေးနွေးပို့ချခဲ့ပါသည်။
သင်ခန်းစာပို့ချပြီးနောက် တက်ရောက်လာကြသည့် သင်တန်းသားအရာရှိကြီးများက သိရှိလို သည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသား အရာရှိကြီး ၆၄ ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက် စွဲ ၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၈ ရက် ။