၁။ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၂) တောင်ရပ်ကွက်၊ မာန်ပြေ (၃) လမ်းအရှေ့၊ အမှတ်(၈၅၉) နေ ဒေါ်လှလှဌေး (ခ) မယ်မှုံ၏ နေအိမ်တွင် မူးယစ်ဆေးဝါးတွေ့ရှိသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် တရားစွဲဆိုရန် အကြောင်းမလုံလောက်သဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိရပါသည်။
၂။ ယင်းသတင်းမှန်ကန်မှု ရှိ၊ မရှိ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ပြန်လည်လွတ်မြောက်လာသည်မှာ မှန်ကန်သဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့က သွားရောက်၍ ဒေါ်လှလှဌေး (ခ) မယ်မှုံ၏ မိသားစုအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်