လူ့အခွင့်အရေး
ကာကွယ်စောင့်ရှောက်ရေးဌာနသည် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း တိုင်တန်းချက် (၃၁) စောင်၊
ဖေဖော်ဝါရီလ တိုင်တန်းချက်လက်ကျန် (၃) စောင်၊ စုစုပေါင်းတိုင်တန်းချက် (၃၄) စောင် စိစစ်ဆောင်ရွက်ခဲ့ပါသည်။
တိုင်တန်းချက်များကို ကော်မရှင်စုံစမ်းစစ်ဆေးရေးအဖွဲ့
အစည်းအဝေး (၄) ကြိမ် ကျင်းပပြုလုပ်၍ စိစစ်ခဲ့ရာ တိုင်တန်းချက် (၂) စောင်ကို
လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့လည်းကောင်း၊
တိုင်တန်းချက် (၆) စောင်ကို ကာယကံရှင်ထံသို့လည်းကောင်း အကြံပြုပြန်ကြားခဲ့ပြီး
တိုင်တန်းချက် (၂၃) စောင်ကို ကော်မရှင် ဥပဒေပုဒ်မ
၃၂ (ခ) အရလည်းကောင်း၊ ကော်မရှင်ဥပဒေပုဒ်မ ၃၂ (ဂ) အရလည်းကောင်း၊ ကော်မရှင်
ဥပဒေပုဒ်မ ၃၇ (က) အရလည်းကောင်း၊ တိုင်စာအင်္ဂါရပ်နှင့် မညီညွတ်၍လည်းကောင်း
မှတ်တမ်းထားရှိပါသည်။ မတ်လတွင် တိုင်တန်းချက် လက်ကျန် (၃) စောင်ရှိပါသည်။