ကချင်ပြည်နယ်ခရီးစဉ်

ပဋိပက္ခ၏ ရလဒ်အဖြစ် မိမိနေရာဒေသမှ ထွက်ခွာတိမ်းရှောင်သွားရသော အလုပ်သမားများ၏ အခြေအနေကို မျက်မြင်လေ့လာ အကဲဖြတ်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင် အတွင်းရေးမှူး နှင့် ကော်မရှင် အဖွဲ့ဝင် (၃)ဦးတို့သည် ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်မှ ၁ဝရက်အထိ ကချင်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါသည်။ မြစ်ကြီးနား အထွေထွေရောဂါကု ဆေးရုံကြီးနှင့် မြစ်ကြီးနားအကျဉ်းထောင်ရှိ လူနာများနှင့် အကျဉ်းသားများ ၏အခြေအနေကို သိရှိနိုင်ရန် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည့် ခရီးစဉ်များအပြင် အဆိုပါ အဖွဲ့သည် လိုင်ဇာမြို့တွင်းနှင့်ဝန်းကျင်ရှိ မိမိနေထိုင်ရာ ဒေသများမှ ထွက်ပြေးတိမ်းရှောင်လာသူမျာထံသို့ ကချင်ပြည်နယ် အစိုးရ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ပေးအပ် သည့်လူသား ချင်းညှာတာထောက်ထားသော အကူအညီများ ရောက်ရှိရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များ၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။
ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နှစ်ဦးတို့သည် ၂ဝ၁၂ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့မှ ၂၇ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ ဒုတိယအကြိမ်အဖြစ် သွားရောက်လေ့လာစုံစမ်းခဲ့ပါသည်။ လူ့အခွင့် အရေးချိုးဖောက်မှုများပါဝင်သည်ဟု ယူဆရသော တိုင်ကြားစာများနှင့်ပတ်သက်သည့် သက်သေများအား ဆင့်ခေါ်စစ် ဆေးမှု များပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော အခြေအနေများအား ကချင်ပြည်နယ် အာဏာပိုင်များနှင့် အမြင်ချင်းဖလှယ်ခဲ့ပါသည်။ ကချင်ပြည်နယ်ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့သောသတင်းထုတ်ပြန်ချက် တွင် လက်နက်ကိုင်အဖွဲ့များ၏ ကျေးရွာလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း ကော်မရှင်မှအတည်ပြုခဲ့ပြီး မည်သည့်အခြေအနေတွင်မဆို လူ့အခွင့်အရေးချိုးဖောက်မှုများ မပြု လုပ်ရန်နှင့် လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြုမူဆောင်ရွက်ရန်အလေးနက်တိုက်တွန်းခဲ့ပါသည်။ ထို့အပြင် လက်နက်ကိုင်အဖွဲ့အစည်းများသို့လည်း အဓမ္မစစ်သားစု ဆောင်းခြင်းများနှင့် စစ်ဆေးမှု များတွင် နှိပ်စက်ညှဉ်းပန်းမှုများမပြုလုပ်ရန် အလေးအနက်တိုက်တွန်းခဲ့ပါသည်။
(ဂ) ကချင်ပြည်နယ် ပဋိပက္ခဒုက္ခသည်များထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များပေးအပ်ခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်(၄)ဦးသည် ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာ လ ၈ရက်နေ့မှ ၁ဝရက်နေ့ အတွင်း သွားရောက်ခဲ့သည့် ပထမခရီးစဉ်အပြီး ထုတ်ပြန်ခဲ့သောသတင်း ထုတ်ပြန်ချက်၏ နောက်ဆက်တွဲအဖြစ် ၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကော်မရှင်၏သတင်းထုတ်ပြန်ချက်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ်ကာလအတွင်း ပဋိပက္ခ ဒုက္ခသည်များထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက် အပံ့များရောက်ရှိရေးနှင့် အဆိုပါအထောက်အပံ့များအား လုံခြုံစိတ်ချစွာပို့ဆောင်နိုင်ရေးတို့ကို အရေးကြီးသည့် ကိစ္စတစ်ခု အဖြစ် ဖြေရှင်းဆောင်ရွက်ရန် ထုတ်ပြန်ခဲ့ပါသည်။