ချင်းပြည်နယ်တွင်ဖြစ်ပွားသော လူ့အခွင့်အရေးချိုးဖောက်မှုအား စုံစမ်းစစ်ဆေးခြင်း

ချင်းတိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်များ၏ လွတ်လပ်ခွင့် သို့မဟုတ် ယုံကြည်ကိုး ကွယ်ခွင့် တို့ကို စနစ်တကျ ချိုးဖောက်မှုများနှင့် ခွဲခြားမှုပြုကာ ကန့်သတ်တားမြစ်ချက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ကော်မရှင် သို့ပေးပို့လာခဲ့ပါသည်။ ယင်း အချက်အလက်များအား မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၊ လွတ်လပ်စွာကိုးကွယ်ခွင့် သို့မဟုတ် သက်ဝင်ယုံကြည် ခွင့်နှင့် စပ်လျဉ်းသည့် အထူးအစီရင်ခံစာတင်သွင်းသူ၊ လူနည်းစုကိစ္စရပ်များနှင့်စပ်လျဉ်းသည့် လွတ်လပ်သောကျွမ်းကျင် သူများနှင့် မျက်မှောက်ခေတ် လူမျိုးခွဲခြားရေး ဝါဒပုံစံများ၊ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားကြောက်ရွံ့မှု၊ ဆက်နွှယ်လျက်ရှိသည့် သည်းမခံနိုင်မှုကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အထူး အစီရင်ခံစာ တင်သွင်းသူတို့က ပေးပို့ခဲ့ခြင်းဖြစ်ပါသည်။ ယင်းသတင်းအချက်အလက်များအရ အောက်ဖော်ပြပါအချက်များ ဖြစ်ပွားခဲ့သည် သို့မဟုတ် ဖြစ်ပွားလျက်ရှိသည်ဟု စွပ်စွဲလာခဲ့ပါသည်-
(ကက) ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ပြုပြင်မွမ်းမံခြင်းနှင့် တည်ဆောက်ခြင်းတို့နှင့် ပတ်သက်သည့် ခွဲခြားမှုပြုကာ ကန့်သတ်တားမြစ်ချက်များ၊
(ခခ) ဘုရားကျောင်းများနှင့် ဝတ်ပြုရာနေရာများ အပိတ်ခံရခြင်း၊
(ဂဂ) ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်သင်္ကေတများအား ဖျက်ဆီးခြင်း၊
(ဃဃ) ဗုဒ္ဓဘာသာအဆောက်အဦးများ တည်ဆောက်ရန်အတွက် အဓမ္မလုပ်အား စေခိုင်းခြင်း၊
(ငင) ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လွတ်လပ်စွာစုဝေးမှုကို ပိတ်ပင် တားမြစ်ခြင်း၊
(စစ) ဘုရားကျောင်းအလုပ်သမားများ၊ ဏျေအသမျ များနှင့် သာသနာပြုပုဂ္ဂိုလ်များအား မတရားဖမ်းဆီးခြင်း၊ ချုပ်နှော င်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊
(ဆဆ) သွေးဆောင်၍ သို့မဟုတ် အတင်းအကြပ်ဘာသာကူးပြောင်းစေခြင်းနှင့် အစားအစာ သို့မဟုတ် အလုပ် အကိုင် ရရှိမှုနှင့် ပညာရေးမူဝါဒများကို အသုံးပြု၍ အတင်းအဓမ္မပေါင်းစည်းစေခြင်း။
အဆိုပါစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်အတွက် ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၂)ဦးတို့ သည် ဒီဇင်ဘာလ ၁၄ ရက်မှ ၁၉ ရက်အထိ ချင်းပြည်နယ်သို့ သွားရောက်ခဲ့ ပါသည်။ ကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် ဖလမ်း၊ ဟားခါး၊ တီးတိန်မြို့များ၊ ဘား၊ လုံပန်း ရွာများနှင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့များသို့ သွားရောက်ခဲ့ပြီး တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများ၊ ခရစ်ယာန်ဘာသာရေးခေါင်ဆောင်များနှင့် ရွာသူရွာသားများအား တွေ့ဆုံခဲ့ပါသည်။ ချိုးဖောက်မှု ဖြစ်ပွားရာနေရာဒေသများသို့ သွားရောက်လေ့လာခြင်းနှင့် ယင်းဒေသ များရှိလူများနှင့်တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ ခြင်းဖြင့် ကော်မရှင် ကိုယ်စားလှယ် အဖွဲ့သည် စွပ်စွဲမှုများနှင့်ပတ်သက်သော အခြေအနေမှန်ကို စစ်ဆေး နိုင်ခဲ့ပါသည်။ ကော်မရှင် ကိုယ်စားလှယ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အသေးစိတ်အား သက်ဆိုင်ရာအထူး အစီရင်ခံစာ တင်သွင်းသူများသို့ ပေးပို့ပြန်ကြားနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို ဆက်လက်ပေး ပို့ခဲ့ပါသည်။