၂၉ ဒီဇင်ဘာ ၂၀၁၄
ဒီဇင်ဘာလ ၂၂-၂၃ ရက်နေ့များက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက်များတွင် တောင်သူအမျိုးသမီး ဒေါ်ခင်ဝင်း၊ သေဆုံးခဲ့ပြီး ဒေသခံကျေးရွာသားများနှင့် လုံခြုံရေးတာဝန်ရှိသူများ ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည့် သတင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ ရှုထောင့်မှ စုံစမ်းစစ်ဆေး နိုင်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း ခေါင်းဆောင်သော ကော်မရှင်အဖွဲ့ဝင် (၃) ဦးပါ အဖွဲ့သည် အဆိုပါဒေသသို့ သွားရောက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်