မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ သွားရောက် ထောက်ပံ့ခြင်း

၁။      ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၂) တောင်ရပ်ကွက်၊ မာန်ပြေ (၃) လမ်းအရှေ့၊ အမှတ်(၈၅၉) နေ ဒေါ်လှလှဌေး (ခ) မယ်မှုံ၏ နေအိမ်တွင်  မူးယစ်ဆေးဝါးတွေ့ရှိသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် တရားစွဲဆိုရန် အကြောင်းမလုံလောက်သဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိရပါသည်။

၂။       ယင်းသတင်းမှန်ကန်မှု ရှိ၊ မရှိ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ပြန်လည်လွတ်မြောက်လာသည်မှာ မှန်ကန်သဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့က သွားရောက်၍ ဒေါ်လှလှဌေး (ခ) မယ်မှုံ၏ မိသားစုအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ   ၂၇   ရက်

MNHRC Orientation Session on Business and Human Rights ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ MNHRC Orientation Session on Business and Human Rights ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၂:၃၀) နာရီအထိ Zoom Platform အသုံးပြု၍ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယ ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်းများ၊ UNDP မှ Strengthening Accountability and Rule of Law (SARL) Project ၏ Project Manager ဖြစ်သူ Mr. Thomas Crick ၊ UNDP ၏ Business and Human Rights Global Adviser ဖြစ်သူ Mr. Livio Sarandrea နှင့် အကြီးတန်းအရာရှိများနှင့် ဝန်ထမ်းများ၊ UN Working Group on Business and Human Rights မှ Dr. Surya Deva၊ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ခေတ္တဥက္ကဋ္ဌ ဖြစ်သူ Mrs. Prakairatana Thonteeravong၊ အာရှပစိဖိတ်အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) တို့မှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍများမှ ကိုယ်စားလှယ် များပါဝင် တက်ရောက်ခဲ့ကြပြီး စုစုပေါင်း ၃၇ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် UNDP မှ Accountability & Rule of Law Officer ဖြစ်သူ Mr. Kaspar Burger ၊ UN Working Group on Business and Human Rights မှ Dr. Surya Deva၊ နှင့် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Vicky Bowman တို့က စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ခေတ္တဥက္ကဋ္ဌ ဖြစ်သူ Mrs. Prakairatana Thontiravong က စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်နှင့် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍတို့နှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ကြကာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

နိုင်ငံ‌တော်သမ္မတဦးဝင်းမြင့်ထံမှ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော (၇၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

11

12

13

14

အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် side events များသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ပါဝင်တက်ရောက်ခြင်း ၂၄ နိုဝင်ဘာလ ၂၀၂၀

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum -SEANF) ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နှင့် Webinar on National and International Initiatives on Torture Prevention၊ Online Dialogue on Statelessness Issues in Sabah တို့ကို ၂၀၂၀ ပြည့်နှစ်အတွက် ဖိုရမ်၏အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (Komnas HAM)က ဦးဆောင်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ အထိ virtual online conferencing စနစ် အသုံးပြု၍ ကျင်းပလျက်ရှိပါသည်။
အဆိုပါ ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် side events များသို့ ဖိုရမ်အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမော လက်စ်တေနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကော်မရှင် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ ပါဝင် တက်ရောက်ကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ နှင့် ကော်မရှင် အဖွဲ့ဝင်များ ၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရုံးဝန်ထမ်းများ ပါဝင် တက်ရောက်ကြပါသည်။
ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် ဖိုရမ်၏ (၁၆) ကြိမ်မြောက်နှစ်ပတ်လည်အစည်း အဝေးအပြီး ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ လူ့အခွင့်အရေး နှင့်စပ်လျဉ်း သည့် ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ ဖိုရမ်၏ Guidelines for use of SEANF social media platform အတည်ပြုချမှတ်ခြင်းကိစ္စ၊ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာ ရပ်နှင့်စပ်လျဉ်း၍ ဖိုရမ်အဖွဲ့ဝင်များအကြား အတွေ့အကြုံကောင်းများ မျှဝေဆွေးနွေးခြင်း၊ COVID- 19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ ၏ အခြေအနေနှင့် စပ်လျဉ်းသည့် ဖိုရမ်၏ ထုတ်ပြန်ချက်ကို အတည်ပြုချမှတ်ခြင်း၊ ဖိုရမ်၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) တည်ထောင်ရေးကိစ္စရပ်များ အစရှိသည့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပါသည်။
ဖိုရမ်နှစ်ပတ်လည်အစည်းအဝေးကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Inter-governmental Commission on Human Rights – AICHR) တို့၏ အလွတ်ဆွေးနွေးပွဲ တစ်ရပ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ထည့်သွင်းကျင်းပမည်ဖြစ်ပါသည်။ ဤ ဆွေးနွေးပွဲသည် ဒေသအဆင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် SEANF နှင့် AICHR တို့အကြား ပထမဦးဆုံး ကျင်းပသည့် အစည်းအဝေးဖြစ်ပါသည်။
ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် side events များကို နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် ဖိုရမ်၏ ၂၀၂၁ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လွှဲပြောင်းပေးအပ်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အလုပ်သမားကလေးများအား အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ လူစုလူဝေးဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်အား စုံစမ်းမေးမြန်းခဲ့သည့်သတင်း

၁။ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၇) ရပ်ကွက်၊ မဂ္ဂင်လမ်း နှင့်ကျန်စစ်သားလမ်းထောင့်၊ အမှတ် (၆၂၅) နေ အိမ်ရှင် ဦးသီဟထွန်း (ဘ) ဦးထွန်းဝင်း တရုတ်-ဗမာ/ဗုဒ္ဓသည် “လိုတရရွှေစံလှ” ပေါက်စီမုန့်တိုက်တွင် လုပ်ကိုင်နေသည့် ကလေးများကို အလုပ်ရှင် က ညှဉ်းပန်းနှိပ်စက်နေကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူမှုကွန်ရက် စာမျက်နှာများမှ သတင်းရရှိခဲ့ပါသည်။
၂။ ရရှိခဲ့သည့် သတင်းများအရ ၂၁-၁၁-၂၀၂၀ ရက်နေ့ (စနေနေ့) တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်ပေးချက်အရ ညွှန်ကြားရေးမှူး (ကာကွယ်/စောင့်ရှောက်) ဦးဆောင်သော ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က အခင်းဖြစ်ပွားရာ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်သို့ ကွင်းဆင်းစုံစမ်းလေ့လာခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
၃။ တွေ့ဆုံမေးမြန်းချက်များနှင့် မြေပြင်တွေ့ရှိချက်များအပေါ် သုံးသပ်အကြံပြုချက်များကို သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ United Nation Development Programme – UNDP က ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် United Nation Development Programme – UNDP က Laptop Computer (၂၂) လုံးနှင့် Printer (၁၁) လုံးတို့ကို ကော်မရှင်ရုံးသို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့ များတွင် လာရောက်လှူဒါန်းခြင်းအခမ်းအနားများသို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် United Nation Development Programme – UNDP တို့ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် Strategic Plan 2020-2024 ၏ အစိတ်အပိုင်းအနေဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် တို့ကလက်ခံရယူခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အနှေးယာဉ်လုပ်သားမိသားစုများအား ထောက်ပံ့လှူဒါန်းခြင်း

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၂၈) ရပ်ကွက်၊ တာဝန်ရှိပုဂ္ဂိုလ် များနှင့်အတူ အမှတ် (၂၈) ရပ်ကွက်အတွင်းရှိ အနှေးယာဉ်လုပ်သား အိမ်ထောင်စု (၃၄) စုအား ဆန်၊ဆီ အပါအဝင် အခြေခံ စားကုန် (၆) မျိုးကို COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေအိမ်များအရောက် သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။
COVID-19 ရောဂါကျရောက်သည့် လက်ရှိကာလအတွင်း စားဝတ်နေရေး ကျပ်တည်းပြီး ဆင်းရဲနွမ်းပါးချို့တဲ့သော မိသားစုများကို ဆက်လက်ထောက်ပံ့ လှူဒါန်းနိုင်ရေး စီစဉ် ဆောင်ရွက်သွားရန် ရည်ရွယ် ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စားဝတ်နေရေးကျပ်တည်းသည့် ဆင်းရဲနွမ်းပါးချို့တဲ့သော မိသားစုဝင်များအား ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၂၈) ရပ်ကွက်၊ တာဝန်ရှိပုဂ္ဂိုလ် များနှင့်အတူ အမှတ် (၂၈) ရပ်ကွက်အတွင်းရှိ စားဝတ်နေရေး ကျပ်တည်းသည့် ဆင်းရဲနွမ်းပါး ချို့တဲ့သော မိသားစု (၂၈) စုအား ဆန်၊ဆီ အပါအဝင် အခြေခံ စားကုန် (၆) မျိုးကို COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေအိမ်များအရောက် သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။
COVID-19 ရောဂါကျရောက်သည့် လက်ရှိကာလအတွင်း စားဝတ်နေရေး ကျပ်တည်းပြီး ဆင်းရဲနွမ်းပါးချို့တဲ့သော မိသားစုများကို ဆက်လက်ထောက်ပံ့ လှူဒါန်းနိုင်ရေး စီစဉ် ဆောင်ရွက်သွားရန် ရည်ရွယ် ပါသည်။


 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် ပစ္စည်းများသွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများ စုပေါင်း၍ ရန်ကုန်မြို့ရှိ Coronavirus Disease 2019 (COVID– 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူ‌ငွေ ကျပ်သိန်း(၃၀)တန်ဖိုးရှိ ပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက် စွဲ၊ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်။