ကင်းသာ (၁) ၊ (၂) ကုန်ထုတ်စခန်းများနှင့် နေပြည်တော်အချုပ်ထောင် ကြည့်ရှုစစ်ဆေးခြင်း
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
ကော်မရှင်ဒုတိယဥက္ကဋ္ဌဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်နှင့်
ဦးကျော်မြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၆-၁-၂၀၂၂ ရက်နေ့နှင့် ၂၈-၁-၂၀၂၂ ရက်နေ့များတွင်
ကင်းသာ (၁)၊ (၂) ကုန်ထုတ်စခန်းများနှင့် နေပြည်တော်အချုပ်ထောင်တို့ကို
ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ ကြည့်ရှုစစ်ဆေးရာတွင်
ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊
အချုပ်သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံး ရရှိမည့် အခွင့်အရေးဖြစ်သော
နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ မရှိ၊
ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ
ရရှိခြင်း ရှိ မရှိနှင့်ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့်
ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု
အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
၃။ ကုန်ထုတ်စခန်းများနှင့်
နေပြည်တော်အချုပ်ထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်း သား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏
အိပ်ဆောင်များ၊ ဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့် တိုက်၊ စားဖိုကြီး၊
ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ Quarantine ထားရှိ သည့်အဆောင်၊ အတွင်း/အပြင်မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကို လည်းကောင်း၊
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း
ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။ ကုန်ထုတ်စခန်းများနှင့် နေပြည်တော်အချုပ်ထောင်တို့ကို
ကော်မရှင်မှ ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ (၄၀၀) အုပ်တို့ကို လှူဒါန်းခဲ့ပါသည်။
၄။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ခရီးစဉ်အတွင်းစစ်ဆေးတွေ့ရှိချက်နှင့်အကြံပြုချက်များကို
လိုအပ် သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့
အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
