ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေး Webinar ကျင်းပပြုလုပ်ခြင်း
၁။ မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်၊ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေး Webinar ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်
၁၀း၀၀ နာရီ အချိန် တွင် ကျင်းပပြုလုပ်ရာ ကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်
ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး
ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မရှင်ရုံး ဝန်ထမ်းများ၊ ကော်မရှင်ရုံးခွဲများမှ
ဝန်ထမ်းများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။
၂။ အခမ်းအနားတွင် ကော်မရှင်
အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က Moderator အဖြစ် ဆောင်ရွက်ပြီး
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး
ဒေါက်တာသက်စုမွန်က “ရန်ကုန်တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ထိန်းသိမ်းခြင်း
လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အကြောင်း” ခေါင်းစဉ်ဖြင့် ကိုဗစ် ရောဂါ ကာကွယ်၊
ကုသ၊ ထိန်းချုပ်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အစီအစဉ်အရ
ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲနှင့် စပ်လျဉ်းသည့် အသိပညာပေး Video Clip ကို ပြသခဲ့ပြီးနောက် တက်ရောက်လာသူများက
သိရှိလိုသည်များကို မေးမြန်းမှုများ အပေါ် ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး
ကော်မရှင် ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြား၍ ၁၁း၃၀ နာရီ အချိန်တွင် အခမ်း အနားကို
ရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်


