ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုထုတ်ပြန်ချက်
၁။ ၂၄-၁၀-၂၀၁၄ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနက KKO (Klohhtoobor
Karen Organization)မှ ဗိုလ်ကြီးအဆင့်ရှိ ပြန်ကြားရေးတာဝန်ခံ
ကိုအောင်နိုင်ဆိုသူ သေဆုံးကြောင်း ၂၅-၁၀-၂၀၁၄ ရက်နေ့ထုတ်
နိုင်ငံပိုင်သတင်းစာများတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ၎င်းကိစ္စနှင့် စပ်လျဉ်း၍
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ၂၈-၁၀-၂၀၁၄ ရက်နေ့တွင်
မင်းသီဟန် (Education Digest)၏
“နိုင်ငံသားဂျာနယ်လစ်ကိုပါကြီး သေဆုံးမှုအပေါ် အဖြစ်မှန် အတိုင်း
စုံစမ်းဖော်ထုတ်ပေးပါရန်” တိုင်တန်းချက် ကိုလည်းကောင်း၊ ရက်စွဲမပါ မသန္တာ၏ လိပ်စာ
(၁၇)ခုသို့ “ဥပဒေမဲ့ မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း” တိုင်တန်းချက်ကို
လည်းကောင်း၊ ၃၁-၁၀-၂၀၁၄ ရက်နေ့တွင် မသန္တာ၏ “ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး
မတရား ဖမ်းဆီးညှင်းဆဲ သတ်ဖြတ်ခံရမှုအတွက် မိသားစုမှ တိုင်ကြားတင်ပြခြင်း”
တိုင်တန်းချက်ကိုလည်းကောင်း လက်ခံ ရရှိခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့
ဖွဲ့စည်းခြင်းနှင့်ဆောင်ရွက်ချက်များ
၂။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်
ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင် (ခ)ကိုပါကြီး
သေဆုံးမှုတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိ/မရှိ စုံစမ်း စစ်ဆေးရန်အတွက်
စုံစမ်း စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းခဲ့ပါသည်-
(က) ဦးစစ်မြိုင်
ဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
(ခ) ဦးဇော်ဝင်း
အဖွဲ့ဝင်

(ဂ) ဒေါက်တာဉာဏ်ဇော်

၃။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁-၁၁-၂၀၁၄ ရက်နေ့မှ ၈-၁၁-၂၀၁၄ ရက်နေ့အထိ
မော်လမြိုင် မြို့နှင့်ကျိုက်မရောမြို့များသို့ ပထမအကြိမ်သွားရောက်၍ တပ်မတော်သားများ၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အခြားသော သက်သေများကို
တွေ့ဆုံစစ်ဆေးခဲ့ပါသည်။
၄။
၅-၁၁-၂၀၁၄ ရက်နေ့ နံနက် ၈
နာရီအချိန်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် တပ်မတော် စုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်မှ နည်းဗျူဟာမှူး၊
တပ်ရင်းမှူးများနှင့် တပ်မတော်အရာရှိများ၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ
ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲအရာရှိများ၊ ဥပဒေနှင့် ဆေးပညာဌာန၊ အမှတ်(၂)
ဆေးတက္ကသိုလ်၊ ရန်ကုန်မြို့မှ ပါမောက္ခ (ဌာနမှူး)နှင့် မှုခင်းဆရာဝန်ကြီးများ၊
ကျိုက်မရောမြို့နယ် တရားသူကြီး၊ သက်သေအဖြစ် ကျေးရွာလူကြီးများ၊
ဒေါ်သန္တာနှင့်အဖွဲ့ဝင်များ၊ အလောင်းတူးဖော်ကြမည့်သူများနှင့်အတူ ကိုအောင်နိုင်(ခ)
ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးဆိုသူ၏ အလောင်းတူးဖော်မှုကို ကြည့်ရှု လေ့လာရန်
ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်ကျေးရွာသို့ သွားရောက်ခဲ့ကြပါသည်။ နေ့လည် ၁:၄၅
နာရီအချိန်တွင် အလောင်းတူးဖော်မှုပြီးစီးခဲ့ပြီး အလောင်းကို မော်လမြိုင်မြို့၊
ပြည်သူ့ဆေးရုံ ရင်ခွဲတိုက်သို့ သယ်ဆောင်၍ ဆေးကြောခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊
ဒဏ်ရာဒဏ်ချက်ရှာဖွေခြင်း၊ ရင်ခွဲစစ်ဆေးခြင်းများကို ကြည့်ရှုလေ့လာခဲ့ပါသည်။
၅။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၃-၁၁-၂၀၁၄ ရက်နေ့မှ
၁၆-၁၁-၂၀၁၄ ရက်နေ့အထိ မော်လမြိုင်မြို့သို့ ဒုတိယအကြိမ်သွားရောက်၍
တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှင့် အခြားသက်သေများကို
ထပ်မံတွေ့ဆုံစစ်ဆေးခဲ့ပါသည်။
၆။ တွေ့ဆုံစစ်ဆေးခဲ့သောသက်သေများမှာ-
(က) မွန်ပြည်နယ်အစိုးရအဖွဲ့မှ
ဝန်ကြီး
(၁) ဦး
(ခ) တပ်မတော်မှ
တပ်မှူးကြီးနှင့် စုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဋ္ဌအပါအဝင်
တပ်မတော်သားများ (၂၀) ဦး
(ဂ) မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ (၆) ဦး
(ဃ) မှုခင်းဆရာဝန် ကြီး (၁) ဦး
(င) သတင်းစာဆရာများ
(၅) ဦး
(စ) သာသနာ့ဝန်ထမ်း
ကျောင်းထိုင်ဆရာတော် (၁)
ပါး
(ဆ)
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများ (၁၁) ဦး
(ဇ)
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ (၁) ဦး
(စျ) ဒီမိုကရေစီနှင့်အမျိုးသမီးကွန်ယက်အဖွဲ့ဝင် (၁) ဦး
စုစုပေါင်း (၄၇)ဦး
၇။ စာရွက်စာတမ်းအထောက်အထားများကိုပေးအပ်ခဲ့ကြသော
ဌာနများမှာ –
(က) ပြည်ထဲရေးဝန်ကြီးဌာန
(ခ)
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
(ဂ) ကျန်းမာရေးဝန်ကြီးဌာန
(ဃ)
မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန
(င) အရှေ့တောင်တိုင်းစစ်ဌာနချုပ်
(စ) အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်
(ဆ) ဓါတုဗေဒဝန်ရုံး
(ဇ) မှုခင်းတပ်ဖွဲ့မှူးရုံး
၈။ ဖတ်ရှုလေ့လာခဲ့သောစာနယ်ဇင်းများမှာ –
(က) မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)၏ ၄-၅-၂၀၁၂နေ့ထုတ် ထုတ်ပြန်ချက်
(ခ) မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ဒုဥက္ကဋ္ဌ ဦးခင်မောင်လေး၏ ၂၄-၁၀-၂၀၁၄
နေ့ထုတ် Eleven Media Group တွင်ရေးသား ဖော်ပြချက်
(ဂ) လဝန်းဆိုသူ၏ ၁၂-၁၁-၂၀၁၄နေ့ထုတ်
ပြည်မြန်မာနေ့စဉ်သတင်းစာ၌ ရေးသားဖော် ပြမှု
(ဃ) ပြည်ကျော်ဆိုသူ၏ ၅-၁၁-၂၀၁၄နေ့ထုတ်
အဓိပတိဂျာနယ်၌ ဖော်ပြထားသော “KKO ဒုဥက္ကဋ္ဌမှူးကြီး
စောမိုရှေးနှင့်တွေ့ဆုံခြင်း” သတင်း
(င) သတင်းထောက်ပါကြီးဆိုသူနှင့်ပတ်သက်၍ ရေးသားဖော်ပြခဲ့ကြသော ပြည်တွင်း ထုတ်
စာနယ်ဇင်းများ
(စ) ၁-၁၂-၂၀၁၄နေ့တွင်
လက်ခံရရှိခဲ့သော ဒေါ်သန္တာ၏ရှေ့နေဆိုသူ ဦးရောဘတ် စန်းအောင်၏ ၂၉-၁၁-၂၀၁၄ရက်စွဲပါစာတွင်
ဖော်ပြထားချက်များ
ကျိုက်မရောဒေသအခြေအနေ(၂၆-၉-၂၀၁၄နေ့
မတိုင်ခင်)
၉။ KKO
ဗျူဟာမှူးအဆင့် စောဆန်းအောင်၏ကွပ်ကဲမှုအောက် စောဝင်းဇော်
ဦးစီးအဖွဲ့သည် ကျိုက်မရောမြို့၊ ကရင်တောရွာအနီးသို့ ရောက်ရှိခဲ့သည့် ၂၀၁၄ခုနှစ်
စက်တင်ဘာလ ၂၆ ရက် မတိုင်မီကာလများတွင် ကျိုက်မရောဒေသ၌ နယ်မြေခံအမှတ် (၂၀၈) ခြေမြန်တပ်ရင်းနှင့်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊
ဌာနဆိုင်ရာများနှင့်အတူ မြို့လုံခြုံရေးအား ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး
အေးချမ်းသာယာသော ဒေသတစ်ခု ဖြစ်ခဲ့ကြောင်း၊ ဒေသအတွင်း တိုက်ပွဲကြီး/ငယ်များ ဖြစ်ပွားမှုမရှိခဲ့သလို
နိုင်ငံတော်နှင့် အပစ်အခတ် ရပ်စဲထားသော KNU၊ DKBA၊ KKO အဖွဲ့များ၊ မွန်ငြိမ်းချမ်းရေးအဖွဲ့များနှင့်လည်း
ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းစစ်ဆေး သိရှိရပါသည်။
၁၀။ သို့သော်သတင်းအရ စက်တင်ဘာလ ၂၀ ရက်နေ့ ည ၈:၁၀နာရီချိန်တွင် မုဒုံတပ်နယ်မှူး
ဦးစီးတပ်၊ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးပူးပေါင်းအဖွဲ့မှ မုဒုံမြို့
ရေစင်လမ်းကြားရှိ KKO နှင့် အဆက်အသွယ်ရှိသော ဦးဝင်းမောင်၏
နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ သြစတေးလျား နိုင်ငံလုပ် ၉မမ ပစ်စတိုသေနတ်(၁)လက်၊
ပွိုင့် ၃၈ ခြောက်လုံးပြူး (၁) လက်နှင့် ခဲယမ်း ဆက်စပ် ပစ္စည်းများ
သိမ်းဆည်းရရှိခဲ့ကြောင်း လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့သော်လည်း မည်သူ့ကို မျှ
အရေးယူ ဖမ်းဆီးခဲ့ခြင်းမရှိခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရှိရပါသည်။
တပ်မတော်နှင့်
စောဆန်းအောင်KKO
အဖွဲ့တို့၏ဖြစ်စဉ်များ
၁၁။ ၂၆.၉.၂၀၁၄ ရက်နေ့ နံနက် ၉:၀ဝ နာရီချိန်ခန့်တွင် ကျိုက်မရောမြို့နယ်၊ နိတုံ
ကျေးရွာဘက်မှ ယူနီဖောင်းဝတ် KKO လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့
ကျိုက်မရောမြို့ဘက်သို့ ဆင်း လာကြောင်း၊ ၎င်းKKO အဖွဲ့တွင်
စောဝင်းဇော်နှင့် စောတိုးအောင် (ခ)ခေါင်းကြီးတို့ ခေါင်း ဆောင်ပြီး အင်အား (၂၂)
ဦးခန့်ရှိကြောင်း (၄၀)မမ ဗုံးပစ်လောင်ချာ (၃) လက်၊ (၆၀) မမ စိန်ပြောင်း (၁) လက်၊ RPG(၂) လက်နှင့် လက်နက်ငယ်မျိုးစုံကိုယ်စီပါရှိကြောင်း သတင်းရရှိ သဖြင့်
ကျိုက်မရောမြို့၊ အမှတ်(၂၀၈)ခြေ မြန်တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးနှင့်
ဗိုလ်ကြီးတစ်ဦးတို့ ဦးစီးတပ်ဖွဲ့ဝင် (၆) ဦးသည် ကျိုက်မရော ရဲစခန်း
နယ်ထိန်းရဲတပ်ကြပ်နှင့်အတူ လက်နက်ကိုင် အဖွဲ့အား တွေ့ဆုံညှိနှိုင်း စကားပြောရန်
ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင် ကျေးရွာအုပ်စု၊ ကရင်တောကျေးရွာဘက်သို့
ထွက်ခွါသွားခဲ့ကြောင်း၊ အဆိုပါ သတင်းအရ ရဲသတင်းတပ်ဖွဲ့၊ ကျိုက်မရောနယ်မြေတာဝန်ခံ
ဒုရဲအုပ်နှင့် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးတို့မှ သတင်းရယူရန်
ဆိုင်ကယ်ဖြင့် ကရင်တော ကျေးရွာဘက်သို့ လိုက်သွားခဲ့ ကြောင်း၊ ကရင်တော
(အပေါ်ရွာ)ရှိ KKO တပ်ဖွဲ့ အကောက်တဲတွင် အမှတ် (၂၀၈)
ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ကျိုက်မရော ရဲတပ်ဖွဲ့မှ ဒုရဲအုပ်နှင့်
နယ်ထိန်းရဲတပ်ကြပ်တို့သည် KKO အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ
စောဝင်းဇော်၊ စောတိုးအောင် (ခ) ခေါင်းကြီးတို့နှင့် အေးအေးဆေးဆေးထိုင်၍ စကားပြော ခဲ့ကြ
ကြောင်း၊ အမှတ်(၂၀၈) ခြေမြန် တပ်ရင်းမှ ဗိုလ်ကြီးက “ယခုလက်ရှိနေရာသည် ခမရ (၂၀၈)
လှုပ်ရှားနယ်မြေဖြစ်သဖြင့် KKO အဖွဲ့အနေဖြင့် ယူနီဖောင်းဝတ်၊
လက်နက်ကိုင်၍ ဆင်းလာ မည်ဆိုပါက တပ်ရင်းသို့ အကြောင်းကြားရန်လိုအပ်ကြောင်း၊
စောဝင်းဇော်မှ ကျိုက်မရောသား ဖြစ်၍ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်၍
လက်ကိုင်ဖုန်းဖြင့် ဆက်ပြောလျှင်ရပါကြောင်း” ပြောကြားခဲ့သည်ဟု စစ်ဆေးသိရှိခဲ့
ရပါသည်။
၁၂။
ထိုသို့ စကားပြောနေစဉ် KKO
အဖွဲ့မှ ကျန်လက်နက်ကိုင်များသည် အကောက်တဲအတွင်း နှင့်ပတ်ဝန်းကျင်၌
နေရာယူထားကြောင်း၊ ၁၀:၁၅ နာရီအချိန်ခန့်တွင် KKO အဖွဲ့မှ
ရုတ်ချည်းထ ကာ အမှတ်(၂၀၈)ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့်စစ်သည် (၂) ဦးထံမှ
လက်နက်ခဲယမ်း များကို သိမ်းဆည်းပြီး အနီးရှိ ရဲအုပ်(သတရ)၊ တပ်ကြပ်ကြီး(စရဖ)၊
ကျိုက်မရောရဲစခန်းမှ နယ် ထိန်းရဲတပ်ကြပ်နှင့် ယာဉ်စည်းကမ်းထိန်းရဲတို့ကိုပါ
အကောက်တဲအတွင်း၌ ထိန်းသိမ်းခဲ့ကြောင်း သိရှိရပါသည်။
၁၃။ ထိုသို့ထိန်းသိမ်းခံထားရစဉ်
အမှတ်(၂၀၈)ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးနောက်သို့ လိုက်ပါလာ သော ဗိုလ်ကြီး
(ယာယီတပ်ခွဲမှူး၊ ဗိုလ်မှူး) ဦးစီးစစ်သည် (၁၀)ဦးတို့သည် အခင်းဖြစ်နေရာသို့ ကြယ်
၄၁၆၇(ဒ) စစ်သုံးယာဉ်ဖြင့် ရောက်ရှိလာရာ KKO အဖွဲ့မှ လက်နက်ငယ်များ၊
(၄၀)မမ ဗုံးသီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်း(ယာယီတပ်ခွဲမှူး၊ ဗိုလ်မှူး) ၏
ဝဲဖက်ပေါင် ရှပ်မှန်ဒဏ်ရာ (၁)ချက်၊ ယာဉ်မောင်းတပ်ကြပ် ဝဲဖက်ရင်အုံ ထိမှန် (၁)ချက်၊
တပ်ကြပ်ကြီး ယာဖက်လက်မောင်း ရှပ်မှန် (၁) ချက်တို့ ဒဏ်ရာရရှိပြီး
မော်တော်ယာဉ်ရှေ့မှန်၊ တံခါးအောက်နှင့် ဝဲဘက်ရှေ့ဘီးတို့ သေနတ်ထိ မှန်၍
ရပ်တန့်သွားခဲ့ကြောင်းနှင့် အနီးမှ ဖြတ်သန်းသွားလာသည့် ရွာသူ/ရွာသား (၁၅)ဦးခန့်အား
KKO အဖွဲ့မှ ခေတ္တခေါ်ယူထိန်းသိမ်းထားပြီး နေ့လည် ၁၂:၀ဝ
နာရီချိန်ခန့်တွင် အရပ်သားများအား ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။
၁၄။
ထိုသို့ဖြစ်ပွားပြီးနောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ညွှန်ကြားချက်အရ
အမှတ်(၂၁၀) ခြေမြန်တပ်ရင်းမှ တပ်စု(၁)စုသည် စစ်ကူလိုက်သွားရာ နေ့လည် ၁:၀ဝ
နာရီအချိန်ခန့်တွင် ကရင်တော(အပေါ်ရွာ)၌ KKO အဖွဲ့နှင့်
ထိတွေ့မှုဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ်တွင် လက်နက် ကြီး (၇) လုံးခန့်
ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကာ နှစ်ဖက်ထိခိုက် ဒဏ်ရာ
ရရှိမှုမရှိဘဲ ရင်ဆိုင်ထားခဲ့ကြောင်း သိရှိရပါသည်။
၁၅။ ဖမ်းဆီးခံရသူများအနက်
နယ်ထိန်းရဲတပ်ကြပ်၊ စရဖမှ တပ်ကြပ်ကြီးနှင့် ကျိုက်မရော မြို့နယ် ရဲတပ်ဖွဲ့မှ
ဒုရဲအုပ်တို့သည် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ နေ့လည် ၃:၀ဝ နာရီ အချိန်ခန့်တွင်
စောဝင်းဇော်နှင့် စောတိုးအောင်(ခ)ခေါင်းကြီးတို့သည် ဖမ်းဆီးထားသည့်
တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် (၁၆)ဦးအား ၎င်းတို့ ဆုတ်ခွာမည်ဖြစ်ကြောင်း၊ လမ်းတွင်
ထွက်မပြေးရန် သတိပေး စကားပြောကြားကာ ဖမ်းဆီးထားသူများအား ဓါးစာခံအဖြစ် ခေါ်ဆောင်၍
မွန်ငြိမ်းချမ်းကာကွယ် ရေးတပ်ဖွဲ့စခန်းမှ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များဖြင့်
အရှေ့ဘက်သိုဆုတ်ခွာသွားခဲ့ကြရာ ကျိုက်မရောမြို့နယ် နိတုံကျေးရွာ ဆိပ်ကမ်းသို့
ညနေ၄:၁၅ နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ကြောင်း၊ တပ်မတော်ပိုင် လက်နက်ခဲယမ်း များကိုယူဆောင်၍
စောဝင်းဇော်၊ စောတိုးအောင်(ခ) ခေါင်းကြီးဦးစီး KKOတပ်ဖွဲ့ဝင်
(၂၂) ဦး တို့သည် စက်လှေ (၂) စီးဖြင့် အတ္ထရံမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်ကာ
ကွာငန်း ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်းနှင့် ဖမ်းဆီးထားခဲ့သူ (၁၆) ဦးအား
ပြန်လည်စေလွှတ်ခဲ့ ကြောင်း သိရှိရပါသည်။
၁၆။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သည်
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ ၁၃း၄၅ ချိန် ကြေးနန်းအမှတ် ၅ ဦး ၁ ဖြင့်
ရှေ့တန်းအမှတ်(၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ်၊
အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲ ဌာနချုပ်နှင့် အခြေချစစ်ဗျူဟာအဖွဲ့ (ကြာအင်းဆိပ်ကြီး) တို့အား
စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်မှစ၍ တန်းပြည့်စစ်မှု ထမ်းချိန်အဖြစ်
သတ်မှတ်ကြောင်း အကြောင်းကြားခဲ့သည်ကို တွေ့ရှိရပါသည်။
၁၇။ ထို့ပြင် အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ်နှင့် တပ်ရင်းများသည်
ကျိုက်မရောမြို့နယ် အတွင်းသို့ ၂၆-၉-၂၀၁၄ရက်နေ့ ညမှစ၍ စစ်ဆင်ရေးဝင်ရောက်ခဲ့ပြီး၊
ဆုတ်ခွာသွားသော စောဆန်းအောင် KKO အဖွဲ့အား
လိုက်လံရှင်းလင်းခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရ ပါသည်။
ကိုအောင်နိုင်ဆိုသူအား
ဖမ်းဆီးရမိခြင်း
၁၈။ ၃၀-၉-၂၀၁၄ ရက်နေ့နံနက် ၉:၃၀ နာရီချိန်ခန့်တွင်
ကျိုက်မရောမြို့၊ စက်ကုန်းလမ်းဆုံ၌ ဆိုင်ကယ်တက္ကစီတစ်စီးအား တပ်မတော်၊ ရဲ၊
ရပ်ကွက်ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးခဲ့ရာ
မသင်္ကာဘွယ်ရာလူတစ်ဦးအားဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူပါရှိသော
နိုင်ငံသားစိစစ်ရေး ကတ်ပြားအရ အောင်နိုင်၊ (၄၃)နှစ်၊ (ဘ)ဦးခိုင်၊ ၁၂/မဂဒ(နိုင်) ဝ၁၃၄၉၈၊
အမှတ်(၂၇)၊ မင်္ဂလာလမ်း၊ ကြံခင်းစုရပ်ကွက်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊
၎င်းနှင့်အတူ စာရွက်စာတမ်းနှင့် ပစ္စည်းများ ၆၇ မျိုး သိမ်းဆည်းရမိခဲ့ကြောင်း
စစ်ဆေးထွက်ဆိုချက်များအရ သိရှိရပါသည်။
၁၉။ ကိုအောင်နိုင်နှင့် အခြားသက်သေများအား
စစ်ဆေးဖော်ထုတ်ချက်အရ ကိုအောင်နိုင်သည် ၂၆-၉-၂၀၁၄ရက်နေ့မှ ၃၀-၉-၂၀၁၄ ရက်နေ့
နံနက်ပိုင်းအထိ KKO
အဖွဲ့နှင့်အတူ ရှိနေခဲ့ကြောင်း၊ ၂၇-၉-၂၀၁၄ရက်နှင့် ၂၈-၉-၂၀၁၄
ရက်နေ့များတွင် တပ်မတော်နှင့် KKO တို့တိုက်ပွဲများ ဖြစ်ပွား
နေစဉ် KKO အဖွဲ့နှင့်အတူ ထွက်ပြေးပုန်းအောင်းနေခဲ့ကြောင်း
စစ်ဆေးသိရှိရပါသည်။
၂၀။ ၃၀-၉-၂၀၁၄ရက်နေ့တွင် ကိုအောင်နိုင်အား
ဖမ်းဆီးရမိပြီးနောက် အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ်သည် ၄-၁၀-၂၀၁၄ ရက်နေ့အထိ
စစ်ကြောင်းများတွင် အဆင့်ဆင့် လွှဲပြောင်းတွဲဖက်ပြီး KKO စောဝင်းဇော်အဖွဲ့မှသိမ်းဆည်းသွားသော
တပ်မတော် ပိုင်လက်နက် ခဲယမ်းများကို လိုက်လံရှာဖွေဖော်ထုတ်ခဲ့ကြောင်း၊
ကိုအောင်နိုင်၏ ပြသမှုကြောင့် စောဝင်းဇော်အဖွဲ့မှ သိမ်းဆည်းယူဆောင်သွားသော
အမှတ်(၂၀၈) ခြေ မြန်တပ်ရင်းမှ အမ်အေ-၁၊ သေနတ်(၃) လက်နှင့် ခဲယမ်းများ၊ KKO အဖွဲ့၏ လက်လုပ်မိုင်း ပစ္စည်းများကို ပြန်လည်သိမ်းဆည်း ရရှိခဲ့ ကြောင်း
သိရှိရပါသည်။
ကိုအောင်နိုင်ဆိုသူသေဆုံးခြင်း
၂၁။ အမှတ်(၂၁၀)ခြေမြန်တပ်ရင်းသည် ၄- ၁၀- ၂၀၁၄
ရက်နေ့ ညနေတွင် ကိုအောင်နိုင်အား ကျိုက်မရောမြို့နယ်
ရွှေဝါချောင်ဘုန်းကြီးကျောင်းအတွင်းရှိ ရှေ့တန်းအမှတ်(၂၂) ခြေမြန်တပ်မ
ဌာနချုပ်ထံမှ လက်ခံရရှိခဲ့ကြောင်း၊ ရွှေဝါချောင်ရွာအနီးရှိ တောင်ကုန်းငယ်တစ်ခုသို့
ချီတက်ရောက်ရှိ ညအိပ်အခြေပြုခဲ့ကြောင်း၊ ကိုအောင်နိုင်အား တာဝန်ယူထိန်းသိမ်းသော
တပ်စုမှူးမှ ခြေထောက် နှင့်လက်တို့ကို ကြိုးတုပ်၍ (၂) ယောက်တွဲ
အစောင့်ကင်းချထိန်းသိမ်းခဲ့ကြောင်း၊ ကိုအောင်နိုင်မှ
အပေါ့အလေးသွားချင်သည်ဟုပြောသဖြင့် ကင်းစောင့်တပ်သားမှကြိုးဖြေပေးခဲ့ကြောင်း
ညာဘက်လက်ကို ကြိုးချည်ထားကြောင်း၊ အပေါ့သွားပြီး၍ လက်နှစ်ဘက်အား
ကြိုးတုပ်ရန်ဆောင်ရွက်စဉ် ကိုအောင်နိုင်မှ အစောင့်တပ်သားအား ကိုယ်လုံးဖြင့်
တိုက်လိုက်သဖြင့် အစောင့်တပ်သားလဲကျသွားစဉ် ၎င်းကိုင်ဆောင်သော သေနတ်အားလုယူရန်
ကြိုးစားခဲ့သဖြင့် အနီးရှိအစောင့် ဒုတပ်ကြပ်မှ ၎င်းကိုင်ဆောင်သော သေနတ်ဖြင့်
အတွဲတို (၂) ချက် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်အားလုယူရန် ကြိုးပမ်းစဉ် အစောင့်တပ်သား၏ သေနတ်မှ
ကျည်တစ်တောင့် ပေါက်ထွက်ခဲ့ကြောင်း၊ ကိုအောင်နိုင်သည်
၎င်းနေရာတွင်လဲကျသွားခဲ့ကြောင်း၊ သေနတ်သံကြား သဖြင့် စစ်ကြောင်းမှူးနှင့် အရာရှိ
များရောက်ရှိခဲ့ကြောင်း၊ ဆေးမှူးမှစစ်ဆေးရာ သေနတ် ဒဏ်ရာ(၅)ချက်
ထိမှန်သေဆုံးနေသည်ဟု တွေ့ရှိခဲ့ကြကြောင်း၊ အချိန်မှာ ည(၇:၄၅) နာရီ ခန့်ဖြစ်ကြောင်း၊
စစ်ကြောင်း မှတပ်မသို့တင်ပြခဲ့ရာ တပ်မမှဖြစ်စဉ်အား စိစစ်မှုပြုလုပ်ခဲ့ပြီး
သင်္ဂြိုလ်ခွင့်ပြုခဲ့ကြောင်း၊ ရွှေဝါချောင်ကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း (LU-၇၈၅၀၄၅)နေရာတွင်
ည(၉:၃၅) နာရီအချိန်ခန့်၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း စစ်ဆေးထွက် ဆိုချက်များအရ
သိရှိရ ပါသည်။
ကိုအောင်နိုင်(ခ)ကိုပါကြီး၏
အလောင်းအားတူးဖော်ခြင်းနှင့် ဇနီးဖြစ်သူထံလွှဲပြောင်းပေးအပ်ခြင်း
၂၂။ ၅.၁၁.၂၀၁၄ နေ့ နံနက် ၁၁:၄၀ နာရီချိန်ခန့်တွင်
အောင်နိုင်ဆိုသူ၏အလောင်းအားအထက် အပိုဒ် (၄) ပါပုဂ္ဂိုလ်များရှေ့မှောက်တွင်
စတင်တူးဖော်ခဲ့ကြောင်း၊ အလောင်း၏ကိုယ်ပေါ်တွင် အင်္ကျီ အပြာကွက်၊
လုံချည်အစိမ်းကွက်နှင့် အတွင်းခံဘောင်းဘီတစ်ထည် ဝတ်ဆင်ထားကြောင်း၊ မူးယစ် ဆေးဝါးနှင့်
အဆိပ်ပါဝင်မှု ရှိ/မရှိ စစ်ဆေးမှုအတွက် ရန်ကုန်မြို့ရှိ ဓာတုဗေဒဝန်ရုံးသို့
ပို့ဆောင်ရန် အလောင်းမြှုပ်ထားသည့် မြေနံဘေးမှ မြေသားအနည်းငယ်၊ အလောင်းပေါ်မှ
မြေသားနှင့် အောက်ဘက်ကပ်လျှက်ရှိသော မြေသား၊ ဘေးတစ်ဖက်တစ်ချက်စီရှိ မြေသားများကို
ကောက်ယူသိမ်းဆည်းခဲ့ကြောင်း၊ အလောင်းနှင့်အတူ သွားတိုက်တံတစ်ချောင်း၊
သွားတိုက်ဆေး တစ်ဗူး၊ ဆပ်ပြာမှုန့်တစ်ထုပ်နှင့် အဖြူ/အပြာ ရာဘာဖိနပ်တစ်ရံတို့ကို
မြှုပ်နှံထားကြောင်း တွေ့ရှိ ခဲ့ရပါသည်။
၂၃။ ၅.၁၁.၂၀၁၄ နေ့ နေ့လည် ၁:၅၀ နာရီချိန်ခန့်တွင်
အလောင်းအား ထုပ်ပိုးပြီး သယ်ဆောင် ရာ ညနေ ၅:၂၅ နာရီချိန်ခန့်တွင်
မော်လမြိုင်ပြည်သူ့ဆေးရုံရင်ခွဲတိုက်သို့ ရောက်ရှိခဲ့ကြောင်း၊ ည၇:၄၀
နာရီချိန်ခန့်တွင် အလောင်းအား ဆေးကြောပြီး ပြင်ပဒဏ်ရာများအား ကြည့်ရှုစစ်ဆေး
မှတ်တမ်း တင်ခဲ့ကြောင်း ည ၈:၃၀ နာရီချိန်ခန့်တွင် Portable X-Ray ဖြင့်
ဓာတ်မှန် (၁၆) ချပ် ရိုက်ခဲ့ရာ ည ၁၀:၃၀ နာရီချိန်ခန့်တွင် ပြီးစီးခဲ့ကြောင်း
သိရှိရပါသည်။
၂၄။ ၆.၁၁.၂၀၁၄ ရက်နေ့ နံနက် ၉:၀ဝ
နာရီချိန်ခန့်တွင် ကျန်းမာရေးဝန်ကြီးဌာန ကျွမ်းကျင်သူ မှုခင်းဆရာဝန်ကြီးများ
အဖွဲ့မှ ရင်ခွဲစစ်ဆေးခဲ့ကြကြောင်း၊ ရင်ခွဲစစ်ဆေးချက် အမှတ်စဉ် ၂၈၇/၁၄ ဖြစ်ကြောင်း၊
ဇနီးဖြစ်သူ ဒေါ်သန္တာမှ ကိုအောင်နိုင်ဆိုသူအလောင်း၏ ဝဲဘက်ကျောပြင်တွင် မွေးရာပါ
အမှတ်လက္ခဏာ အညိုရောင်အကွက်ရှိပြီး အရပ်မြင့်၍ ခြေဖဝါးရှည်သဖြင့် ခင်ပွန်း ဖြစ်သူ
ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးဆိုသူ၏ အလောင်းဖြစ်သည်ဟု အတည်ပြုခဲ့ကြောင်း၊
၇.၁၁.၂၀၁၄ ရက်နေ့တွင် ဒေါ်သန္တာနှင့်အဖွဲ့သည် ကိုအောင်နိုင် (ခ)ကိုအောင်ကျော်နိုင်
(ခ) ကိုပါကြီး ဆိုသူ၏ အလောင်းအား မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့
သယ်ဆောင်ခဲ့ကြရာ ရေဝေး သုဿန်သို့ ရောက်ရှိပြီး ညနေ ၅:၀၀ နာရီချိန်ခန့်တွင်
ဂူသွင်းသင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း သိရှိ ရပါ သည်။
စုံစမ်းစစ်ဆေးတွေ့ရှိချက်များ
၂၅။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ်အနေဖြင့်
တန်းပြည့် စစ်မှုထမ်းချိန်အဖြစ် သတ်မှတ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်း အသီးသီးနှင့် အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ကြိုးပမ်းနေချိန်တွင်
စောဆန်းအောင်KKO
အဖွဲ့ ၏ ဖောက်ဖျက်မှုများနှင့် စောဆန်းအောင် KKO အဖွဲ့ဝင် တစ်ဦးဟု သတ်မှတ်ထားခဲ့ သူတစ်ဦး သေဆုံးခြင်းကိစ္စအား
ဒေါ်သန္တာကတိုင်ကြားခြင်းနှင့် ကျိုက်မရော ရဲစခန်းတွင် လူပျောက်မှု မဖွင့် လှစ်ခင်
ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်း၊ တရားဥပဒေနှင့်အညီ သေမှုသေခင်း ဖွင့်လှစ်ခြင်းတို့ကို
ပြုလုပ်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။
၂၆။ ကိုအောင်နိုင်ဆိုသူအား တပ်မတော်တပ်ဖွဲ့များမှ
ထိန်းသိမ်း၍ စစ်ဆင်ရေးတာဝန်များ
ထမ်းဆောင်စဉ်နေ့အချိန်တွင်လက်ပြန်ကြိုးတုပ်၍လည်းကောင်း၊ ညအချိန်တွင် ခြေထောက် ပါတုပ်၍
လည်းကောင်း လုံခြုံရေးကင်းချထားပြီး ထိန်းသိမ်းခဲ့ သော်လည်း တပ်မဌာနချုပ်တွင်
ခေတ္တ ထိန်းသိမ်းထားစဉ် တုတ်နှောင်ခြင်းမပြုဘဲ လုံခြုံရေးကင်းဖြင့်သာ
ထိန်းသိမ်းထား ခဲ့ကြောင်းနှင့် စစ်သည်များစားသကဲ့သို့ပင်
အစားအသောက်များကျွေးမွေးခဲ့ကြောင်းကို စစ်ဆေး သိရှိရပါသည်။
၂၇။ ၄င်းအားဖမ်းဆီးထိန်းသိမ်းထားစဉ်တွင် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ
ညှဉ်းပန်း နှိပ်စက်ခဲ့သည့် သက်သေထွက်ဆိုချက်များမရှိပါ။
၂၈။ အမှတ်(၂၁၀)ခြေမြန်တပ်ရင်းမှ
ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးသည် အချုပ်သားကိုစနစ်တကျ ချုပ်နှောင်ခြင်း၊
ကြပ်မတ်ကွပ်ကဲခြင်း၊ ထွက်ပြေးပါက အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်နည်း စနစ်များအား
ရှင်းလင်းညွှန်ကြားခြင်းများ အားနည်းခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။
၂၉။ အမှတ်(၂၁၀)ခြေမြန်တပ်ရင်းသည် သေဆုံးသူ၏အလောင်းအား မြှုပ်နှံခဲ့သော်လည်း
ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးတို့မှ ကြီးကြပ်မှုအားနည်းကြောင်း၊
အလောင်းမြှုပ်နှံမှုမှတ်တမ်းနှင့် ဓာတ်ပုံများ စနစ်တကျ
ပြုစုဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။
၃၀။ အမှတ် (၂၁၀) ခြေမြန်တပ်ရင်းသည်
သေဆုံးသူကိုရည်စူး၍ ၁၀-၁၁-၂၀၁၄ရက်နေ့တွင် တပ်ရင်းဌာနချုပ်၌ ဆွမ်းသွတ်ခဲ့ကြောင်း
အရာရှိများ၏ ထွက်ဆိုချက်အရ သိရှိရပါသည်။
၃၁။
၁၅.၁၁.၂၀၁၄ ရက်နေ့တွင်
မော်လမြိုင်မြို့၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုအောင်နိုင် ဆိုသူ၏
အလောင်းအားရင်ခွဲစစ်ဆေးချက်နှင့် ထင်မြင်ယူဆချက် အစီရင်ခံစာကိုရရှိခဲ့ပြီး သေဆုံး ရခြင်း
အကြောင်းရင်းဆေးစစ်အစီရင်ခံချက်မှာ ဦးခေါင်း၊ ရင်ခေါင်း၊ ပေါင်နှင့်ခြေဖနောင့်
တို့တွင် ရရှိသော သေနတ်ဒဏ်ရာများကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း
တွေ့ရှိရ ပါသည်။
၃၂။ ထို့ပြင်ကရင်ပြည်နယ်မှုခင်းဆရာဝန်ကြီးက
ကျန်းမာရေးဝန်ကြီးဌာနမှ ပေးပို့သော ရင်ခွဲ စစ်ဆေးချက်
အစီရင်ခံစာ(အင်္ဂလိပ်ဘာသာ)ကို ဖတ်ရှုဘာသာပြန်ပြီး သေဆုံးသူ၏ အလောင်း တွင်
အောက်ပါဒဏ်ရာ၊ ဒဏ်ချက်များတွေ့ရှိရကြောင်း ထွက်ဆိုခဲ့ပါသည̶်
(က) ဦးခေါင်းခွံရိုးကြေမွကွဲအက်ဒဏ်ရာ၊
မေးရိုးကျိုးဒဏ်ရာ၊ ယမ်းပေါက်ကွဲအား ကြောင့် ထွက်ပေါ်လာသော သတ္တုအပိုင်းအစငယ်များ၊
(ခ) ဝဲဘက်နံရိုးကျောဘက်တွင်အမှတ်(၆)နှင့်(၇)
ကျိုးနေသည်။
(ဂ) ဝဲပေါင်တွင်အရိုးကျိုးခြင်းမတွေ့ပါ။ ယမ်းပေါက်ကွဲအားကြောင့် ထွက်ပေါ်လာ သော
သတ္တုအပိုင်းအစငယ်များ၊
(ဃ) ဝဲဖနောင့်ရိုးကျိုးနေသည်။
ယမ်းပေါက်ကွဲအားကြောင့် ထွက်ပေါ်လာသောသ တ္တု အပိုင်းအစငယ်များ၊
(င) ယာလက်ဖျံအပြင်ဘက်ရိုးကျိုးသည်၊
(စ) မေးစေ့အောက်တွင် ၄ cm × ၂.၅ cm အရွယ်ရှိကျည်ဝင်ဒဏ်ရာ (၁)ခု၊
(ဆ) ဦးခေါင်းခွံတစ်ခုလုံးကြေမွကွဲအက်ပွင့်ထွက်နေသည့်ကျည်ထွက်ရာ
(၁)ခု၊
(ဇ) ဝဲဘက်ရင်အုံပေါ်တွင် ၅ cm x ၁.၅ cm နှင့် ၅ cm x ၂ cm
အရွယ်ရှိသော ကျည် ထွက်ရာ (၂)ခု၊
(ဈ) ဝဲပေါင်အတွင်းဘက်တွင်
ယမ်းမှုန့်စွန်းထင်းနေသော ဝ.၅ cm အချင်းရှိကျည်ဝင် ဒဏ်ရာ
(၁)ခု၊
(ည) ဝဲပေါင်အပြင်ဘက်တွင်၂.၅ cm x ၂ cm အရွယ်ရှိကျည်ထွက်ဒဏ်ရာ (၁)ခု၊
(ဋ) ဝဲဖနောင့်အတွင်းဘက်တွင်၃.၅ cm x ၂ cm အရွယ်ရှိကျည်ဝင်ဒဏ်ရာ (၁)ခု၊
(ဌ) ဝဲဖနောင့်အပြင်ဘက်တွင်၉ cm x ၅ cm အရွယ်ရှိကျည်ထွက်ဒဏ်ရာ (၁)ခု၊
(ဍ) ဝဲဘက်ကျောလက်ပြင်အောက်တွင်၂.၅ cm x ၁ cm အရွယ်နှင့်၁ cm x ဝ.၅ cm
အရွယ်စီရှိသော ကျည်ဝင် ဒဏ်ရာ (၂) ခု၊
(ဎ) ဦးခေါင်းဦးရေပြားအောက်သွေးခြေဥခြင်းမရှိပါ။
လည်ပင်းရိုး မကျိုးပါ၊ လည်ဇလုပ် ရိုး မကျိုးပါ။
(ဏ) ဝဲဘက်နံရိုးအမှတ်(၄) ကျိုးနေသောကျည်ဒဏ်ရာ၊
(တ) ဝဲဘက်ရင်ခေါင်းပေါ်ရှိ
ကျည်ထွက်ဒဏ်ရာပတ်လည်တွင် သွေးခြေဥဒဏ်ရာများ တွေ့ရသည်။
(ထ) ဝဲဘက်အဆုတ်အပေါ်ပိုင်းတွင်၃.၅ cm x ၂.၅ cm အရွယ်နှင့်အောက်ပိုင်းတွင်၂.၅ cm x ၂ cm အရွယ်ရှိကျည်ဒဏ်ရာ (၂)ခု၊
(ဒ) ဝဲဘက်ပေါင်ရိုးအပေါ်ပိုင်း (၃)ပုံ (၁)ပုံခန့်တွင် ကျည်ဝင်ပေါက်နှင့်
ကျည်ထွက် ပေါက် အကြားကျိုးနေသည်။
၃၃။ ၁၅-၁၁-၂၀၁၄နေ့တွင် ရန်ကုန်မြို့ဓာတုဗေဒဝန်ရုံး၏
၁၁-၁၁-၂၀၁၄ရက်စွဲပါ စာအမှတ်၊ ၉၇၈/စထ(သွေး)/ရက/၂၀၁၄ ဖြင့်စစ်ဆေးချက်အရ သေဆုံးသူ၏ အလောင်းတွင်
ကျားဝတ် အင်္ကျီ၊ ကျားဝတ်အတွင်းခံဘောင်းဘီ၊ ပုဆိုးတို့၌
လူသွေးစမ်းသပ်တွေ့ရှိခဲ့ကြောင်း ဖော်ထုတ်ခဲ့ပါ သည်။
၃၄။ နေပြည်တော်ရှိမှုခင်းရဲတပ်ဖွဲ့မှူးရုံး၏
စစ်ဆေးချက်အရ အောက်ပါအတိုင်းသိရှိရပါသည̶်
(၁) သေဆုံးသူ၏ဝဲပေါင်ဒဏ်ရာအတွင်းဘက်မှ
နမူနာဂွမ်းစတွင်ယမ်းဓာတ်ရှိကြောင်း၊
(၂) နက်ပြာရောင်အကွက်စိပ်
ကျားဝတ်အင်္ကျီလက်ရှည်၏ ရှေ့ဘက်ဝဲရင်အုံအနီးရှိ အပေါက်နှင့် နောက်ကျော
ဘက်ဝဲလက်ပြင်ရိုးအနီးရှိ အပေါက်တို့သည် သေနတ် ပစ်ခတ်မှုကြောင့်
ရရှိသောအပေါက်များဖြစ်ကြောင်း၊
(၃) အစိမ်းရောင်ကွက်စိပ်လုံချည်ရှိအကျယ်
၄.၅ cm ခန့်ရှိအပေါက်ရာသည် သေနတ် ပစ်ခတ်မှုကြောင့် ရရှိသော
အပေါက်ရာဖြစ်ကြောင်း၊
(၄) သေဆုံးသူ၏ ဝဲဘက်လက်ချောင်းအရေခွံ (၅) ခုကို ရောင်ခြည်ထိုး လက်ပုံစံများ
ဖော်ထုတ် ဓာတ်ပုံရိုက်ယူခြင်း၊ လက်ပုံစံမှင်ဖြင့် နှိပ်ယူရရှိသော လက်ပုံစံများမှ
လက္ခဏာရေး မျဉ်းကြောင်းများ ထင်ရှားကောင်းမွန်စွာ ပါရှိခြင်းမရှိသဖြင့် သေဆုံး သူ၏
လက်ဗွေရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ၏ နိုင် (၂)
ပုံစံမိတ္တူ ဓာတ်ပုံ နမူနာပေါ်ရှိ ဝဲဘက်လက်ပုံစံများနှင့် တိုက်ဆိုင်စစ် ဆေး
ထင်မြင်ချက်မပေးနိုင်ကြောင်း။
၃၅။
မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) မှပေးပို့သော မှတ်တမ်းများအရ ၂၂-၉-၂၀၁၄ ရက်နေ့မှ ၂၆-၉-၂၀၁၄ ရက်နေ့ထိ MPC
တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တို့တွေ့ဆုံပြီး ဆဌမအကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး
စာချုပ် (NCA) Single Text မူကြမ်းဆွေးနွေးပွဲပြုလုပ်ခဲ့ရာ
၂၂-၉-၂၀၁၄ ရက်နေ့မှ ၂၆-၉-၂၀၁၄ ရက်နေ့ထိ ဆွေးနွေးပွဲတက်ရောက်သူ မှတ်တမ်းများတွင်
စောဆန်းအောင်သည် DKBA ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ကြောင်း၊
၂၆-၉-၂၀၁၄နေ့မှတ်တမ်းတွင် စောဆန်းအောင် သည် နာမည်ရေးထားသော်လည်း လက်မှတ်ရေးထိုး
ခဲ့ခြင်းမရှိကြောင်း၊ ၂၄-၁၁-၂၀၁၄ ရက်နေ့မှ ၂၆-၁၁-၂၀၁၄ ရက်နေ့အထိ Media တက်ရောက်မှုမှတ်တမ်းတွင် ကိုအောင်နိုင်၊ ကိုအောင်ကျော် နိုင်၊ ကိုပါကြီး၊
ကိုအောင်ကြီး စသည့်အမည်များမတွေ့ရှိရကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
၃၆။ အမှတ်(၂၂)တပ်မဌာနချုပ်၏စစ်ကြောချက်၊
စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(မြဝတီ)တို့မှ စုံစမ်းတွေ့ရှိ ချက်နှင့်
မီဒီယာများမှဖော်ထုတ် ရေးသားချက်များအရ ကိုအောင်နိုင်(ခ) ကိုအောင် ကျော်နိုင်(ခ)
ကိုပါကြီးဆိုသူသည် ထိုင်း၊ မြန်မာ နယ်စပ်သို့ သွားရောက်ကာ ABSDF သို့ ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် DKBA အဖွဲ့နှင့်
ဆက်သွယ်၍ လှုပ်ရှားခဲ့ကြောင်း၊ ၃၀-၉-၂၀၁၄ ရက်နေ့တွင် ၎င်းအားဖမ်းဆီးရမိခဲ့စဉ်က
အောက်ပါသက်သေခံကဒ်ပြားများ ပါဝင်ခဲ့ကြောင်း တွေ့ရှိ ရပါသည် –
(က) ကိုအောင်နိုင်အမည်ပါ နိုင်ငံသားစီစစ်ရေးကဒ်၁၂/မဂဒ(နိုင်)ဝ၁၃၄၉၈၊
(ခ) ကိုအောင်နိုင်အမည်ပါ
အလုပ်သမားဝန်ကြီးဌာနမှ (၂-၅-၂၀၁၃)ရက်စွဲဖြင့် ထုတ်ပေးထားသည့် Passport No.
TO 008075 only for Thailand၊
(ဂ) ထိုင်းနိုင်ငံပညာရေးဌာနမှထိုင်းစာဖြင့်ထုတ်ပေးထားသည့်ကျောင်းဆရာသက်
သေခံကတ်ပြား (၃) ခု၊ ၎င်းတို့မှာ –
(၁) ၂၀၁၂ခုနှစ်တွင်
နိုင်အောင်ကျော်နိုင်အမည်ဖြင့် ထုတ်ပေးထားသည့် ကတ်ပြားတစ်ခု၊
(၂) ၂၀၁၃ခုနှစ်တွင် နိုင်အောင်နိုင်အမည်ဖြင့် ထုတ်ပေးထားသည့်ကတ်ပြား
တစ်ခု၊
(၃) ၂၀၁၄ခုနှစ်တွင် နိုင်အောင်နိုင်အမည်ဖြင့်ထုတ်ပေးထားသည့်ကတ်ပြား
တစ်ခု၊
စုံစမ်းစစ်ဆေးရေးအဖွဲ့၏
သုံးသပ်ချက်
၃၇။ ၂၂-၉-၂၀၁၄ရက်နေ့မှ ၂၆-၉-၂၀၁၄ ရက်နေ့အထိ MPC ၌
ကျင်းပခဲ့သော တက်ရောက် ဆွေးနွေးခဲ့သူများ၏ မှတ်တမ်းများတွင်လည်းကောင်း၊ ၂၄-၉-၂၀၁၄
ရက်နေ့မှ ၂၆-၉-၂၀၁၄ ရက်နေ့အထိ ၎င်းဆွေးနွေးပွဲသို့ တက်ရောက်သတင်းရယူခဲ့သူ
မီဒီယာများ၏ မှတ်တမ်းများ တွင်လည်းကောင်း ကိုအောင်နိုင်၊ ကိုအောင်ကျော်နိုင်၊
ကိုပါကြီး၊ (ကိုအောင်ကြီး) စသည့် နာမည် များတွေ့ရှိခဲ့ခြင်း မရှိသည့်အတွက် ၄င်းအား
DKBA အဖွဲ့ဝင်ဟုလည်းကောင်း၊ သတင်းရယူ သူတစ်ယောက်အဖြစ်
လည်းကောင်း မှတ်ယူနိုင်ခြင်း မရှိကြောင်းသုံးသပ်ပါသည်။
၃၈။ ကိုအောင်နိုင်ဆိုသူအား
အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်မှ စစ်ကြောချက်၊ ၎င်းထံမှသိမ်း ဆည်းရမိသော
စာရွက်စာတမ်းနှင့် ဓာတ်ပုံများမှ ဖော်ထုတ်ချက်များအရ အရှေ့တောင်တိုင်း
စစ်ဌာနချုပ်နှင့် အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ်တို့သည် ကိုအောင်နိုင်ဆိုသူအား KKO စောဆန်းအောင်အဖွဲ့မှ
ဗိုလ်ကြီးအဆင့်ရှိ ပြန်ကြားရေးတာဝန်ခံတစ်ဦး ဟုသာယူဆခဲ့ကြောင်း သုံးသပ်ပါသည်။
၃၉။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ(၃)၊
ဦးမြတ်ခိုင်(လျှပ်တပြက်)နှင့် ကိုဖြိုးဝေ အောင်(ခ)ကိုအောင်ပ၊ အလွတ်သတင်းထောက်၊
ဘားအံတို့၏ ထွက်ဆိုချက်များအရ ကိုအောင် နိုင်
(ခ)ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးသည် အလွတ်သတင်းထောက်တစ်ဦး ဖြစ်သော်လည်း သတင်းစာဆရာအသင်းဝင်
တစ်ဦးမဟုတ်ကြောင်း သိရှိရပါသည်။
၄၀။ ၃၀-၉-၂၀၁၄ရက်နေ့တွင်
ကျိုက်မရောမြို့၌မသင်္ကာသူတစ်ဦးအား စစ်ဆေးရှာဖွေခဲ့ရာ၌ အောင်နိုင်အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
၁၂/မဂဒ(နိုင်)ဝ၁၃၄၉၈နှင့် အခြား အထောက်အထားပစ္စည်းများ သိမ်းဆည်းရမိခဲ့သော်လည်း
ယင်းအထောက်အထားများကို အခြေ ပြု ပြီးမည်သူမည်ဝါဖြစ်ကြောင်း
တိကျသေချာသောစုံစမ်းမှုများကို ဆက်တိုက်လုပ်ဆောင် ခဲ့ကြ ခြင်း မရှိဟု
သုံးသပ်ပါသည်။
၄၁။ အောင်နိုင်ဆိုသူအား
မသင်္ကာဘွယ်ရာအထောက်အထားများနှင့်တကွ တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့သော်လည်း ဖမ်းဆီးသည့်နေရာသည်
ကျိုက်မရောမြို့ပေါ်တွင် ဖြစ်ပြီးဖမ်းဆီး သည့်အဖွဲ့၌ ရဲတပ်ဖွဲ့ဝင်များပါဝင်ကာ
ရဲစခန်းနှင့် လည်းနီးစပ်ပါလျက် နယ်ထိန်းရဲက နယ်ထိန်း အစီရင်ခံစာရေးသားတင်
သွင်းခြင်း၊ ရဲစခန်း၌ မသင်္ကာမှုဖြင့် မှတ်တမ်းတင်ထားခြင်း၊ ထိုသို့ ဆောင်ရွက်ရန်လိုအပ်ကြောင်း
တပ်မတော်သို့ အကြောင်းကြားခြင်းများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ ကြောင်း သုံးသပ်ပါသည်။
၄၂။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့်
အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ်တို့သည် အောင်နိုင် ဆိုသူအား အသေးစိတ်စစ်ကြောခြင်း၊
စစ်ကြောချက်၌ လက်မှတ်ရေးထိုးစေခြင်း၊ KKO ၏ စစ်အင်္ဂါ
စဉ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ DKBA နှင့် KKO တို့အားဆက်သွယ်မေးမြန်းခြင်း စသော အခွင့်အရေးများရှိပါလျက်
ဆုံးခန်းတိုင်စိစစ်မှုများမပြုလုပ်ခဲ့ဟု သုံးသပ်ပါသည်။
၄၃။ ကိုအောင်နိုင်ဆိုသူသည် ၂၆-၉-၂၀၁၄ ရက်နေ့မှ
၃၀-၉-၂၀၁၄ ရက်နေ့အထိ စောဆန်း အောင်အဖွဲ့နှင့်အတူ ကျိုက်မရောမြို့နယ်အတွင်း
ရှိနေခဲ့သည်မှာ ထင်ရှားသော်လည်း လက်နက် ကိုင်ဆောင်၍
တပ်မတော်အားပစ်ခတ်တိုက်ခိုက်ခြင်း၊ ကင်မရာ လွယ်၍သတင်း ဓာတ်ပုံရယူခြင်း စသည့်
သက်သေအထောက်အထားများ အထင်အရှား မတွေ့ရှိရသဖြင့် ယင်း ၂၆-၉-၂၀၁၄ ရက်နေ့မှ ၃၀-၉-၂၀၁၄
ရက်နေ့အထိကာလအတွင်း ကိုအောင်နိုင်ဆိုသူသည် KKO အဖွဲ့ဝင်တစ်ဦး ဟုလည်းကောင်း၊
သတင်းထောက်တစ်ဦးဟုလည်းကောင်း တစ်ထစ်ချ ကောက်ချက်ချရန် ခက်ခဲသည့် အနေအထား ရှိပါသည်။
၄၄။ သို့သော် ၅-၁၁-၂၀၁၄ ရက်နေ့ ထုတ်ဝေသော
အဓိပတိဂျာနယ်၌ ပြည်ကျော်ဆိုသူက “KKO ဒုဥက္ကဋ္ဌမှူးကြီး စောမိုရှေး(DKBA
ဒုစစ်ဦးစီးချုပ်)နှင့် တွေ့ဆုံခြင်း” သတင်းဆောင်းပါး၌ ပါဝင်သော
အချက်အလက်များအရ ကိုအောင်နိုင်ဆိုသူအား KKO အဖွဲ့ဝင်အဖြစ်တစ်ထစ်
ချမှတ်ယူ နိုင်ခြင်း မရှိကြောင်းတွေ့ရှိရပါသည်။ ယင်းသတင်းဆောင်းပါး၌ KKO ဒုဥက္ကဋ္ဌမှူးကြီး စောမိုရှေးက “ကိုပါကြီးသည် KKO အဖွဲ့နှင့်
မိတ်ဆွေတစ်ယောက်ကဲ့သို့ ရင်းနှီးမှုရှိကြောင်း၊ ကျွန်တော် တွေ့ဖူးတာကတော့ DKBA
Day မှာ သူလာရောက်၍ သတင်းလာယူကြောင်း၊ ကျွန်တော်ကြားတာက KKOရဲ့ ပြန်ကြားရေးဗိုလ်ကြီးဆိုပြီး ကြားတယ်၊ KKO တွင်
ရာထူး မရှိကြောင်း၊ တာဝန် ပဲရှိကြောင်း၊ ကိုပါကြီးနဲ့ကျွန်တော်တို့နဲ့
ဘာမှမပတ်သက်ကြောင်း” ဖော်ပြ ထားပါသည်။
၄၅။ စစ်ဆင်ရေးဝင်ရောက်နေသောစစ်ကြောင်းများမှ
ကိုအောင်နိုင်ဆိုသူအား ဖမ်းဆီးခဲ့ခြင်း၊ စစ်ကြောင်းများနှင့် အတူလိုက်ပါစေ၍
ဆုံးရှုံးသွားသော လက်နက်ခဲယမ်းအချို့အား ပြန်လည် ဖော်ထုတ် ရရှိခဲ့ခြင်း၊
ထွက်ပြေး၍ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခြင်း၊ သေမှုသေခင်းဖွင့်လှစ် ခြင်း စသည်တို့ကို
အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း
တွေ့ရှိရပါသည်။
၄၆။ ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးဆိုသူသည် ၂၆-၉-၂၀၁၄
ရက်နေ့ ကတည်းက မြဝတီမြို့သို့ထွက်ခွါသွားရန် အခွင့်အရေးရှိသော်လည်း တပ်မတော်မှ
စစ်ဆင် ရေးဆောင်ရွက်နေသော နယ်မြေအတွင်း KKO စောဆန်းအောင်အဖွဲ့နှင့်
၃၀-၉-၂၀၁၄ ရက်နေ့ အထိ လိုက်ပါလှုပ်ရှားခဲ့ခြင်း၊ ၃၀-၉-၂၀၁၄ ရက်နေ့မှ
၄-၁၁-၂၀၁၄နေ့အထိ တပ်မတော် စစ်ကြောင်းများ နှင့်အတူ လိုက်ပါ၍ KKO ဝင်းဇော်အဖွဲ့မှ သိမ်းဆည်းသွားခဲ့သည့် လက်နက် ခဲယမ်းအချို့နှင့် KKO
အဖွဲ့၏ လက်လုပ်မိုင်းပစ္စည်းများကို ၎င်း၏ ဖော်ထုတ်ပြသမှုကြောင့်
ရရှိခဲ့သဖြင့် တပ်မတော်မှ ၎င်းအား KKO အဖွဲ့ဝင်တစ်ဦး ဟုယူဆဟန်ရှိပါသည်။
၄၇။ ရန်ကုန်မြို့၊ဘားအံမြို့နှင့်မြဝတီမြို့ပတ်ဝန်းကျင်ရှိ
အချို့သတင်းထောက်များ နှင့်စာနယ် ဇင်း အသိုင်းအဝိုင်းက ကိုအောင်ကျော်နိုင် (ခ)
ကိုပါကြီးဆိုသူအား အလွတ်သတင်းထောက် တစ်ဦးအဖြစ် သိရှိလက်ခံထားကြသော်လည်း
မော်လမြိုင်မြို့နှင့် ကျိုက်မရောမြို့ရှိ သတင်း ထောက်များကမူ ကြားဖူးသော်လည်း မမြင်တွေ့ဖူးခြင်း၊
စတင်ဖမ်းဆီးခံရစဉ်က သတင်းထောက် တစ်ဦးဖြစ်ကြောင်း ထွက်ဆိုချက်နှင့်
အထောက်အထားများမရှိခြင်း၊ တပ်မတော်နှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများသို့
ချက်ချင်းသတင်းပေးပို့ တိုင်ကြားခြင်းများမရှိခဲ့ခြင်းတို့ကြောင့် စစ်ဆင်ရေးပြု လုပ်နေသောစစ်ကြောင်းများအနေဖြင့်
ကိုအောင်နိုင်ဆိုသူအား သတင်းထောက်တစ်ဦးအဖြစ် သိရှိဟန်မတူပါ။
၄၈။ ကျိုက်မရောရဲစခန်းတွင်ဒေါ်သန္တာက
လူပျောက်မှုတိုင်တန်းခဲ့စဉ် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးဆိုသူ၏
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်မှာ ၁၂/လမတ(နိုင်)ဝ၁၃၄၉၈ ဖြစ်သော် လည်း
၃၀-၁၀-၂၀၁၄ရက်နေ့တွင်ကိုအောင်နိုင်ထံမှရရှိ ကတ်ပြားအမှတ်မှာ ၁၂/မဂဒ(နိုင်) ဝ၁၃၄၉၈
ဖြစ်နေ သဖြင့်လဝကမှ စိစစ်ခဲ့ရာတွင် ၁၂/မဂဒ(နိုင်)ဝ၁၃၄၉၈ ကို ကိုင်ဆောင်သူမှာ မခင်စန်းဦးဆိုသူ
ဖြစ်နေသောကြောင့် ၄င်းသည် နိုင်ငံသား စိစစ်ရေးကတ်ပြား အတုတစ်ခု ကိုလည်း
ကိုင်ဆောင်ထားကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏
အကြံပြုတိုက်တွန်းချက်
၄၉။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင်
(ခ) ကိုပါကြီး သေဆုံးမှု နှင့် ပတ်သက်၍ ရဲလုပ်ငန်းများ ကုန်စင်အောင်ဆောင်ရွက်ပြီး
တရားဥပဒေနှင့်အညီ တရားစွဲဆို နိုင်ရေး အတွက်ဆက်လက်ဆောင်ရွက်သင့်ပါသည်။
၅၀။ နိုင်ငံတော်၏လုံခြုံရေးကို
ထိခိုက်စေသောကိစ္စရပ်များမှအပ လူထုနှင့်ထိတွေ့ဆက်ဆံ ရသော အမှုကိစ္စများတွင်
ပွင့်လင်းမြင်သာစွာဖြင့်အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်မှုများကို
ဆောင်ရွက်သင့်ပါသည်။
၅၁။ ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး(ကလောင်အမည်
– အောင်ကြီး)ဆိုသူ သည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်၍
ဥပဒေအရာတွင်တန်းတူညီမျှအခွင့်အရေး ရရှိစေရမည် ဖြစ်ပြီး၊ ဥပဒေ၏ အကာအကွယ်ကိုလည်း
တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်သာ ဖြစ်ပါသည်။
၅၂။ ထို့ကြောင့်၂၀၀၈ခုနှစ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ပါ
ပြဌာန်းချက်များနှင့်အညီ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိစေရန်နှင့် အများ ပြည်သူအမြင်တွင်
ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဤအမှုကိုနယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေး
သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

ဖမ်းဆီးရမိပြီးနောက် အမှတ်(၂၂) ခြေမြန် တပ်မဌာနချုပ်သည် ၄-၁၀-၂၀၁၄ ရက်နေ့အထိ
စစ်ကြောင်းများတွင် အဆင့်ဆင့် လွှဲပြောင်းတွဲ ဖက်ပြီး KKO စောဝင်းဇော်အဖွဲ့မှသိမ်းဆည်းသွားသော
တပ်မတော် ပိုင်လက်နက် ခဲယမ်းများကို လိုက်လံ ရှာဖွေဖော်ထုတ်ခဲ့ကြောင်း၊
ကိုအောင်နိုင်၏ ပြသမှုကြောင့် စောဝင်းဇော်အဖွဲ့မှ သိမ်းဆည်းယူဆောင်သွားသော
အမှတ်(၂၀၈) ခြေ မြန်တပ်ရင်းမှ အမ်အေ-၁၊ သေနတ်(၃) လက်နှင့် ခဲယမ်းများ၊ KKO အဖွဲ့၏ လက်လုပ်မိုင်း ပစ္စည်းများကို ပြန်လည်သိမ်းဆည်း ရရှိခဲ့ ကြောင်း
သိရှိရပါသည်။
ကိုအောင်နိုင်ဆိုသူသေဆုံးခြင်း
၂၁။ အမှတ်(၂၁၀)ခြေမြန်တပ်ရင်းသည် ၄- ၁၀- ၂၀၁၄
ရက်နေ့ ညနေတွင် ကိုအောင်နိုင်အား ကျိုက်မရောမြို့နယ်
ရွှေဝါချောင်ဘုန်းကြီးကျောင်းအတွင်းရှိ ရှေ့တန်းအမှတ်(၂၂) ခြေမြန်တပ်မ
ဌာနချုပ်ထံမှ လက်ခံရရှိခဲ့ကြောင်း၊ ရွှေဝါချောင်ရွာအနီးရှိ တောင်ကုန်းငယ်တစ်ခုသို့
ချီတက် ရောက်ရှိ ညအိပ်အခြေပြုခဲ့ကြောင်း၊ ကိုအောင်နိုင်အား တာဝန်ယူထိန်းသိမ်းသော
တပ်စုမှူးမှ ခြေထောက် နှင့်လက်တို့ကို ကြိုးတုပ်၍ (၂) ယောက်တွဲ
အစောင့်ကင်းချထိန်းသိမ်းခဲ့ကြောင်း၊ ကိုအောင်နိုင်မှ
အပေါ့အလေးသွားချင်သည်ဟုပြောသဖြင့် ကင်းစောင့်တပ်သားမှကြိုးဖြေပေးခဲ့ ကြောင်း
ညာဘက်လက်ကို ကြိုးချည်ထားကြောင်း၊ အပေါ့သွားပြီး၍ လက်နှစ်ဘက်အား
ကြိုးတုပ်ရန်ဆောင်ရွက်စဉ် ကိုအောင်နိုင်မှ အစောင့်တပ်သားအား ကိုယ်လုံးဖြင့်
တိုက်လိုက် သဖြင့် အစောင့်တပ်သားလဲကျသွားစဉ် ၎င်းကိုင်ဆောင်သော သေနတ်အားလုယူရန်
ကြိုးစားခဲ့ သဖြင့် အနီးရှိအစောင့် ဒုတပ်ကြပ်မှ ၎င်းကိုင်ဆောင်သော သေနတ်ဖြင့်
အတွဲတို (၂) ချက် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်အားလုယူရန် ကြိုးပမ်းစဉ် အစောင့်တပ်သား၏ သေနတ်မှ
ကျည် တစ်တောင့် ပေါက်ထွက်ခဲ့ကြောင်း၊ ကိုအောင်နိုင်သည်
၎င်းနေရာတွင်လဲကျသွားခဲ့ကြောင်း၊ သေနတ်သံကြား သဖြင့် စစ်ကြောင်းမှူးနှင့် အရာရှိ
များရောက်ရှိခဲ့ကြောင်း၊ ဆေးမှူးမှစစ်ဆေးရာ သေနတ် ဒဏ်ရာ(၅)ချက်
ထိမှန်သေဆုံးနေသည်ဟု တွေ့ရှိခဲ့ကြကြောင်း၊ အချိန်မှာ ည(၇:၄၅) နာရီ ခန့်ဖြစ်ကြောင်း၊
စစ်ကြောင်း မှတပ်မသို့တင်ပြခဲ့ရာ တပ်မမှဖြစ်စဉ်အား စိစစ်မှုပြုလုပ်ခဲ့ပြီး
သင်္ဂြိုလ်ခွင့်ပြုခဲ့ကြောင်း၊ ရွှေဝါချောင်ကျေးရွာအနီး ခန့်မှန်း မြေပုံညွှန်း (LU-၇၈၅၀၄၅)နေရာတွင်
ည(၉:၃၅) နာရီအချိန်ခန့်၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း စစ်ဆေးထွက် ဆိုချက်များအရ
သိရှိရ ပါသည်။
ကိုအောင်နိုင်(ခ)ကိုပါကြီး၏
အလောင်းအားတူးဖော်ခြင်းနှင့် ဇနီးဖြစ်သူထံလွှဲပြောင်းပေးအပ်ခြင်း
၂၂။ ၅.၁၁.၂၀၁၄ နေ့ နံနက် ၁၁:၄၀ နာရီချိန်ခန့်တွင်
အောင်နိုင်ဆိုသူ၏အလောင်းအားအထက် အပိုဒ် (၄) ပါပုဂ္ဂိုလ်များရှေ့မှောက်တွင်
စတင်တူးဖော်ခဲ့ကြောင်း၊ အလောင်း၏ကိုယ်ပေါ်တွင် အင်္ကျီ အပြာကွက်၊
လုံချည်အစိမ်းကွက်နှင့် အတွင်းခံဘောင်းဘီတစ်ထည် ဝတ်ဆင်ထားကြောင်း၊ မူးယစ် ဆေးဝါးနှင့်
အဆိပ်ပါဝင်မှု ရှိ/မရှိ စစ်ဆေးမှုအတွက် ရန်ကုန်မြို့ရှိ ဓာတုဗေဒဝန်ရုံးသို့
ပို့ဆောင်ရန် အလောင်းမြှုပ်ထားသည့် မြေနံဘေးမှ မြေသားအနည်းငယ်၊ အလောင်းပေါ်မှ
မြေသားနှင့် အောက်ဘက်ကပ်လျှက်ရှိသော မြေသား၊ ဘေးတစ်ဖက်တစ်ချက်စီရှိ မြေသားများကို
ကောက်ယူ သိမ်းဆည်းခဲ့ကြောင်း၊ အလောင်းနှင့်အတူ သွားတိုက်တံတစ်ချောင်း၊