ကော်မရှင်အဖွဲ့ဝင်များ အမျိုးသားစုံစမ်းရေးလုပ်ငန်းဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲ တက်ရောက်ခြင်း
ရာအူလ်းဝါလင်းဘတ် လူ့အခွင့်အရေးနှင့်
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တက္ကသိုလ်နှင့် အာရှပစိဖိတ်
အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်တို့၏ ဖိတ်ကြားချက်အရ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဆွေ၊
ဒေါက်တာမြင့်ကြည်နှင့် ဒေါက်တာဉာဏ်ဇော်တို့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ ကျင်းပသည့် အမျိုးသားစုံစမ်းရေး လုပ်ငန်းဆိုင်ရာ
အဆင့်မြင့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။
အဆင့်မြင့် ဆွေးနွေးပွဲတွင် အမျိုးသားစုံစမ်းရေးလုပ်ငန်း
ဆောင်ရွက်ခဲ့သည့် ကော်မရှင်များမှ ကိုယ်စားလှယ်များနှင့်
အမျိုးသားစုံစမ်းရေးလုပ်ငန်း လက်ရှိဆောင်ရွက်ဆဲ ကော်မရှင်မှ ကိုယ်စားလှယ်က
အမျိုးသားစုံစမ်းရေး ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ အပါအဝင်
၎င်းတို့၏ အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။
