ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း

  • News

          ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်း ကျေးရွာနှင့် ထုံးဝကျေးရွာကြား စာသင်ကျောင်းဆောက်လုပ်ရန် မြေနေရာ နှင့်ပတ်သက်၍ ဂန်ချောင်းနှင့် ထုံးဝ ကျေးရွာနှစ်ရွာအကြား ရွာလူကြီးများ အငြင်းပွားနေခြင်းကြောင့် စာသင် ကျောင်း ဆောက်လုပ်မှု ၃ နှစ်ခန့် နှောင့်နှေး နေခဲ့ရသည့်အပေါ် ညှိနှိုင်းမှုများပြုလုပ်နိုင်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ဦးဆောင်သော ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၁-၁-၂၀၁၉ ရက်နေ့ တွင် အငြင်းပွားနေသည့် ကျေးရွာများနှင့် ကျောင်းမြေနေရာများအား ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ တိုင်းပညာရေးဦးစီးမှူး ဦးကျော်ဝင်း၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း တို့နှင့်အတူ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျေးရွာနှစ်ရွာရှိ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံ၍ ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ခဲ့ပါသည်။ ကွင်းဆင်း စုံစမ်းစစ်ဆေး မှုနှင့် တွေ့ဆုံညှိနှိုင်းချက်များအရ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာ ဌာနများသို့ ပေးပို့သွားမည်ဖြစ်ပါသည်။

Recent News