တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် Video Conferencing ဖြင့် သင်ခန်းစာပို့ချခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့သည်
တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်း၊
အမှတ်စဉ် (၉၇) နှင့် ခြေလျင်တပ်ခွဲမှူး သင်တန်း၊ အမှတ်စဉ် (၂၀၈) တို့၌ ၁၈-၁-၂၀၂၂ ရက်နေ့
၀၇:၄၀ နာရီအချိန်မှ ၁၀:၅၀ နာရီအချိန်အထိ Video Conferencing ဖြင့် သင်ခန်းစာ ပို့ချခဲ့သည်။ အဆိုပါသင်တန်းတွင် လူ့အခွင့်အရေးအခြေခံ အယူအဆများနှင့်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်းကို
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်ကလည်းကောင်း၊ ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကို
ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးက လည်းကောင်း သင်ခန်းစာများ
ပို့ချခဲ့ကြပါသည်။ သင်တန်းတွင် ခြေလျင်တပ်ရင်းမှူးသင်တန်း၊ အမှတ်စဉ် (၉၇) မှ သင်တန်းသားဦးရေ ၂၉ ဦးနှင့် ခြေလျင်တပ်ခွဲမှူး သင်တန်း၊ အမှတ်စဉ်
(၂၀၈) မှ သင်တန်းသားဦးရေ (၁၂၃) ဦး၊ စုစုပေါင်း (၁၅၂) ဦး
တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
