တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် Video Conferencing System ဖြင့် သင်ခန်းစာပို့ချ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ တင်မောင်မောင်သန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းတို့သည် တပ်မတော်
(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး)
၌ ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ရင်းမှူးသင်တန်း၊ အမှတ်စဉ် (၉၉)
နှင့် ခြေလျင်တပ်ခွဲမှူးသင်တန်း
အမှတ်စဉ်
(၂၁၀)
တို့၌ ၅-၄-၂၀၂၂
ရက်နေ့၊ နံနက် ၀၇:၄၀ နာရီအချိန်မှ
၀၉:၄၀ နာရီအချိန်ထိ
Video
Conferencing System ဖြင့် သင်ခန်း စာပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင်
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက လူ့အခွင့်အရေး အခြေခံအယူအဆများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း သင်ခန်းစာများ အသီးသီး ပို့ချခဲ့ကြပါသည်။ သင်တန်းတွင်
ခြေလျင်တပ်ရင်းမှူးသင်တန်း၊ အမှတ်စဉ်
(၉၉) မှ
သင်တန်းသားဦးရေ (၂၉) ဦးနှင့် ခြေလျင်တပ်ခွဲမှူးသင်တန်း၊ အမှတ်စဉ် (၂၁၀) မှ သင်တန်းသားဦးရေ (၁၂၂) ဦး၊ စုစုပေါင်း (၁၅၁) ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
