တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် Video Conferencing ဖြင့် သင်ခန်းစာပို့ချခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ ခိုင်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် တပ်မတော်
(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်း၊ အမှတ်စဉ် (၆၉၊ ၇၀)
တို့၌ ၁၈-၁-၂၀၂၂ ရက်နေ့ ၀၇:၄၀ နာရီအချိန်မှ ၁၀:၅၀ နာရီအချိန်အထိ Video
Conferencing ဖြင့် သင်ခန်း စာပို့ချခဲ့သည်။ အဆိုပါသင်တန်းတွင်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း နှင့်
လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကို ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါက်တာခိုင်ခိုင်ဝင်းက လည်းကောင်း၊ လူ့အခွင့်အရေးအခြေခံ အယူအဆများနှင့်
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အကြောင်းကို ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးကလည်းကောင်း
သင်ခန်းစာများ ပို့ချခဲ့ကြပါသည်။ သင်တန်းတွင် ခြေလျင်တပ်ခွဲမှူးသင်တန်း၊ အမှတ်စဉ်
(၆၉၊၇၀) မှ သင်တန်းသားဦးရေ စုစုပေါင်း (၂၄၁) ဦး
တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူး
ဦးဇော်လွင်ထူးတို့က ပြန်လည် ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
