တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် Video Conferencing ဖြင့် သင်ခန်းစာပို့ချ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးသည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင် တပ်ခွဲမှူးသင်တန်း၊ အမှတ်စဉ် (၇၁၊ ၇၂) ၌ ၂၂-၂-၂၀၂၂ ရက်နေ့၊ နံနက် ၀၇:၄၀ နာရီမှ ၁၀:၅၀ နာရီ အချိန်အထိ Video Conferencing ဖြင့် သင်ခန်းစာပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် လူ့အခွင့် အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းမြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့် သင်ခန်းစာများ ပို့ချခဲ့ပါသည်။ သင်တန်းတွင် ခြေလျင်တပ်ခွဲမှူး သင်တန်း၊ အမှတ်စဉ် (၇၁၊ ၇၂) မှ သင်တန်းသားဦးရေ စုစုပေါင်း (၂၄၅) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလို သည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ပြန်လည် ဖြေကြားခဲ့ပါသည်။

Recent News