ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချခြင်း

  • News

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်နှင့် ဒေါက်တာသန်းမြင့်တို့သည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသော ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၈) ၌ ၁-၂-၂၀၂၂ ရက်နေ့၊ ၀၈း၀၀ နာရီ အချိန်မှ ၁၅း၅၅ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများသွားရောက် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်က ကုလသမဂ္ဂလူ့အခွင့်အရေး ယန္တရား၊ ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေးအခြေအနေများကို ပုံမှန်သုံးသပ်သည့် အစီရင်ခံစာ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူ အဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ့တာဝန်စသည့် ဘာသာရပ်များကိုလည်းကောင်း သင်ခန်းစာများ အသီးသီးပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၄၅) ဦး  တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသား များမှသိရှိလိုသည့် မေးခွန်းများကိုမေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်နှင့် ဒေါက်တာသန်းမြင့်တို့က ပြန်လည် ဖြေကြားခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News