ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် Video Conferencing ဖြင့် သင်ခန်းစာပို့ချ

  • News

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ  ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူးဦးအာကာဟိန်းစိုးတို့သည် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ် လျက်ရှိသော အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၁၆) ၌ ၁၅-၂-၂၀၂၂ ရက်နေ့ နံနက် ၀၈:၀၀ နာရီမှ မွန်းလွဲ ၁၅:၅၅ နာရီအချိန်အထိ Video Conferencing ဖြင့် သင်ခန်းစာ ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံအယူအဆများ၊  နိုင်ငံတော်နှင့်ပြည်သူ့တာဝန်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းစသည့် ဘာသာရပ်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ယန္တရားနှင့် ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ်ကို လည်း ကောင်း သင်ခန်းစာများ အသီးသီးပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၃၈) ဦး  တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့်မေးခွန်းများကိုမေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့က ပြန်လည် ဖြေကြားခဲ့ကြပါသည်။

                                                                                မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News