မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ နှင့် ရွာငံမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ များကျင်းပ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာအသိပညာများ
ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစား လိုက်နာကျင့်သုံးလာနိုင်စေရန်
ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲများ
ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့သည်
၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ
ပင်းတယမြို့ နှင့် ရွာငံမြို့များသို့
သွားရောက်၍ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲများ
ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာကော်မရှင်
ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးနှင့်
ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နေ့လယ်
(၁၄:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပင်းတယမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် လူ့အခွင့်အရေးဆိုင်ရာ
သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့
မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့မိ/ မြို့ဖ များ၊ လူမှုရေးအသင်း အဖွဲ့များနှင့်
စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၉၇) ဦး စိတ်ပါဝင်စားစွာ တက် ရောက်ခဲ့ပါသည်။
အလားတူ
လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၂
ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာရှိ
ရွှေပုထိုး(မြောက်) ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရပ်မိ/ ရပ်ဖများ၊
အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း (၂၂၀) ဦး
တက်ရောက်ခဲ့ပါသည်။
ကော်မရှင်ဒုတိယဥက္ကဋ္ဌ
ဦးစစ်မြိုင်ခေါင်းဆောင်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊
ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် လက်ထောက် ညွှန်ကြားရေးမှူး
ဒေါ်တင်လပြည့်ဝင်း တို့ ပါဝင်သောအဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ရွာငံမြို့သို့ ဆက်လက် သွားရောက်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉:၀၀
နာရီအချိန်တွင် ရွာငံမြို့ ဗထူးခန်းမ၌ လူ့အခွင့်အရေး အကြောင်းသိကောင်းစရာများ
ရှင်းလင်းဆွေးနွေး ပွဲကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော
မြို့မိ/ မြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင် များအပါအဝင် စုစုပေါင်း (၂၀၇) ဦး
တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ပြီး
ရွာငံမြို့နယ်ရှိမြိုင်ကျေးရွာသို့ သွားရောက်ပြီးနေ့လယ် (၁၃:၀၀) နာရီ အချိန် တွင်
ဝံခဲတောရဘုန်းတော်ကြီးကျောင်း၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း
ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်မိ/ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်
ရွာသူ/ ရွာသားများ အပါအဝင် စုစုပေါင်း (၁၇၀) ဦး တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ
အခမ်းအနားများတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေး ဆိုင်ရာ
အခြေခံအယူအဆများအကြောင်းကိုလည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေး က
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး
ဦးဇော်လွင်ထူးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်
ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း အသီးသီး
ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲများအတွင်း
တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ ကြသည့်အနက်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအပိုင်းတွင်
ဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ Facebook တွင် Comment ရေးသားမှုနှင့်ဆက်နွှယ်၍ ထောင် ၇ နှစ် ချမှတ်ခံရသည့်ကိစ္စ၊
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းသည် ဥပဒေကဲ့သို့စည်းနှောင်မှုမရှိသဖြင့်
လူ့အခွင့်အရေး ချိုးဖောက်မှုများကို မည်သို့မည်ပုံဆောင်ရွက်ပေးနိုင်မည်၊ အသက် ၁၈
နှစ်အောက် ကလေးလုပ်သားအချို့ ပညာသင်ကြားခွင့် ဆုံးရှုံးနေသည့်ကိစ္စနှင့်
မသန်စွမ်းသူများအတွက် အခွင့်အရေးမဆုံးရှုံးရအောင် မည်သို့ဆောင်ရွက်ပေးနိုင်မည်
အစရှိသည့် မေးမြန်းမှုများအပေါ် ကော်မရှင်ဒုတိယဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေး
ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကို လေးစားရန် နှင့်
မှန်ကန်စွာသိရှိနားလည်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာဆွေးနွေး
ဟောပြောပွဲများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအပါအဝင် နယ်မြေဒေသအသီးသီး၌
ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။


