မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် မြောက်ပိုင်း ခရိုင် ထန်းတပင်မြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/
ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိ ပြန့်ပွားစေရန်
ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် အသိပညာ ပြန့်ပွားရေး
ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဒုတိယညွှန်ကြားရေးမှူး၊
ဦးဇော်လွင်ထူး ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့ (၁၂:၃၀)
နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊
ထန်းတပင်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်
ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင်
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး
အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့်
စိတ်ပါဝင်စားသူ များ စုစုပေါင်း (၁၂၄) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေး ဟောပြောပွဲတွင်
ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက အဖွင့်အမှာစကား ပြောကြားခဲ့ ပြီးနောက်
လူ့အခွင့်အရေး အခြေခံအယူအဆများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ကော်မရှင်၏
လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦး ဖြစ်သူ ဦးသော်ထွန်းနောင်က ကလေးသူငယ် အခွင့်အရေးများကိုလည်းကောင်း၊ Educator
ဒေါ်အေးအေးသန့်က အမျိုးသမီးအခွင့်အရေးများကိုလည်းကောင်း၊
ကော်မရှင်ရုံးမှ Educator ဒေါ်ဖြိုးသီရိဗိုလ်က မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်းကို လည်းကောင်း
အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။



