မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူ့အခွင့်အရေးပညာပေးသူများကွန်ရက်တို့ မှ ပူးပေါင်းကျင်းပသည့် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် လူ့အခွင့်အရေး အသိပညာပေးသူများ
ကွန်ရက်တို့မှ အဖွဲ့ဝင်များသည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေး ဆိုင်ရာ အသိပညာများ
ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစား လိုက်နာကျင့်သုံးလာနိုင်စေရန်
ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲ များ
ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ မှ ၂၀ ရက်နေ့အထိ
ပဲခူးတိုင်းဒေသကြီး၊ မိုးညို မြို့နယ် အတွင်းရှိ ထွဋ်မြတ်စံရာ စံပြကျေးရွာ၊
ကြို့ကုန်းစံပြ ကျေးရွာ၊ ရေသပြာ ကျေးရွာ နှင့် ထိန်တော တိုက်နယ်များသို့ သွားရောက်၍ လူ့အခွင့်အရေး အသိပညာပေး
ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ ပါသည်။
ရှေးဦးစွာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်
(၁၀:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ထွဋ်မြတ်စံရာ
စံပြကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် လူ့အခွင့် အရေးဆိုင်ရာ သိကောင်းစရာများ
ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ထွဋ်မြတ်စံရာ စံပြ ကျေးရွာမှ
ရွာသူရွာသားများ နှင့် နီးစပ်ရာ ကျေးရွာများမှ ရွာသူရွာသားများ စုစုပေါင်း (၅၉) ဦး
စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။
အလားတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် (၁၀:၀၀)
နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညို မြို့နယ်၊ ကြို့ကုန်းစံပြကျေးရွာ၊
ရွှေပြည်အေးလှိုင်မြရှင် ကျောင်းတိုက် တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ
ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကြို့ကုန်းစံပြကျေးရွာမှ
ရွာသူရွာသားများ နှင့် နီးစပ်ရာကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၅၉) ဦး
စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။ ယင်းနောက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့
နံနက် (၁၀:၀၀) နာရီအချိန်တွင် ပဲခူး တိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊
ရေသပြာကျေးရွာ ရွာလယ်ဓမ္မာရုံတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ
ပြုလုပ်ခဲ့ရာ ရေတပြာ ကျေးရွာမှ ရွာသူရွာသားများ နှင့် နီးစပ်ရာ ကျေးရွာများမှ
ရွာသူရွာသားများ စုစုပေါင်း (၁၀၉) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် (၁၀:၀၀)
နာရီအချိန်တွင် ပဲခူးတိုင်းဒေသ ကြီး၊ မိုးညိုမြို့နယ်၊ ထိန်တောတိုက်နယ်
ဝေဠုဝန်ကျောင်းတိုက်တွင် လူ့အခွင့် အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ
ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ထိန်တောတိုက်နယ်မှ ရွာသူရွာသားများနှင့်
နီးစပ်ရာကျေးရွာများမှ ရွာသူရွာသားများ စုစုပေါင်း (၄၇) ဦး စိတ်ပါဝင်စားစွာ
တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေး ကော်မရှင်မှ ဦးအာကာဟိန်းစိုးမှ လူ့အခွင့်အရေး အခြေခံအယူအဆနှင့်
အခြေခံအချက်များကို လည်းကောင်း၊ လူ့အခွင့်အရေး အသိပညာပေးသူများ ကွန်ရက် အဖွဲ့ဝင်
ကိုစောမောင်မောင်ခိုင်မှ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းသမိုင်းကြောင်းကိုလည်းကောင်း၊
လူ့အခွင့်အရေး အသိပညာ ပေးသူများကွန်ရက် အဖွဲ့ဝင် ကိုပိုင်ဆက် မှလည်း ကမ္ဘာ့လူ့အခွင့်
အရေးကြေညာစာတမ်းပါ အပိုဒ်ပေါင်း (၃၀) အနက်မှ ရွာသူရွာသားများမှ ရွေးချယ်ပေးသော
အပိုဒ်အချို့ကို ရှင်းလင်း ပြောကြားပြီး
မြန်မာနိုင်ငံမှ လက်မှတ် ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များ
အကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကို ဒေါ်ဖြိုးသီရိဗိုလ်
တို့မှ လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်
ရွာသူရွာသားများမှလည်း ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ် ပေးသောကြောင့်
အကျိုးကျေးဇူးများစွာ ရရှိပါကြောင်း၊ လူ့အခွင့် အရေးနှင့် ပတ်သက်၍ ယခင်က ထက်
ပိုမိုသိရှိလာကြောင်းနှင့် ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ် ပေးသောကြောင့်
ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့ကြ ပါသည်။
မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကို လေးစား ရန်နှင့် မှန်ကန်စွာသိရှိနားလည်စေရန်
ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေး ဟောပြောပွဲများကို
ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအာကာ ဟိန်းစိုးမှ ပြောကြားခဲ့ပါသည်။
၂၀၁၈ ခုနှစ်၊
ဒီဇင်ဘာလ ၁၇၊ ၁၈၊ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီး၊
မိုးညိုမြို့နယ်၊ ထွဋ်မြတ်စံရာ စံပြကျေးရွာ၊ ကြို့ကုန်းစံပြကျေးရွာ၊ ရေသပြာကျေးရွာ
နှင့် ထိန်တောတိုက်နယ်များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ အသိပညာပေး
ရှင်းလင်း ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခဲ့ကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။


