မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း
၁။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊
ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုး အရှေ့ကွင်းရှိ မြေတစ်ရပ်ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲမြေနှင့်မသက်ဆိုင်သူ
ကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းကို နစ်နာသူက ကော်မရှင်သို့ တိုင်တန်းချက်
ပေးပို့လာမှုအပေါ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်
အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင် သော
ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပြင်ဦးလွင်မြို့သို့
ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။
၂။ ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည်
တိုင်တန်းချက် ပေးပို့သူအား စစ်ဆေးမေးမြန်းအတည် ပြုချက် ရယူခဲ့ပြီး ၁၃-၁၂-၂၀၂၁
ရက်နေ့မှ ၁၅-၁၂-၂၀၂၁ ရက်နေ့အထိ ပြင်ဦးလွင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊
ပြင်ဦးလွင်မြို့တွင် အခြေပြု၍ သက်ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
သက်ဆိုင်သူများကို စစ်ဆေးမေးမြန်းခြင်းနှင့် အချင်းဖြစ်မြေနေရာသို့ ခရိုင်၊
မြို့နယ်နှင့် ကျေးရွာအုပ်စု တို့မှ တာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
၃။ စစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံ၍
တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ကော်မရှင်မှ သက်ဆိုင်ရာသို့
ဆက်လက် ပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

