မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြစ်ကြီးနားမြို့ စစ်ဘေးရှောင်ဒုက္ခသည် စခန်းများသို့ သွားရောက်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
ဒုတိယဥက္ကဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေး၊ ဒေါ်မြမြ နှင့်
ကော်မရှင်ရုံးမှ အရာထမ်း (၂) ဦးပါ အဖွဲ့သည် ကချင်ပြည်နယ်ရှိ
အစိုးရဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ဖွင့်လှစ်ပို့ချရန်အတွက်
ကချင်ပြည်နယ်မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင်ရောက်ရှိခဲ့ပါသည်။
ကော်မရှင်အဖွဲ့သည် မြစ်ကြီးနားမြို့သို့
ရောက်ရှိစဉ်အတွင်း ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ
စစ်ဘေးရှောင်ဒုက္ခသည်များအား ပြန်လည်နေရာချထားပေးသည့် ငွေပျော်စံပြ ကျေးရွာနှင့်
မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများဖြစ်သည့် စီတာပူဆွတ် ငိုင်တောင်နှင့်
ဂျာမိုင်ကောင်းအာရ်စီ၊ ဝိုင်းမော်မြို့ရှိ သာဂရ သရက်တော ကယ်ဆယ်ရေးစခန်း၊ စိန်ဂျိုးဇက်
မိုင်းနားယာယီ တည်းခိုစခန်းများသို့သွားရောက်ခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းများမှ
ပြည်သူများနှင့် ကလေးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံလိုအပ်ချက်အား တွေ့ဆုံမေးမြန်း
ဆွေးနွေးခြင်း၊ အားပေးစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။


