မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့ များတွင် တည်ရှိသော အကျဉ်းထောင်နှင့် ရဲအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်းနှင့် ပတ်သက် ၍ သတင်းထုတ်ပြန်ချက်အမှတ် (၅/၂၀၁၅)
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဉာဏ်ဇော်နှင့် ဒေါ်မြမြတို့သည်
ကော်မရှင်ရုံးဝန်ထမ်းများ လိုက်ပါလျက် ရခိုင်ပြည်နယ်၊ စစ်တွေ မြို့နှင့်
ဘူးသီးတောင်မြို့များရှိ အကျဉ်းထောင်များနှင့် အချုပ်ခန်းများအား ၂-၄-၂၀၁၅
ရက်နေ့မှ ၆-၄-၂၀၁၅ ရက်နေ့အထိ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့များသည်
စာရင်းဇယားများအား ဖတ်ရှုလေ့လာခြင်း၊ အိပ်ဆောင် များအတွင်း
ကြည့်ရှုစစ်ဆေးခြင်းနှင့် အကျဉ်းသား၊ အချုပ်သားအချို့တို့အား တစ်ဦးချင်း သီးခြား တွေ့ဆုံမေးမြန်းခြင်းများ
ပြုလုပ်ခဲ့ပါသည်။
၃။ စစ်ဆေးတွေ့ရှိချက်များမှာ-
(က) ဘူးသီးတောင်နှင့်
စစ်တွေအကျဉ်းထောင်တွင် ပြည်နှင်ဒဏ် ရရှိပြီး၊ ၂ နှစ် ကျော်လွန် ချုပ်နှောင်ထားသည့်
အချုပ်သားများအား တွေ့ရှိခဲ့ရပါသည်။
(
ခ) ဘူးသီးတောင်အကျဉ်းထောင်
ပြင်ပတွင်ရှိသော ရေသန့်စက်ရုံသည် အတွင်း/ အပြင် သန့်ရှင်းရေး ညံ့ဖျင်းကြောင်း
တွေ့ရှိရပါသည်။
(
ဂ) ဘူးသီးတောင်နှင့်
စစ်တွေအကျဉ်းထောင်များတွင် လုံခြုံရေးနှင့် ကျန်းမာရေး ဝန်ထမ်း အင်အားနည်းပါးကြောင်း
တွေ့ရှိရပါသည်။
(ဃ) ဘူးသီးတောင်နှင့်
စစ်တွေအကျဉ်းထောင်တို့တွင် ဝင်ဆံ့မှုထက် ပိုလွန်သော အင်အားများကို လက်ခံထိန်းသိမ်းနေရကြောင်း
တွေ့ရှိရပါသည်။
( င) ဘူးသီးတောင်ရဲစခန်းရှိ အချုပ်ခန်းအတွင်းသို့ ဝင်ရောက်ရာတံခါးပေါက်သည် များစွာ ကျဉ်းမြောင်းကြပ်တည်းကြောင်း တွေ့ရှိရပါသည်။
(
စ) ဘူးသီးတောင်ရဲစခန်းရှိ
အချုပ်ခန်းများသည် လေဝင်/လေထွက်နှင့် အလင်းရောင် ကောင်းမွန်စွာ မရရှိခြင်း၊
အနံ့အသက် မကောင်းခြင်း၊ ကြမ်းခင်းများ ပေါက်ပြဲ ပျက်စီး နေခြင်းများကို
တွေ့ရှိရပါသည်။
(ဆ) စစ်တွေရဲစခန်း၏
အချုပ်ခန်းများသည် ကြမ်းပြင်များ ပေါက်ပြဲဆွေးမြေ့ပျက်စီးနေခြင်း၊ အမှိုက်သရိုက်နှင့်
ကွမ်းတံတွေးများ ရှိနေခြင်း၊ အိမ်သာများ ညစ်ပတ်ပြီး တံခါး မရှိခြင်းတို့ကို
တွေ့ရှိရပါသည်။
(
ဇ) စစ်တွေရဲစခန်းအချုပ်တွင်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူပြီး၊
ရဲတပ်ဖွဲ့တွင် ပြန်လည်တာဝန်ပေးအပ်မည့် ရဲတပ်ဖွဲ့ဝင် အချုပ် သားများကို
အခြားအချုပ်သားများနှင့်အတူ ချုပ်နှောင်ထားခြင်းကို တွေ့ရှိ ရပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏
အကြံပြုတိုက်တွန်းချက်များ
၄။ ဘူးသီးတောင်အကျဉ်းထောင်နှင့် ပတ်သက်၍
အောက်ပါအတိုင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်-
(က) ပြစ်ဒဏ်မှ လွတ်မြောက်၍
ပြည်နှင်ဒဏ် ချမှတ်ပြီးဖြစ်သော်လည်း ပြန်လည် ချုပ်နှောင် ထားသည့်ကာလ ၂
နှစ်ကျော်လွန်နေသည့် နိုင်ငံခြားသားအကျဉ်းသား ၄၅ ဦးအား သက်ဆိုင်ရာနိုင်ငံသို့
အမြန်ဆုံးလွှဲပြောင်းနိုင်ရေးအတွက် လူဝင်မှုကြီး ကြပ်ရေး ဦးစီးဌာနနှင့်
ညှိနှိုင်း၍ အသေးစိတ်စစ်ဆေးစိစစ်မှုများ ပြုလုပ်သင့် ပါသည်။
(
ခ) ဘူးသီးတောင်အကျဉ်းထောင်
ရေသန့်စက်ရုံ၏ သန့်ရှင်းရေးနှင့် ပတ်သက်၍ ရေသန့်စက်ရုံအတွင်း မဝင်မီ
လက်ဆေးနိုင်ရေးအတွက် လက်ဆေးကန် ထားရှိရန်၊ စက်ရုံအခန်းတွင် သီးသန့်ဖိနပ်
ထားရှိရန်၊ ရေစစ်ကန်တံခါးကို လိုအပ်သည့်အခါမှ သာ ဖွင့်ရန်နှင့် စက်ရုံဝင်ပေါက်တွင်
တံခါးမကြီး တပ်ဆင်ခြင်းများ ပြုလုပ်သင့်ပါ သည်။
(
ဂ) ဘူးသီးတောင်အကျဉ်းထောင်တွင်
လစ်လပ်လျက်ရှိသော ဆရာဝန်၊ သူနာပြုများ ကို ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက်
ဆောင်ရွက်ပေးသင့်ပါသည်။
(ဃ) ဘူးသီးတောင်အကျဉ်းထောင်တွင်
အတက်ရောဂါခံစားနေရသော အကျဉ်းသူနှင့်လည်ပင်းကြီးရောဂါ ခံစားနေရသော အကျဉ်းသားတို့ကို သင့်လျော်သော အကျဉ်းထောင်သို့ ပြောင်းရွှေ့ကုသရန်
စီစဉ်ပေးသင့်ပါသည်။
(
င) TB ရောဂါသည် အကျဉ်းသားလူနာများကို
အခြားလူနာများနှင့် ခွဲခြားထားရှိပြီး TB ရောဂါသည်လူနာများတွင်
HIV ပိုး ရှိ/မရှိ ကာယကံရှင်၏ ဆန္ဒရယူပြီး စစ်ဆေးသင့်ပါသည်။
(
စ) အချုပ်ကာလ ကြာမြင့်သည့်
အချုပ်သားများအား အမြန်ဆုံးတရားစီရင်နိုင်ရေး အတွက် တရားစွဲအဖွဲ့အစည်းများ၊
တရားရုံးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသင့်ပါသည်။
(ဆ) မိသားစုလိုက် ပြစ်ဒဏ်ကျခံနေရသည့်
အကျဉ်းသား/သူများအနက် ပြစ်ဒဏ် နည်းသည့် အကျဉ်းသားအား အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက်
ဥပဒေအတွင်းမှ ကူညီစောင့်ရှောက်မှုများ ပြုလုပ်သင့်ပါသည်။
(
ဇ) အကျဉ်းသားအိပ်ဆောင်များအတွင်း
ကြွက်၊ ခြင်၊ ယင်၊ ကြမ်းပိုးများ ပပျောက် စေရန် စီမံချက်
ချမှတ်ဆောင်ရွက်သင့်ပါသည်။
၅။ စစ်တွေအကျဉ်းထောင်နှင့်ပတ်သက်၍ အောက်ပါအတိုင်း
ဆောင်ရွက်သင့်ကြောင်း အကြံ ပြု တိုက်တွန်းအပ်ပါသည်-
(က) ဖျားနာနေသောအကျဉ်းသား/သူများ
ကျန်းမာရေးကို ထိရောက်စွာကုသပေးသင့် ပါသည်။
(
ခ) အိပ်ဆောင်များအတွင်းရှိ
နေ့အိမ်သာများတွင် ရေရရှိရေးအတွက် ပိုက်ဖြင့် သွယ်တန်း၍ ဆောင်ရွက်ပေးသင့်ပါသည်။
(
ဂ) အိပ်ဆောင်များအတွင်းရှိ
အိမ်သာများကို အဖုံးများ ဖုံးအုပ်ထားသင့်ပါသည်။
(ဃ) ထမင်း၊ ဟင်း ချက်ပြုတ်သည့်
အကျဉ်းသားများအား ကူးစက်ရောဂါ ရှိ/ မရှိနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို
ပုံမှန်စစ်ဆေးသင့်ပါသည်။
(
င) အချုပ်ကာလ
ကြာမြင့်သည့် အချုပ်သားများအား အမြန်ဆုံး တရားစီရင်နိုင်ရေး အတွက်
တရားစွဲအဖွဲ့အစည်းများ၊ တရားရုံးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်
ပေးသင့်ပါသည်။
(
စ) သေဒဏ်အပါအဝင် ပြစ်ဒဏ်ကြီးမားသော
အကျဉ်းသားများအတွက် အတွင်းအယူခံကိစ္စများကို သတ်မှတ်ကာလအတွင်း ဆောလျင်စွာ ဆောင်ရွက်ပေးသင့်ပါသည်။
၆။ ဘူးသီးတောင်ရဲစခန်းရှိ အချုပ်ခန်းနှင့် ပတ်သက်၍
အောက်ပါအတိုင်း ဆောင်ရွက်သင့် ကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်-
(က) အချုပ်ခန်းအတွင်းသို့
ဝင်ရောက်ရာတံခါးနှင့် လေဝင်ပေါက်များကို ပြုပြင်ဖောက် လုပ်သင့်ပါသည်။
(
ခ) အချုပ်ခန်းအတွင်း ကြမ်းခင်းများ
ပြုပြင်ခြင်း၊ ဆေးသုတ်ခြင်း၊ ရေ၊ မီး၊ အိမ်သာများ ပြုပြင်ခြင်းများ
ဆောင်ရွက်သင့်ပါသည်။
၇။ စစ်တွေမြို့မရဲစခန်းရှိ အချုပ်ခန်းနှင့်ပတ်သက်၍
အောက်ပါအတိုင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်-
(က) အချုပ်ခန်းများကို
ပြုပြင်မွမ်းမံသင့်ပါသည်။ အိမ်သာတွင် တံခါး ထားရှိသင့်ပါ သည်။
(
ခ) မြန်မာနိုင်ငံရဲတပ်ဖွဲ့
စည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူပြီး၊ ရဲတပ်ဖွဲ့တွင် ပြန်လည်တာဝန်ပေးအပ်မည့်
ရဲတပ်ဖွဲ့ဝင်အချုပ်သားများကို သီးခြားချုပ်နှောင် သင့်ပါသည်။
