မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အလုပ်သမားကလေးများအား အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ လူစုလူဝေးဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်အား စုံစမ်းမေးမြန်းခဲ့သည့် သတင်း
၁။ ရန်ကုန်အရှေ့ပိုင်းခရိုင်၊
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၇) ရပ်ကွက်၊ မဂ္ဂင်လမ်း
နှင့်ကျန်စစ်သားလမ်းထောင့်၊ အမှတ် (၆၂၅) နေ အိမ်ရှင် ဦးသီဟထွန်း (ဘ) ဦးထွန်းဝင်း
တရုတ်-ဗမာ/ဗုဒ္ဓသည် “လိုတရရွှေစံလှ” ပေါက်စီမုန့်တိုက်တွင် လုပ်ကိုင်နေသည့်
ကလေးများကို အလုပ်ရှင် က ညှဉ်းပန်းနှိပ်စက်နေကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က
လူမှုကွန်ရက် စာမျက်နှာများမှ သတင်းရရှိခဲ့ပါသည်။
၂။ ရရှိခဲ့သည့် သတင်းများအရ
၂၁-၁၁-၂၀၂၀ ရက်နေ့ (စနေနေ့) တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်၏ တာဝန်ပေးချက်အရ ညွှန်ကြားရေးမှူး (ကာကွယ်/စောင့်ရှောက်) ဦးဆောင်သော ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က
အခင်းဖြစ်ပွားရာ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်သို့ ကွင်းဆင်းစုံစမ်းလေ့လာခဲ့ပြီး
ဌာနဆိုင်ရာတာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
၃။ တွေ့ဆုံမေးမြန်းချက်များနှင့်
မြေပြင်တွေ့ရှိချက်များအပေါ် သုံးသပ်အကြံပြုချက်များကို သက်ဆိုင်ရာသို့
ပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်
