မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းများကျင်းပ
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်၍
ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ဦးညွန့်တင်တို့ ပါဝင်သော ကော်မရှင် အဖွဲ့သည်
ခရိုင်အဆင့် အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်းကို
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့တွင်
ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အဆင့် အစိုးရအရာထမ်း ၅၁ ဦး တက်ရောက်ခဲ့ကြသည်။ အလုပ်ရုံ
သင်တန်းကို ၂၀၁၈ ခုနှစ်၊ မေလ ၂၈ ရက် နေ့ နံနက် ၉ : ၀၀ နာရီတွင် ကော့သောင်းမြို့
Garden
ဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ဒုတိယဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အလုပ်ရုံသင်တန်းတွင်
ကော်မရှင်အဖွဲ့ဝင်များက လူ့အခွင့် အရေးဆိုင်ရာ ဘာသာရပ်များကို
ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ အလုပ်ရုံ သင်တန်းကို မေလ ၂၉ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။
အလားတူ ကော်မရှင်အနေဖြင့်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီနှင့် အရပ်ဘက်အဖွဲ့အစည်းများ
ပူးပေါင်း ပါဝင်၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို မေလ ၃၀
ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်နှင့် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ
ကော်မတီဝင် ၂၆ ဦး တက်ရောက်ခဲ့ကြသည်။ ထို့အပြင် မေလ ၃၁ ရက်နေ့တွင် အရပ်ဘက်
လူမှုအဖွဲ့အစည်းဝင်များအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို
ကျင်းပခဲ့ရာ ကော့သောင်းမြို့ရှိ NGO / CSO အဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ
စုစုပေါင်း ၄၈ ဦး တက်ရောက်ခဲ့ ကြသည်။
အလုပ်ရုံသင်တန်းနှင့် ဆွေးနွေးပွဲများတွင် လူ့အခွင့်အရေး
အခြေခံအယူအဆများ၊ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် နိုင်ငံတော်က
ပါဝင်ချုပ်ဆိုထားပြီးဖြစ်သော လူ့အခွင့်အရေး ဆိုင်ရာ အဓိကသဘောတူစာချုပ်များ၊
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းနှင့်
တိုင်တန်းမှုယန္တရားစသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။
သင်တန်းများအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော NCRWG မှလည်း ကလေး သူငယ်အခွင့်အရေးဆိုင်ရာများ၊ လူ့အခွင့်အရေးနှင့် ပြည်သူ့တာဝန်များအကြောင်းတို့ကို
ပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အလုပ်ရုံသင်တန်း ပါဝင်တက်ရောက်သူများက လူ့အခွင့်အရေး
အသိပညာ တိုးပွားစေပြီး ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့လုပ်ငန်းများကို
အထောက်အကူဖြစ်စေသဖြင့် အလွန်အဖိုးထိုက်တန် သောသင်တန်းဖြစ်ကြောင်း တင်ပြချက်များအရ
ကော်မရှင်အနေဖြင့် ယခုကဲ့သို့ သော လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံသင်တန်းနှင့်
ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆက်လက်ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း
သိရှိရပါသည်။



