မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက် ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အသိပညာပြန်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း
မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ ကျေးရွာနေ
ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍
ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာ ပြန့်ပွားရေး
ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ
ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ (၁၃:၀၀)
နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊
ကြည့်မြင်တိုင်မြို့နယ်၊ အောင်သုခဓမ္မာရုံတွင် ဆွေးနွေးဟောပြောပွဲ
ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင်
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး
အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့်
စိတ်ပါဝင်စား သူများ စုစုပေါင်း (၈၉) ဦး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲတွင်
ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ ပြီး
ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းမှ လူ့အခွင့်အရေး အခြေခံအယူအဆများကို လည်းကောင်း၊
ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဒေါ်မြတ်မျိုးသန်းက ကလေးသူငယ်အခွင့်အရေးများကို လည်းကောင်း၊ Educator
ဒေါ်စန္ဒာထူးက အမျိုးသမီးအခွင့်အရေးများကိုလည်းကောင်း၊
ကော်မရှင်ရုံးမှ Educator ဒေါ်ခိုင်မို့မို့က မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေးကော်မရှင် အကြောင်းကို လည်းကောင်း
အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူ များအား
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင် လက်ကမ်းစာ စောင်များ ဝေငှပေးခဲ့ပါသည်။



