မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအသိပညာ ပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/
ကျေးရွာနေ ပြည်သူများအတွင်း၌ပါ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိ
ပြန့်ပွားစေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာ
ပြန့်ပွား ရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင်
ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ၊
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊
ရွှေပေါက္ကံမြို့တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပြန့်ပွားရေး
ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ကော်မရှင်
ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့သည် သြဂုတ်လ ၁ ရက်နေ့ (၁၃:၀၀)
နာရီအချိန်တွင် ရွှေပေါက္ကံမြို့ (၁၄) ရပ်ကွက်၊ သာသနာ့ဗိမာန် တွင်
ရပ်ရွာလူထုအတွင်း ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့်
အမျိုးသမီး အခွင့်အရေး ဆိုင်ရာ ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်း
အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၂၁) ဦး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲတွင်
ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးအခြေခံ အယူအဆများကိုလည်းကောင်း၊
ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများသင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးအောင်ကောင်းမြတ်က ကလေးသူငယ်အခွင့်အရေး များကို လည်းကောင်း၊ Educator
ဒေါ်တင်ဇာလင်းထက်က အမျိုးသမီး အခွင့်အရေးများကို လည်းကောင်း၊
ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး က မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြော ခဲ့ကြပါသည်။


