မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဟင်္သာတ အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးခြင်း
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
အဖွဲ့ဝင်ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၄-၂-၂၀၂၂
ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတအကျဉ်းထောင်အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ အကျဉ်းထောင်အား
ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို
အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသား တစ်ဦး၏အနိမ့်ဆုံးရရှိမည့်
အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ မရှိ၊ အကျဉ်းထောင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ
လာရောက်ပို့ဆောင် ပေးသော ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင်
ပစ္စည်းများ ရရှိခြင်းရှိ မရှိနှင့် အကျဉ်းထောင်နှင့် အချုပ်ခန်းများအတွင်း
ညှဉ်းပန်းနှိပ်စက်မှုရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း
တွေ့ဆုံလိုသည့် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများနှင့်တွေ့ဆုံကာ ယင်းတို့၏
တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ပါသည်။
၃။ ဟင်္သာတ အကျဉ်းထောင်ကို
ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ် သား/ အချုပ်သူများ၏
အိပ်ဆောင်များသန့်ရှင်းမှု၊ အတွင်း/အပြင် မိလ္လာများ
သန့်ရှင်းမှုရှိ မရှိ၊ တိုက်ခန်းများ၊ ဆေးရုံခန်း၊ စားဖိုကြီး၊ ရိက္ခာစတို၊
သောက်ရေ၊ သုံးရေကန်များနှင့် စာကြည့် တိုက်တို့ကို
လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များအပေါ် လိုက်နာ ဆောင်ရွက်ထားရှိမှုနှင့်
Quarantine
ထားရှိသည့် အဆောင်အခြေအနေတို့ကို လည်းကောင်း
ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၅။ ကော်မရှင်
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ဟင်္သာတအကျဉ်းထောင်ခရီးစဉ်အတွင်း စစ်ဆေး တွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို
အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင် ရာသို့ ပေးပို့သွားမည်
ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

