မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
နှင့် Democracy
Reporting International (DRI) တို့ပူးပေါင်း၍ “MNHRC နှင့် CSOs တို့ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်
ပတ်သက်သည့် ပိုမိုကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုဆီသို့” ခေါင်းစဉ်ဖြင့်
အလုပ်ရုံဆွေးနွေးပွဲ ကို ရန်ကုန်မြို့ ရှိ Green Hill Hotel ၌
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပရာ MNHRC မှ
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဌာနတာဝန်ခံများ၊ အရပ်ဘက်အဖွဲ့အစည်း
ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နီပေါနိုင်ငံ
အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် Ms. Mohna Ansari က
၎င်းတို့ကော်မရှင်နှင့် CSOs တို့ ပူးပေါင်းဆောင်ရွက်ရေး
အတွေ့အကြုံများကို ရှင်းလင်းပြောကြားပါသည်။ MNHRC နှင့် CSOs
ကိုယ်စားလှယ်များကလည်း လူ့အခွင့်အရေးမြှင့်တင်ရေးတွင်
နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြပါသည်။
