ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်နှင့်ဒလမြို့နယ်များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ
ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့
နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်၊
တော်ဝင်စန္ဒကူးခန်းမတွင် ကျင်းပခဲ့ရာခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊
မြို့မိမြို့ဖများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့်
ပြည်သူလူထုများ အင်အား(၂၁၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည် ။ အလားတူ
လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ယင်းနေ့
နေ့လယ်ပိုင်းတွင် ဒလမြို့နယ်၊ သီရိဇေယျနော်ရထာခန်းမတွင် ဆက်လက်ကျင်းပခဲ့ရာ
အင်အား(၂၄၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားများတွင် ကော်မရှင်အဖွဲ့ဝင်
ဒေါက်တာဉာဏ်ဇော်က လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကိုလည်းကောင်း
ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုင်တန်းချက် လုပ်ထုံးလုပ်နည်းများ
အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများ၏
သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ပါသည်။


